"ထျန်းနင်က နင့်ထက်သာတာ မသာတာတွေက နင်ဆုံးဖြတ်ပေးရမှာ မဟုတ်ဘူး။ မင်းကိုယ်မင်းပဲ အရင်ဆုံး ဂရုစိုက်သင့်တယ်"
ထိုစကားကို ပြောပြီးနောက် ဖန်ယွီကထွက်ခွာသွားရန်  ကျောခိုင်းလိုက်သည်။ သို့သော်လည်း တံခါးပေါက်သို့ရောက်သည်နှင့် သူနောက်တစ်ကြိမ် ထပ်လှည့်ကြည့်လာသည်။
"မီဒီယာသမားတွေကို  ငါပထုတ်ထားတယ်။ နင်အခု ထွက်သွားချင်တယ်ဆိုရင် အခုကတည်းက ထွက်သွားတာ‌ အကောင်းဆုံးပဲ"
ကျန်းမန်နီက ဖန်ယွီကိုမော့ကြည့်ကာ ရုတ်တရက် ရယ်မောလိုက်သည်။
"ရှင်လည်းကျွန်မရဲ့ ရင်သားတွေ၊ တင်သားတွေကို သဘောကျနေတာပါ။ ကျွန်မသိပါတယ် ကျွန်မကိုမြှူဆွယ်ဖို့ ကြိုးစားနေတာလား"
ဖန်ယွီခနဲ့လိုက်သည်။
"မင်းအိပ်မက်သာ ဆက်မက်နေလိုက်တော့ ကျန်းမန်နီက သူမကိုယ်သူမ ရယ်မောလိုက်ပြီး အိပ်ရာပေါ်မှထလိုက်သည်။
"ဖန်ယွီ၊ ကျွန်မ... CC brandကို မလိုချင်ပါဘူး။ ကျွန်မတစ်ခုပဲ တောင်းဆိုချင်တယ်။ ကျွန်မကို အိမ်ပြန်ပို့ပေးနိုင်မလား"
သူတို့ တစ်ယောက်နှင့်တစ်ယောက် သိကျွမ်းလာသည်မှာ ခြောက်နှစ်ကျော်ရှိနေပြီဖြစ်၍ ယခုလို ပြဒါးတစ်လှမ်း၊ သံတစ်လှမ်း ဖြစ်လာသည့်အချိန်တွင် ကျန်းမန်နီအပေါ် ရက်စက်နေစရာ အကြောင်းအရင်းမရှိပေ။  ဖန်ယွီက အခြေအနေကို ချိန်စလိုက်ပြီး ခေါင်းညိတ်လိုက်သည်။
"ဒါဆိုရင် မင်းအဝတ် သွားလဲလိုက်တော့"
ကျန်းမန်နီက အပြင်အဝတ်အစားများကို အလျင်အမြန် ဝတ်ဆင်လိုက်ပြီး ဖန်ယွီအကူအညီနှင့် ဆေးရုံမှထွက်ခွာလာခဲ့သည်။ သို့သော်လည်း အိမ်ပြန်ရောက်ရောက်ချင်း ရှုပ်ပွနေသောအိမ်နှင့်  တန်ဖိုးရှိသော အဖိုးတန်ရတနာများ ပျောက်ဆုံးနေသော မြင်ကွင်းကို မြင်တွေ့ရ၍ အရူးတစ်ပိုင်း ဖြစ်သွားသည်။
တရားခံက Cherleneဖြစ်ကြောင်း တွေးနေစရာ မလိုအပ်ပေ။ Cherlene တစ်ယောက်တည်းသာ ကျန်းမန်နီ၏တိုက်ခန်းသော့ကို ကိုင်ထားသည်။  ယခုမှ ဘာဆိုဘာမှမရှိတော့သည့် အခြေအနေကို နားလည်သဘောပေါက်သွားပြီး ကြမ်းပြင်ပေါ် ဒူးထောက်လျက် လဲကျသွားသည်။ ဖန်ယွီက ကျန်းမန်နီကို လက်လှမ်းပေးလိုက်သည်။
