The fall of a half-blood mf (Z)

18 6 0
                                    

ဤ fiction သည် Nom ရဲ့ စိတ်ကူးယဉ်ရေးသားမှုသာဖြစ်ပြီး အပြင်လောကတွင်အမှန်တကယ်ဖြစ်ပျက်မှုများထည့်သွင်းရေးသားထားခြင်းမရှိပါ။

Intro

"ငါတို့ မြေအောက်လောကမှာ အကြီးဆုံး Clan က ၄ ခုရှိတယ် ၊ အဲ့ထဲမှာမှ အင်အားအကြီးဆုံးနဲ့ ပါဝါအရှိဆုံးက ငါတို့ Clan ပဲ"

ဩဇာသံပါသော အသံတစ်ခုက တိတ်ဆိတ်နေသည့်အခန်းကျယ်ထဲ ခပ်မှန်မှန် ပေါ်ထွက်နေသည်။ အသံလာရာလူကား အကွက်စိပ်စိပ်ပုဆိုးနှင့် လည်ကတုံးအင်္ကျီကို စိန်ကြယ်သီးတပ်ကာ သပ်ရပ် ခန့်ညားစွာ ဝတ်ထားပြီး အသက်ကြီးပုံရသော်လည်း အရပ်ရှည်ပြီး အရွယ်တင်ကာ ခန့်ညားသည်။ အသားက ခပ်လတ်လတ်နှင့် ယောက်ျားပီသသောမျက်နှာကျဖြစ်၏။ ထိုသူကစကားပြောနေရာမှ နားထောင်နေသူဆီ တစ်ချက်ငဲ့ကြည့်ပြီး-

"ငါပြောနေတာ နားထောင်နေလား မီဟိုင်းလ်"

ဆိုဖာပေါ်တွင်ခြေကားယားထိုင်နေလျက် ရှည်လျားသောအရပ်ကြီးကို ပျင်းတိပျင်းရွဲကိုင်းကာ ရှေ့ကစားပွဲပေါ် လက်ထောက်မေးတင် ထားသော လူငယ်က မျက်လွှာကို ပင့်ကြည့်တော့ မီးခိုးဖျော့ရောင်မျက်ဝန်းတွေက လင်းခနဲ။ မှောင်မဲနေသောကောင်းကင်တွင် လျှပ်စီးတစ်စ လက်သွားသလို  ပျိုးခနဲ ပြက်ခနဲ။ လူငယ်က လေးကိုင်းသဏ္ဌာန် သပ်ရပ်လှပသောနှုတ်ခမ်းထောင့်စွန်းတွင် တပ်ထားသော အနက်ရောင် lip ring ပိစိလေးအား လျာဖြင့်ထိုးကာ ထိုးကာ ဆော့နေရာမှ အလျင်အမြန်အဖြေပေးလိုက်သည်။

"ထောင်နေပါတယ် ဖေဖေ"

အနှီလူကြီးက သားဖြစ်သူ နားထောင်မနေတာ သိဟန်ဖြင့် လေသံမာမာသုံးကာငေါက်လိုက်သည်။

"အေးဒါဆို ငါတို့ ဆောင်ပုဒ်က ဘာလဲ ရွတ်စမ်း"

လူငယ်က မျက်နှာကို အခန့်ညားမပျက် မဲ့လိုက်ပြီး ငါးတန်းကလေး စာကျက်သလိုအသံဖြင့် ရွတ်ပြလိုက်သည်။

"Courage, above all things, is the first quality of a warrior"
(စစ်သူရဲကောင်းတစ်ယောက်အဖို့ ရဲစွမ်းသတ္တိသည် အရာအားလုံးထက်ပိုလွန်သော အရည်အသွေးဖြစ်၏ )

"အေး ကျမ်းဂန်လာ မြင့်မြတ်တဲ့ အသက်မွေးဝမ်းကျောင်းအလုပ်တွေဖြစ်တဲ့ စစ်သူရဲကောင်း ၊ အနုပညာရှင် ၊ ကုန်သည်၊ လယ်သမား တို့ကို အခြေပြုပြီးဖွဲ့ထားတဲ့ clan ကြီး ၄ ခုရှိတယ်။  ငါတို့ရဲ့ Death knock clan က စစ်သူရဲကောင်း ကနေဆင်းသက်လာတဲ့ clan ဖြစ်တဲ့အတွက် ရဲစွမ်းသတ္တိနဲ့ တိုက်ရည် ခိုက်ရည် မှာတော့ ကျန်တဲ့ clan အားလုံးထက်သာတယ်။ အဲ့လိုပဲ တခြား clan တွေမှာလဲ သူ့အားသာချက်နဲ့သူရှိကြတယ်"

The fall of a half-blood Mf Where stories live. Discover now