" မဟုတ်ဘူး ဆင့်‌..... ကျေအေးပေးစရာမလိုပါဘူး။ ခွင့်လွှတ်ပေးစရာလည်း မလိုပါဘူး။ မမက...ဒီတိုင်း မမက သူ့ကိုအချိန်ခဏလေးပေးချင်တာပါ။ အခြားလူထက်စာရင် မမကိုယ်တိုင် သူ့ကိုအဆုံးသတ်ပေးချင်လို့ပါ။ "

" ကောင်းပြီ.....ကျွန်တော်မမဟေမီကို အခွင့်အရေးပေးမယ် "

" ကိုရံ "

" ရံလေး  "

ပြဒါးရံက ဆက်ပြောလာလေသည်။

" ကျွန်တော်တို့ ဒီကိစ္စနဲ့ ဆက်မပက်သက်တော့ဘူး။ မမကိုယ်တိုင်သူ့ကို နားချကြည့်ပေါ့။ အကယ်၍သူကဆက်ပြီး အမြင်မှန်မရသေးဘူးဆိုရင် အဲ့ခါကျ ကျွန်တော်ရက်စက်တယ်ဆိုပြီး အပြစ်မတင်နဲ့။ "

" ကောင်းပြီ ....ငါကြိုးစားကြည့်မယ် "

ယွန်းဟေမီမရှိတော့သည့်အခါမှ ဆင့်က သက်ပြင်းချလာပြီး ပြဒါးရံကို တိုင်ပင်လာလေသည်။

" သူလုပ်နိုင်မယ်လို့ထင်လား။ အဲ့လိုကနေ အန္တရာယ်တစ်ခုခုဖြစ်သွားရင်..... "

" မဖြစ်ပါဘူး။ မာယာသစ္စာက သူ့ကိုအန္တရာယ်ပေးမှာ မဟုတ်ဘူး "

" ဘာဖြစ်လို့လဲ "

" ကိုယ်တို့ထင်ထားတာထက် သူတို့ကြားက သံယောဇာဉ်က ပိုနက်ရှိုင်းတယ် ဆင့် "

" ဒါဆို သေချာပေါက် မမဟေမီအတွက် ခက်ခဲနေမှာပဲ "

ပြ‌ဒါးရံက သူ၏ နှုတ်ခမ်းများနှင့် ဂရုတစိုက်ပြုံးလာခဲ့ပြီး တိမ်ယံဆင့်၏ ခေါင်းနောက်ကို လက်တစ်ဖက်နဲ့ထိန်းကိုင်လျက် ဆံပင်ကို ဂရုတစိုက်ငုံ့နမ်းလာခဲ့လေသည်။ 

ထိုအပြုအမှုကြောင့် ဆင့်ရဲ့ပါးများက တမှုတ်ချင်း ပန်းရောင်သန်းလာခဲ့ပြီး မျက်လုံးများလည်း အနည်းငယ်လုံးဝန်းလာခဲ့သည်။

" ဘာလုပ်တာလဲ " 

ပြဒါးရံပြန်လွှတ်ပေးလာချိန်တွင် ဆင့်ခမျာ မျက်တောင်များပုတ်ခတ်ပုတ်ခတ်လုပ်လျက် မေးမြန်းလာလေသည်။ အလွန်တရာလှပသော ပုလဲနက်ရောင်မျက်ဝန်းများကလည်း ပြဒါးရံဆီသာ ဌာနေတည်နေလျက်။

" ခေါင်းလျှော်ထားတာလား အရမ်းမွှေးတာပဲ "

ထိုအဖြေကြောင့် ဆင့်ရဲ့ နီရဲနေသော ပါးထံမှအငွေ့အသက်များသည် နားရွက်ဖျားဆီသို့ ထပ်မံကူးပြောင်းသွားတော့သည်။

Hate Poem Written With Love࿐Where stories live. Discover now