သို့သော်လည်း ဤရိုးရှင်းသော အပြုအမူလေးကို တစ်ဖက်မှာ အဆောက်အဦမှာ စောင့်ကြည့်နေသော သတင်းထောက်က အမိအရဓာတ်ပုံ ရိုက်သွားသည်။ ထိုအဖြစ်အပျက်က  အွန်လိုင်းပေါ်တွင် နာမည်အကြီးဆုံး ကောလာဟလသတင်း ဖြစ်လာပြန်သည်။
ဟိုက်ဟွေ့ဖျော်ဖြေရေး၏  အနုပညာရှင်ဒါရိုက်တာက ဟွာကျင်းကျင်းနှင့် ကျန်းမန်နီကို တစ်ပြိုင်နက်တည်း ဇာတ်လမ်းရှုပ်နေသည်ဟူသည့် သတင်းမျိုးဖြစ်သည်။
တချို့သော ခေါင်းစီးပိုင်းများသည် ပို၍တောင် ဆိုးရွားနေသောသည်။
ဖန်းယွီကနိမ့်ကျနေသည့် မော်ဒယ်တစ်ယောက်ကို  လက်လှမ်းပေးခြင်းသည် ထိုမော်ဒယ်၏ ခန္ဓာကိုယ်ကို အပိုင်လိုချင်သည်ဟူသည့် ခေါင်းစီးပိုင်းများဖြစ်သည်။
မည်သို့ပင် ခေါင်းစဉ်တပ်စေကာမှု ဖန်ယွီက ကျန်းမန်နီကို ကူညီပေးခဲ့သည့်  ဓာတ်ပုံက အဖြစ်မှန်ဖြစ်သည်။
ထိုစဉ် ထျန်းနင်ကလည်း ထိုကောလာဟလသတင်းကို မြင်တွေ့သွားသည်။ ထိုအချိန်တွင် ထျန်းနင်က ဟွာကျင်းကျင်း၏ တိုက်ခန်း ရောက်ရှိနေခြင်းဖြစ်သည်။ ဖန်ယွီက ဟွာကျင်းကျင်းကို ကူညီခဲ့သော ဓာတ်ပုံသည်လည်း တီဗွီဖန်သားပြင်ပေါ်တွင် ပေါ်လာခဲ့ဖူးသည်။
ဟွာကျင်းကျင်းနှင့် ကျန်းမန်နီတို့အကြောင်းကို နှိုင်းယှဉ်ပြောဆိုနေသည့် တီဗွီသတင်းကို ဟွာကျင်းကျင်း အမှတ်မထင် မြင်တွေ့သွားသည်။ ဟွာကျင်းကျင်းက စကားတစ်ခွန်းမှ မပြောသော်လည်း နားငြီးလွန်းသည့် အကြောင်းပြချက်ဖြင့် တီဗွီခလုတ်ကို ပိတ်လိုက်သည်။
"ကျင်းကျင်း ဖန်ယွီက အဲဒီလိုလူစားမျိုး မဟုတ်ပါဘူး"
"သူက ဘယ်လိုလူစားမျိုး ဖြစ်တယ်လို့ နင်ကပြောချင်နေတာလဲ"
ဟွာကျင်းကျင်းက စိတ်ရှုပ်ထွေးစွာ ပြန်မေးလိုက်သည်။
"နင်က ငါတို့နှစ်ယောက်ကို အောင်သွယ်ချင်နေတာလား။ ငါတစ်ခုတော့ ပြောလိုက်မယ်နော်။ ဒါလုံးဝမဖြစ်နိုင်ဘူး။ ငါက တခြားသူရဲ့ မိထွေး မဖြစ်ချင်သလို ဖန်ယွီရဲ့အပြုအမူကို ငါ့စိတ်ထဲလက်ခံနိုင်ရင်တောင် ဖန်ယွီကို ငါမစဉ်းစားပေးနိုင်ဘူး"
"နင်သူ့ကို တကယ် နားလည်မှုလွဲနေတာလည်း ဖြစ်နိုင်ပါတယ်"
ဘာပဲပြောပြော ဖန်ယွီနဲ့ကျန်းမန်နီ အတူရှိနေတာက အမှန်တရားပဲလေ။ သူတို့အတူတူရှိနေလို့သာ မီဒီယာက သတင်းဖြန့်နိုင်တာပေါ့။ ဟွာကျင်းကျင်းက မျက်လုံးကလေး ကလည်ကလည်ဖြင့်  တီဗွီရီမုကို လွှင့်ပစ်လိုက်သည်။  
