[17]

421 18 2
                                    

[Unicode]

မနက်အလင်းရောင်ဖျော့ဖျော့က လိုက်ကာကို ဖြတ်သန်းပြီး အခန်းအတွင်းဝင်ရောက်လာချိန်တွင် သူဟာမထချင်ထချင်နှင့် မျက်လုံးကိုအားတင်းဖွင့်လျက် ထိုင်လိုက်သည်။ အလင်းရောင်၏ ရောင်ပြန်ဟပ်မှုကြောင့် တိမ်ယံဆင့်၏မျက်နှာက ပိုလို့တောင် တောက်ပနေခဲ့သည်။ ထူးဆန်းသည်က  တိမ်ယံဆင့်မှာ ဆေးရုံကုတင်ပေါ်အိပ်နေခဲ့ခြင်းဖြစ်ပြီး ပြဒါးရံကတော့ လူနာစောင့် ဆိုဖာပေါ်မှာဖြစ်သည်။ မနေ့ညကဖြစ်ပျက်ခဲ့သမျှကို မရှိခဲ့သလိုသဘောထားကာ မေ့ပစ်ရန် စိတ်ကူးလိုက်ပြီး မလဲရသေးသော မိန်းကလေးဝတ်စုံကို ဘယ်သူမှမမြင်ခင် အလျင်အမြန်သွားလဲလိုက်သည်။ နက်ပြာရောင် အင်္ကျီလက်ရှည်ကို ရှေ့ကြယ်သီးနှစ်လုံးဖြုတ်ထားလျက် ပြဒါးရံအိပ်နေသော ဆိုဖာဘေးတွင်ဝင်ထိုင်လိုက်သည်။ မနေ့ညကဘယ်လိုပြန်ရောက်ခဲ့လဲ သေချာမမှတ်မိတော့သော်လည်း ပြဒါးရံကကားထဲတွင် အိပ်ပျော်နေသောသူ့ကို မနိုးဘဲဆေးရုံထဲထိ ပြန်ခေါ်လာခဲ့ဟန်တူသည်။ အတန်ကြာ တိတ်ဆိတ်နေပြီးနောက် သူဟာမနေ့ညက မစားခဲ့လိုက်ရသော အက်မှိုနှင့် အသားအပြည့်ပါသော ဟော့ပေါ့ကို သရေကျနေတုန်းပင်။

" နိုးနေတာ ကြာပြီလား "

ပြဒါးရံက ဘယ်ချိန်ကမှန်းမသိ နိုးနေခဲ့ကာ တိမ်ယံဆင့်၏ အစားစားချင်စိတ်ကို ဖျက်ဆီးလိုက်သည်။

" စောစောကပဲ "

" ဗိုက်အောင့်တာကော သက်သာသွားပြီလား "

" အင်း "

ထို့နောက် ပြဒါးရံက တိမ်ယံဆင့်ကို ကြာမြင့်စွာစိုက်ကြည့်နေခဲ့ပြီး ဘာစကားမှပြောမလာတော့ပေ။ တိမ်ယံဆင့်ကလည်း အရေးလုပ်မနေတော့ဘဲ ဖုန်းထုတ်ကာ အပျင်းပြေလိုင်းဖွင့်ကြည့်ရင်း အထင်မှတ်ထားသော postတစ်ခုကိုတွေ့လိုက်ရသည်။

" ဟမ် ဒါငါမဟုတ်ဘူးလား "

ပြဒါးရံက တအံ့တဩဖြစ်နေသည့် ဆင့်အသံကိုကြားပြီး ဖုန်းကိုယူကာဆွဲကြည့်လာခဲ့သည်။

" ဟား ဟား ဟား ဆင့် ဓာတ်ပုံထဲမှာပိုလှတယ်နော်တကယ့်ကိုနိုင်ငံရဲ့ အသည်းနှလုံးလို့မပြောရဘူး "

Hate Poem Written With Love࿐Where stories live. Discover now