ရှဲန့်မု သူ့ကို လာဖက်ထားသလို ဖြစ်နေတာကို ရုန်းလိုက်သည်။ ဒါပေမယ့် သူ ရုန်းမှ သူ့ရဲ့ လက်မောင်းကိုပါ ပိုဖက်လာတဲ့ တစ်ယောက်ကြောင့် မျက်စောင်းထိုးလိုက်ပြီး ...

' နင့်ရဲ့ လက်ကို ဖယ်ပြီး ဝေးဝေးနေစမ်းပါ ...။'

' အဟင်း ...။'

ယွီ့ကျင်း မင်းသမီး က သည်းလေ ပိုပြီး စ ချင်လာလေ ဖြစ်တာကြောင့် ဖက်ထားတာကနေလည်း မဖယ်ပေးပဲ သွားဖြီးယုံ တမင် ရယ်ပြလိုက်ပြီး ...

' မဖယ်ပါဘူး။ မင်းသမီး က ဘာလို့ ငါနဲ့ အတူမနေချင်ဘူး ဆိုတာကို သိချင်လို့ ...။'

ရှောင်းကျန့် ကတော့ အဝတ်သေတ္တာကို တစ်ယောက်တည်း တွန်းလာရတာကြောင့် မောလည်း မော၊ အခု မိန်းကလေး နှစ်ယောက်ကလည်း ထပ်ပြီး ရင်မော စေတာကြောင့် ဘာစကားမှ ဝင်မစွက်ဖက်ခြင်းနဲ့ ဟိုတယ်မှာ ဧည့်သည်တွေ အတွက် ထား ထားပေးတဲ့ ခုံမှာ နားအေး ပါးအေး သွားထိုင်နေလိုက်သည်။

ဧည့်ကြို က ကောင်လေး ကလည်း ကောင်တာ ရှေ့မှာ လာပြီး ငြင်းခုံနေကြတဲ့ ဧည့်သည် နှစ်ယောက်ကြား ဝင်ပြီး ပြောချင်ပေမယ့် အခုချိန်မှာ ဖြတ်ဝင်နိုင်တဲ့ လမ်း မရှိအောင် ဧည့်သည် နှစ်ယောက်က သူ တစ်ခွန်း ငါ တစ်ခွန်း ပြောနေကြတာ ဖြစ်သည်။

ဧည့်ကြို ကောင်လေး ဧည့်သည် နှစ်ယောက်ကို ကြည့်ပြီး ဘယ်လိုလုပ်ရမလဲ ခေါင်းကုတ်ရင်း စဉ်းစားနေတုန်း ခေါင်းထဲမှာ သူ ကြည့်ထားမိတဲ့ ဟာသ တစ်ခုကို သတိရသွားသည်။

အဲ့ဒါကြောင့် သူ့လက်ကို မြှောက်လိုက်ပြီး ...

' ခဏလေး ပါ ...။ ခဏလေး ပါ ...။'

ယွီ့ကျင်းလည်း ကြားလိုက်ရတဲ့ အသံကြောင့် မင်းသမီး ပုခုံးပေါ် တင်ထားတဲ့ သူ့လက်ကို ရုတ်လိုက်ပြီး အသံ ထွက်လာတဲ့ ကောင်လေး ဆီကို ကြည့်လိုက်သည်။

ရှဲန့်မု လည်း ကောင်လေး ဘက်ကို လှည့်ကြည့်လိုက်သည်။

' အဟင်း ...။'

ကောင်လေး လည်း ဧည့်သည် စိတ်မကွက်ရလေအောင် အရင် ရယ်ပြလိုက်ပြီးမှ စကား ဆက်ပြောလိုက်သည်။

' ဒီလိုပါ ...။ ဒီက ဧည့်သည် တွေ လူချင်း မခွဲချင်ဘူးဆိုရင် ကျနော် တို့ ဟိုတယ်ရဲ့ ဇိမ်ခံ အခန်းကို အရင် ကြည့် ကြည့်မလား အကြံပေးချင်လို့ပါ။'

What's wrong? ( Completed )Where stories live. Discover now