"ထျန်းနင် လူတိုင်းက မို့သူဌေးလို မဟုတ်ဘူး။ နင်လည်း မို့သူဌေးနဲ့မတွေ့ခင်က မကောင်းတဲ့ကောင်နဲ့ ဆုံတွေ့ခဲ့ဖူးတာပဲ။ ငါလည်းဒီလိုပဲ ဆုံတွေ့ခဲ့ဖူးလို့ ငါနောက်တစ်ကြိမ် မနာကျင်ချင်တော့ဘူး။ ငါ့ကိုယ်ငါ ဒုတိယအကြိမ် နာကျင်ခွင့် မပေးနိုင်တော့ဘူး။ ငါ အရူးအနှမ်း မဟုတ်ဘူး။ ငါမရူးမိုက်ချင်တော့ဘူး"
"ငါအကျိုးသင့်၊ အကြောင်းသင့် ရှင်းပြတာလေ။ နင်ဘာလို့ ဒေါသထွက်နေတာလဲ"
ဟွာကျင်းကျင်းရဲ့ လွန်ကဲလွန်းသော တုံ့ပြန်မှုကြောင့် ထျန်းနင်ရှင်းပြဖို့ ကြိုးစားလေလေ ဟွာကျင်းကျင်းက တစ်စုံတစ်ရာကိုဖုံးကွယ်ဖို့ ကြိုးစားနေသည်ဟု သူမခံစားမိလာသည်။ ဖုံးကွယ်ဖို့ ကြိုးစားလေလေ အမှန်တရားက ပေါ်လေလေ ပေါ်ပေါက်လာလေလေ ဟူသော အကြောင်းပြချက်က မှန်ကန်နေသည်။ သူမကို မယုံမကြည်ဖြင့် ကြည့်ရှုနေ၍ ဟွာကျင်းကျင်းက လေးနက်သော လေသံဖြင့် စကားမပြောခင် စိတ်ရှုပ်ထွေးကာ သက်ပြင်းချလိုက်သည်။ 
"ငါတို့ရဲ့ စကားပြောဝိုင်းလေးက ဒီအခြေအနေထိ ရောက်လာပြီဆိုတော့ ငါလည်း နင့်ကို အမှန်အတိုင်း ပြောပြရတော့မယ်။ ငါ့လို ကိုယ်ဝန်သုံးခါပျက်ကျဖူးပြီး အိမ်တွင်းညှဉ်းပန်းမှုကို အကြိမ်ပေါင်းများစွာ ခံစားခဲ့ရဖူးတယ်။ အဲလို မိန်းမတစ်ယောက်က အပြစ်အနာအဆာတွေကြီးနဲ့ပါ။ အမှန်အတိုင်း ပြောရမယ်ဆိုရင် ငါ့ကို လိုချင်တဲ့ ယောက်ျားတောင် ရှိပါဦးမလား။ ဖန်ယွီက လူကောင်းတစ်ယောက်ပါ။ ဒါပေမဲ့ သူက လူတိုင်းအပေါ်ကောင်းတာ။ သူက ကျန်းမန်နီအပေါ် ခံစားချက်မရှိဘူးဆိုတာလည်း ငါသိတယ် ဒါပေမဲ့ လူတိုင်းအပေါ် မေတ္တာ စေတနာထားတဲ့ယောက်ျားမျိုးကို ငါမလိုချင်ဘူး။ လူတိုင်းက သူ့ရဲ့ကယ်တင်မှုတွေ နှစ်သိမ့်မှုတွေကိုပဲ လိုလားတောင့်တနေမှာလေ။ အဲဒီလိုလူမျိုးကို ချစ်မိရင် ငါနာကျင်ရမှာပေါ့။  ဒါကြောင့် ထျန်းနင် ငါတို့ အခုပြောတဲ့စကားကို ဒီမှာပဲ အဆုံးသတ်လိုက်တာ အကောင်းဆုံးပဲ"
"ဒါကြောင့်ငါ့ဘဝကို အကောင်းဆုံး ထောက်ပံ့ပေးနိုင်မယ့် ပြင်သစ် အမျိုးသားပဲဖြစ်ဖြစ်၊ တခြား နိုင်ငံခြားသားတွေကိုပဲ ငါရွေးချယ်တော့မယ်"
