Part 2 (Z)

9 5 0
                                    


"ဟိုင်းလ်"

အပေါက်ဆိုးတဲ့ အိုးသည်လေးက သူ့ကို ဖုန်းနံပါတ်မပေးလိုက်တာကြောင့် မီဟိုင်းလ်တစ်ယောက် နိုးတာနဲ့ အိမ် လိုက်သွားဖို့ ပြင်ဆင်နေစဉ် တံခါးခေါက်ကာ အခန်းထဲဝင်လာသည့် နေးဒန်နီကြောင့် ကိုယ်လုံးပေါ်မှန်ထဲကတစ်ဆင့်ကြည့်ပြီးမေးဆတ်ပြလိုက်သည်။

" ဘာကိစ္စလဲ"

ဆံပင်ရှည်တွေကို လက်ချောင်းတွေ အသုံးပြုကာထိုးခွင်းဖြီးလိုက်ပြီး လျင်မြန်စွာစုထုံးလိုက်တော့ မီဟိုင်းလ်ရဲ့ ထင်ရှားသေသပ်တဲ့မေးရိုးက ထင်းခနဲ။ ဘာရယ်မဟုတ်ငေးခနဲဖြစ်သွားခိုက် မီဟိုင်းလ်က ဖြတ်ခနဲကိုယ်တစ်ပတ်လှည့်ကာ နေးရဲ့လည်ပင်းကိုသိုင်းချုပ်လိုက်သည်။ ထို့နောက် နေး၏ခါးကြားက ဓါးမြှောင်ကိုဆွဲထုတ်ကာလည်ပင်းမှာ လာထောက်၏။

"မင်းအဲ့လို သတိလက်လွတ်ငေးနေတာသာ မင်းရန်သူဆို ဒီနေရာမှာ မင်းသေပြီ နေး"

"တောင်းပန်ပါတယ်"

"လက်နက်ကိုအလုခံရတာ တစ်ပြစ် ၊ အာရုံပြန့်လွင့်တာ တစ်ပြစ် ဒီနေ့ ခါတိုင်းထက် နှစ်နာရီ ပို လေ့ကျင့်ရမယ် ၊ ကဲ လာရင်း ကိစ္စကိုပြော"

"Clan ၄ ခု ချစ်ကြည်ရေးပွဲဖိတ်စာ အခုပဲရောက်လာပါတယ် ဟိုင်းလ်"

"ကျစ် အဲ့ အပိုဆာဒါးပွဲတွေကလည်းတစ်မျိုး"

ဟိုင်းလ်က မျက်မှောင်ကြုတ်ကာပြောရင်း Clive Christian Imperial Majesty Perfume ကို တစ်ချက်ဆွတ်လိုက် သည်။ ချိုမြိန်ပြီး အထက်တန်းကျသော ရေမွှေးရနံ့က သူ့ထံမှရနေကျ စီးကရက်အနံ့နှင့်ရောသွားတော့ ရီဝေဝေနှင့် စွဲဆောင်မှုရှိသော ကိုယ်သင်းရနံ့က အခန်းတစ်ခုလုံးကိုလွှမ်းခြုံသွားသည်။ တစ်ပုလင်းကို ဒေါ်လာ ၂သိန်းကျော်တန်သောရေမွှေးက တစ်ချက်ဆွတ်လျှင်ဘယ်လောက်ကျနိုင်မည်ကို နေး စိတ်ထဲက တွက်ချက်မိသည်။ တော်တော်ဈေးကြီးတဲ့ရေမွှေးက ဟိုင်းလ်အကြည့်တွေရဲ့စွဲဆောင်မှုကို ဒီထက်မြှင့်တင်ပေးလိုက်ရင် ကျန်ရှိနေတဲ့ ယောက်ျားတွေအတွက် မမျှတမှုကြီးပဲမဟုတ်လား။

"ဟိုင်းလ် သွားမှာလား"

"စောက်ပိုတွေလုပ်တဲ့ပွဲကြီးဆိုပေမဲ့ မသွားလို့မှမရတာ"

You've reached the end of published parts.

⏰ Last updated: Nov 09, 2023 ⏰

Add this story to your Library to get notified about new parts!

The fall of a half-blood Mf Where stories live. Discover now