သူမ စကားပြောပြီးလျှင် လက်ကို ခပ်ဖြေးဖြေး ဆန့်ထုတ်လိုက်သည်။ဟွာယုမှ တစ်ပါး အခြားသူများ အောက်
မေးရိုးတွေ ပြုတ်ကျကုန်သည်။သွေးကွန်ခြာဂိုဏ်း၏ အကြီးအကဲများကို ရစ်ပတ်ထားသော သစ်နွယ်များ တစ်လူး
လူးတစ်လွန့်လွန့် ဖြင့် အသက်၀င်လာကြ၏။သစ်နွယ်များသည် ထိပ်တွင် လှံဖျားကဲ့သို့ ချွန်ထွက်လာကာ အကြီးအကဲ
သုံးဦး၏ ခန္ဓာကိုယ်ထဲ ဖောက်၀င်သွားကြသည်။

သစ်နွယ်များသည် သစ်သားမှ ဖြစ်ပေါ်ဖွဲ့စည်းထားခြင်းဖြစ်သော်လည်း ရုန်းတို့ဖြစ်ပေါ်လျက်ရှိ၏။၎င်းတို့၏ ထက်ရှ
မှုက သွဲ့ကြောင်းအကြီးအကဲများကို ကြက်သီးတဖြန်းဖြန်းထစေပါ၏။

"သတ်စမ်း"

ချူယောင် ခပ်တိုးတိုးအော်လိုက်၏။ပြီးလျှင် သူမ လက်ကို ဆုပ်လိုက်၏။သစ်နွယ်သုံးခုသည် သွေးကွန်ခြာဂိုဏ်း အကြီး
အကဲ သုံးဦး၏ နဖူးမှဖောက်၀င်သွားသည်။အကြီးအကဲသုံးမှာ ချက်ချင်း သေလေ၏။လူတိုင်း ရင် ထိတ်ကုန်ကြသည်။
သွဲ့ကျောင်း အဆင့် အကြီးအကဲ သုံးဦးမှာ ထိုသို့ဖြင့် သေပွဲ၀င်ရရှာသည်။

ချုယောင်မျက်နှာလေး ဖြူဖွေးသွားသည်။လုံချန်သည် သူမ ပုခုံးကို ခပ်သွက်သွက်လေးဖက်၍ ထိန်းပေးထားရသည်။
သူ စိတ်ထဲ အလွန်ခံစားရသလို လိပ်ပြာမလုံသလိုလည်းခံစားမိသည်။သူ ကရုဏာ ဒေါသဖြင့် သူမကို ပြောသည်။

"ညီမ ဘာလို့ ကိုယ့်ကိုကိုယ် ဒီလောက်ညှဉ်းဆဲရတာလည်းကွာ"

အကယ်၍ သူမှန်းသည်ကမှန်လျှင် လူသတ်ခြင်းသည် ချူယောင့်အတွက် ဤတစ်ကြိမ်က ပထမဆုံးအကြိမ် ဖြစ်မည်။
သွဲ့ကျောင်းအဆင့် အကြီးအကဲသုံးဦးကို တစ်ပြိုင်တည်းသတ်ခြင်းသည် သူမအတွက် ရိုက်ခတ်မှုပြင်းထန်မည်သာ။

"အကိုက အကို့လက်ကို ညီမအတွက် သွေးစွန်းဖို့လိုလားရင် ညီမကလည်း အကိုနဲ့ အတူတူပဲပေါ့"

သူမမျက်နှာလေးမှာ ဖြူဖျော့လျှက် ရှိသည့်တိုင် သူမစကားသည် ပြတ်သား၏။လုံချန် မျက်နှာကို သူမကြင်နာစွာဖြင့်ပွတ်
သပ်လိုက်သည်။ပြတ်သားနေသည့် ချူယောင် မျက်နှာလှလှလေးကို ကြည့်၍ သူ အလွန်ခံစားနေရပါသည်။လူတစ်
ယောက်၏ ချစ်ခြင်းကို ခံရခြင်းကား စကားလုံးဖြင့်ပင် ဖော်ပြနိုင်ခြင်းမရှိအောင် ကံကောင်းခြင်း တစ်မျိုးဖြစ်လေသည်။

You've reached the end of published parts.

⏰ Last updated: Nov 16, 2023 ⏰

Add this story to your Library to get notified about new parts!

ဆေးသိန္ဓိရှင် ( လုံချန် ) Book 1(ခွင့်ပြုချက်ရပြီး)Where stories live. Discover now