ဟွာကျင်းကျင်းရဲ့ စကားသံများကို နားစွင့်ပြီးနောက် ထျန်းနင်ရဲ့နှလုံးသားလေး နာကျင်မိသည်။ ဟွာကျင်းကျင်းရဲ့ ချစ်သူဟောင်းက မကောင်းသော လူယုတ်မာဖြစ်နေ၍ ဟွာကျင်းကျင်းကို အကြိမ်ကြိမ် နှိပ်စက်ညှဉ်းပန်း ခံရပြီး ကိုယ်ဝန်သုံးခါ ပျက်ကျသည်အထိ ရက်စက်ခဲ့သည်။ ဒါတွေအားလုံးက ဟွာကျင်းကျင်းရဲ့အမှား မဟုတ်ချေ။
"ငါ နိုင်ငံခြားသွားဖို့ ရှိတယ်။ နင်လည်း စိတ်အပန်းဖြေလို့ရအောင် ငါနဲ့ လိုက်ခဲ့ပါလား"
ထျန်းနင် ကမ်းလှမ်းလိုက်သည်။
"မန်နေဂျာမို့ထင် လိုက်လာမှာလား။ သူလိုက်ရင်တော့ ငါလည်းမလိုက်ချင်ဘူး"
ဟွာကျင်းကျင်းက ချက်ချင်း ငြင်းပယ်‌လိုက်သည်။
ဟွာကျင်းကျင်းရဲ့ နှလုံးသားထဲ ဖန်းယွီကို သေမိန့်ပေးခဲ့သည်။ ထိုအချက်က နှမြောစရာကောင်းလွန်းသည်။ တချို့သူများအတွက် ကံတရားကို အတင်းအကြပ် ဖန်တီးယူ၍ မရပေ။
ထျန်းနင်  အတွေးထဲ နစ်မျော
နေစဉ် မို့ထင်၏ဖုန်းခေါ်သံက သူမကိုလက်ရှိအချိန်သို့ ပြန်ဆွဲခေါ်သွားသည်။
ဟွာကျင်းကျင်း ဒေါသမထွက်စေရန်အလို့ငှာ ထျန်းနင်က  ဖုန်းကိုင်လိုက်ပြီး ဧည့်ခန်းထဲသို့ ထွက်လာခဲ့သည်။ ဖုန်းပြောဆိုပြီနောက် ဟွာကျင်းကျင်း၏ အိပ်ခန်းထဲသို့ ပြန်လာစဉ် ဟွာကျင်းကျင်းက သူမကို မေးမြန်းလာသည်။
"မို့သူဌေးဖုန်းခေါ်တာမလား။ နင်အပြင်ထွက်လာတာ ဘယ်လောက်များ ကြာသေးလို့လဲ။ ခဏလေးပဲ ရှိသေးတယ်။ သတိရနေပြီလား။ နင့်ယောက်ျားလိုလူမျိုးလည်း တွေ့ရခဲတယ်နော်"
"အလုပ်နဲ့ပတ်သက်တဲ့ ကိစ္စမို့လို့ပါ"
ထျန်းနင်က ရှင်းပြလိုက်သည်။
" မြန်မြန်သွားတော့။ ငါလည်း အနားယူဖို့လိုအပ်တယ်"
ထျန်းနင်က ဟွာကျင်းကျင်းကို  ကူကယ်ရာမဲ့ငေးကြည့်လိုက်ပြီး တိုက်ခန်းအပြင်ဘက်သို့  ထွက်လာခဲ့သည်။ မို့ထင်ရဲ့ကားက အပြင်ဘက်မှာ ကားပါကင်ထိုးထားသည်။  ထျန်းနင် ထွက်လာသည်ကို မြင်မြင်ချင်း မို့ထင်က သူမအတွက် ကားတံခါးကို ချက်ချင်း ဖွင့်ပေးသည်။
ဟွာကျင်းကျင်းက သူတို့စုံတွဲလေး၏ လှုပ်ရှားမှုများကို ပြတင်းပေါက်မှ တစ်ဆင့်ငေးကြည့်နေသည်။ သူမတွင်မနာလိုသည့် ခံစားချက်မရှိဟုပြောလျှင် အတင်းငြင်းရာ ကျလိမ့်မည်။ သူမလည်း ထျန်းနင် နည်းတူကံကောင်းချင်မိသည်။ ခဏတာ အတွေးထဲနစ်မျော
