[7]

704 28 4
                                    

Unicode/

"အား...."

"အား...."

အသံနှစ်ခုမှာ တစ်ပြိုင်နက်ထွက်ပေါ်လာခြင်းဖြစ်သည်။ ထိုအသံ၏နောက်တွင် နာကျင်မှုတို့ကသိသိသာသာပါဝင်နေပြီး လေထဲတွင်တဖြတ်ဖြတ်လွှင့်နေသော စာရွက်များမှာကြမ်းပြင်ပေါ်ရှိ လှပသော ခန့်ညားသော လူနှစ်ယောက်အပေါ် မိုး စက်များသဖွယ် တဖွဲဖွဲကျဆင်းလာသည်။

သွယ်လှသည့်လက်တစ်စုံသည် ကြမ်းပြင်ပေါ်ရှိအရာတစ်ခုကို အသည်းအသန်ရှာဖွေနေဟန်ပေါ်သည်။ အလျင်လိုစွာဖြင့် ဘယ်မှညာသို့ သို့မဟုတ် အရပ်မျက်နှာပေါင်းစုံသို့ ဦးတည်ချက်မရှိရွေ့လျားနေသည်။ မျက်စိရှေ့တွင် အမြင်အာရုံချို့ယွင်းနေသည့် လူတစ်ယောက်နှယ် ဟိုစမ်းဒီစမ်းနှင့် ရှာဖွေနေသော ငယ်ရွယ်သည့်ကောင်လေးအားကြည့်ပြီး ပြဒါးရံစွံ့အနေရှာသည်။ သို့သော် မည်သည့်အရာအား ဤမျှထိအလောကြီးစွာ ရှာဖွေနေမှန်း ပြဒါးရံလည်း မသိပေ။

ထိုကောင်လေးသည် လက်မှရှာဖွေခြင်းအလုပ်ကိုလုပ်ကိုင်နေရင်းနှင့်ပင် ပါးစပ်မှလည်း ပြဒါးရံကို အနူးအညွှတ် တောင်းပန်နေရှာသည်။ တောင်းပန်နေသည်မှာ မိမိအားသတ်ရန်ကြံစည်နေသော လူသတ်သမားအား အသက်ချမ်းသာပေးပါရန် တောင်းပန်နေသည့်နှယ် ခေါင်းကိုအောက်သို့ ငိုက်စိုက်ချထားလျက် ကြမ်းပြင်နှင့်ထိလုမတတ်ငုံ့ထားလျက် ကိုယ်ကိုကျုံ့နိုင်သထက်ကျုံ့ထားလျက် ပြင်းထန်ကြောက်ရွံ့စွာ အကူအညီတောင်းခံနေခဲ့သလိုပင်။

"တောင်း...တောင်းပန်ပါတယ်...ကျွန်တော်ကမမြင်ဘဲ ဝင်တိုက်မိခဲ့လို့ တောင်းပန်ပါတယ်"
"ခွင့်...ခွင့်လွှတ်ပေးပါ" ဟူ၍ပြောလာခဲ့သည်။

ပြဒါးရံနောက်ဆုံးတော့ အချိန်အတန်ကြာစိုက်ကြည့်နေခဲ့ပြီးမှ သဘောပေါက်သွားခဲ့သည်။ ယခုထိတိုင်ရှာဖွေနေသော်လည်း ထိုကောင်လေးမတွေ့သေးသောအရာမှာ မလွဲမသွေသေချာပေါက် မျက်မှန်ပင်ဖြစ်သည်။ အမြင်အာရုံ ချို့ယွင်းနေခြင်းမှာလည်း အမှန်ပေ။ ပြဒါးရံ မိမိနံဘေးတွင် ဘယ်ချိန်ကရောက်မှန်းမသိရောက်နေသော မျက်မှန်တစ်လက်အား ထိုကောင်လေးလက်ထဲ ထည့်ပေးလိုက်သည်။

Hate Poem Written With Love࿐Where stories live. Discover now