သူတို့၏ အမြင်တွင် သည် အောက်လမ်းသိုင်းသမားများကား ရပ်တန့်၍ မရ နိုင်သော မိစ္ဆာများဖြစ်ကြသည်။
အရွယ်ရောက်ပြီး သူတို့မှာ သူတို့၏ ရင်၀ယ်ပိုက် ကလေးငယ်များကို ရက်စက်လှသောထိုမြင်ကွင်း အဖုံဖုံ
အား မမြင်ရစေရန် အလို့ငှာ လက်ဖြင့် ကာထားကြ၏။သူတို့ပင် ထိုမျှ ရက်စက်လှသော သူတို့ရှေ့မှ မြင်ကွင်းကို
မကြည့်ဝံ့ကြပဲ သေမည့်အချိန်ကိုသာ စောင့်လျှက်ရှိလေသည်။

အောက်လမ်းသိုင်းသမားများ၏ ကောက်ကျစ်စွာရယ်မောလိုက်သည့် အသံ များမှာ မြို့ငယ်လေးတွင် ဖုံးလွှမ်း
လျှက်ရှိသည်။သူတို့ကား ထိုကဲ့သို့ ရက်ရက်စက်စက် လူသတ်ရခြင်း၌ ပျော်မွေ့သူများဖြစ်ကြ၏။မြို့ငယ်လေး
၏ ထွက်ပေါက်အချို့ကို ပိတ်ဆို့ထားလိုက်ပြီးနောက် သူတို့သည် လက်နက်များ တစ်ပြင်ပြင် ဖြင့် ကြောက်ရွံ့
လျှက်ရှိသော လူများကို အရသာခံ၍ ကြည့်နေကြ၏။

ထိုစ်ိတ်ပျက်အားလျှော့မှု နှင့် ကြောက်စိတ်တို့သည် ၎င်းတို့အား များစွာ စိတ်လှုပ်ရှားစေပါ၏။

"မိစ္ဆာ ကောင်တွေ မင်းတို့ကိုငါသတ်မယ်"

အသက် 7 နှစ်မှ 8 နှစ်ခန့်သာ ရှိသေးသော ကလေး ငယ်လေး တစ်ယောက် သစ်သားဓားတစ်လက်
ကိုကိုင်၍ ပြေးထွက်လာခဲ့၏။ထိုသစ်သားဓားသည် ကလေးကစားစရာ တစ်ခုမျှသာ ဖြစ်ရာ
မည်သို့မျှ ထက်ရှ ခြင်းမရှိချေ။သို့သော် ထိုကလေးငယ်လေးသည် ဒေါသတကြီးဖြင့် အောက်လမ်းသိုင်း
သမားတစ်ဦးထံသို့ပြေး၀င်သွားလေသည်။

"သားလေး ဒီကိုပြန်လာခဲ့စမ်း"

ကလေးငယ်လေး ပြေးထွက်သွားသည်နှင့် မိန်းမတစ်ယောက်၏ စူးကနဲ အော်ဟစ်သံထွက်လာသည်။
သို့သော် နောက်ကျသွားချေပြီ။ကလေးငယ်လေးသည် အောက်လမ်းသိုင်းသမား၏ ရှေ့သို့ ရောက်
သွားပြီ ဖြစ်သည်။

ထိုအောက်လမ်းသိုင်းသမား သည် ကောက်ကျစ်စွာဖြင့် ရယ်မောလိုက်၏။လက်ထဲမှ ကိုင်ထားသော
ဓားရှည်ကြီးသည် ကလေးငယ်လေး၏ လည်ပင်းသို့ အညှာအတာမဲ့စွာ ပြေး၀င်လာပါ၏။
သူ အကြိုက်ဆုံးအရာသည် လေထဲသို့လွင့်စင် ထွက်လာသည့် လူ ခေါင်းပြတ်များကို ကြည့်ရခြင်း
ဖြစ်သည်။ထိုခေါင်းပြတ်များ၏ မျက်နှာ များကို မြင်ရလျှင် သူပျော်သည်။

ဆေးသိန္ဓိရှင် ( လုံချန် ) Book 1(ခွင့်ပြုချက်ရပြီး)Where stories live. Discover now