ပြီးနောက် ဟွာကျင်းကျင်းက သူမ၏ လက်ကိုင်ဖုန်းကလေးကို ဆွဲထုတ်လိုက်ပြီး  အတန်းဖော်ဟောင်းများကို ဖုန်းဆက်လိုက်သည်။ သူမလည်း စစ်မှန်သော ဆက်ဆံရေးတစ်ခုကို တည်ဆောက်ချင်၍ ဘလိုင်းဒိတ်လုပ်ဆောင်ရန် သဘောတူခဲ့သည်။
***
ဟိုက်ဟွေ့ဖျော်‌‌ဖြေရေး ညနေ သုံးနာရီ
တစ်နေ့တာ လုပ်ဆောင်ရမည့် လုပ်ငန်းတာဝန်များကို ပြီးမြောက်အောင် လုပ်ဆောင်ပြီးနောက် လုချယ်က  ဖန်ယွီကို လာရောက်တွေ့ဆုံသည်။
"ကျန်းမန်နီရဲ့သတင်းက ဘယ်လိုဖြစ်ရတာလဲ။ ဟွာကျင်းကျင်းနဲ့ရော ပြဿနာ တက်သေးလား"
"မင်း ဘာတွေပြောနေတာလဲ။ ငါနဲ့ ဟွာကျင်းကျင်းက ဘာတွေများ တော်ဆက်နေလို့လဲ"
ဖန်ယွီကနားလည်ရ ခက်ခဲစွာ မေးမြန်းလိုက်သည်။
"မင်းက ဟွာကျင်းကျင်းကို စိတ်မဝင်စားရင် ဘာဖြစ်လို့ ဟွာကျင်းကျင်းကြောင့် အပြင်မှာ ငါးနာရီလောက် မတ်တတ်ရပ်ပြီး အသနားခံနေတာလဲ။ ဟွာကျင်းကျင်းကြောင့် မင်း တုပ်ကွေးမိပြီး အိပ်ရာထဲ လဲသွားခဲ့တယ်လေ။ ဒါတွေကို မင်းမေ့သွားပြီလား"
"မင်းအတွေး လွန်နေပြီထင်တယ်။ ငါက ငါ့ရဲ့အလုပ်သဘောအရ လုပ်ခဲ့တာလေ။ ငါတခြားသူကို စာနာလို့သာ ဒီလိုအပြုအမူ လုပ်ခဲ့တာပါ"
"ဒါဆိုရင် ကျန်းမန်နီကိုလည်း ဒီလိုပဲ သဘောထားခဲ့တာလား"
"အမ်"
"မင်းက တစ်လောကလုံးကို ကယ်တင်ချင်နေတာလား"
 လုချယ်က သူ့ကို မကျေမနပ်ကြည့်လိုက်သည်။ လုချယ် ခန္ဓာကိုယ် လှည့်လိုက်စဉ် သူတို့အေဂျင်စီထဲ Cherleneရောက်နေသည့် အဖြစ်မှန်ကို သတိထားမိသွားသည်။
"ဘယ်လိုဖြစ်ပြီး ဒီမိန်းမက ဒီကိုရောက်နေတာလဲ"
 ဖန်းယွီက လုချယ်အကြည့်နောက်ကို လိုက်ပါကြည့်ရှုပြီး Cherleneကို မျက်မှန်းတန်းမိသွားသည်။ ထိုနောက် ဖန်ယွီက လုချယ်ရဲ့ ပခုံးကို ပုတ်လိုက်သည်။
"မင်းရဲ့အလုပ်ကိစ္စကို မင်းအရင်သွားလုပ် ဒီပြဿနာသေးသေးလေးကို ငါဖြေရှင်းလိုက်မယ်"
လုချယ် လှည့်ထွက်သွားပြီးနောက်
ဖန်ယွီက Cherleneအနားကို ဖြည်းဖြည်းချင်း လမ်းလျှောက်လာသည်။
ကျန်းမန်နီ ပိုင်ဆိုင်သမျှ အဖိုးတန်ပစ္စည်းများကို တစ်ခုမကျန်  ခိုးယူသွားသည့်သူခိုးမ Cherleneက သူတို့ဟိုက်ဟွေ့ထဲကို ဝင်ရောက်ရဲသည်အထိ သတ္တိကောင်းနေသည်။
 
 
***
အပိုင်း(၂၇၀)

ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွဲ(၂)Unde poveștirile trăiesc. Descoperă acum