[29]

322 12 0
                                    

[Unicode]

" တီ......တီ.....တီ..... "

မိုးခြိမ်းသံများအကြား ကိုးလ်၏အကြားအာရုံထဲ ဖောက်ထွင်းဝင်လာသော ဖုန်းသံ။ အဆက်မပြတ်တုန်ခါနေမှုနှင့်တူ တစ်‌စုံတစ်ယောက်၏ ကိုယ်တွယ်ဖြေရှားမရှိပါက ၎င်းသည် ဤအတိုင်းရှေ့ဆက်သွားနေဦးမည်ဖြစ်သည်။ အချိန်အတော်အတော်ကြာ မြည်ဟီးနေပြီးမှ ကိုးလ်တစ်ယောက် ထိုဖုန်းအားသတိထားမိသွားသည်။ လေပြေရှင်း၏ ဘောင်းဘီအိတ်ကပ်ထဲမှ ထုတ်ယူကိုင်တွယ်လိုက်ကာ screenပေါ်ကနာမည်အား တစ်ချက်ကြည့်လိုက်ပြီး စို့နင့်ကြေကွဲသောအသံဖြင့် ဘုရားသခင်အား ရှာတွေ့သွားသည့်နှယ် မိမိအလိုရှိရာကို တောင်းဆိုနေတော့သည်။

" ရှင်း "

" တိမ်ယံဆင့်လား "

" ဘယ်သူလဲ ! "

" ကျွန် ......ကျွန်တော် ကိုးလ်ပါ "

" ရှင်းရဲ့ဖုန်းက ကိုးလ်ဆီဘယ်လိုရောက်နေတာလဲ သူကိုးလ်ဆီမှာ မေ့ကျန်ခဲ့တာလား "

" မဟုတ်ဘူး .... ရှင်း ...သူ......ကျွန်တော်..... "

တိမ်ယံဆင့်မှာ ထက်မြက်သောလူတစ်ယောက်ဖြစ်သည့်အတွက် တစ်ချက်တစ်ချက်ရှိုက်သံနှင့် စကားပြောနေရင်း ပြတ်တောင်းပြတ်တောင်းဖြစ်နေသော အသံအသွားအလာကို နားထောင်ကြည့်ရင်းဖြင့် တစ်ဖက်လူမှာ ကြေမွပျက်စီးလုမတတ် ငိုချင်နေသည်ကို အတတ်နိုင်ဆုံးထိန်း၍ ဖုန်းပြောနေခြင်းဖြစ်ကြောင်း ခန့်မှန်းသိရှိနေခဲ့သည်။

" ကိုးလ်....ကိုးလ် ....ဘာဖြစ်လို့လဲ အခက်အခဲတစ်ခုခုရှိလို့လား ကျွန်တော့်ကို ပြောပြလို့ရတယ် "

" မဟုတ်ဘူး ကျွန်တော်မဟုတ်ပါဘူး .....ရှင်း....ရှင်းဖြစ်နေတာ....ကျွန်တော်အရမ်းလည်းကြောက်တယ်.....ဘယ်သူ့ကိုမှလည်း အကူအညီတောင်းလို့မရဘူး "

ရှင်း ဆိုသောအသံကြားသည်နှင့် တိမ်ယံဆင့်မှာ လေဟာနယ်ထဲရောက်သွားသလို ဘာအသံကိုမှ မကြားရဘဲ သူ၏ပတ်ဝန်းကျင်က စက္ကန့်ပိုင်းမျှ တိတ်ဆိတ်သွားသည်။ ‌မေးခွန်းပေါင်း ထောင်သောင်းချီက တိမ်ယံဆင့်ကို နှိပ်စက်ညှင်းပန်းနေပြီး လေစိမ်းများက အကြောသေစေကာ ‌ရိုးတွင်းချဉ်ဆီအထိအေးစိမ့်စေသည်။

Hate Poem Written With Love࿐Where stories live. Discover now