အဖွားဖြစ်သူ၏စကားက ရိုးရှင်းသည်ဟုမခံစားရသည်မို့ ရှန်ယွီရှန်း က အပြုသဘောဆောင်သည့်အနေဖြင့်ဆိုလာခဲ့သည်။ 

"ချန်းနင် နဲ့ကလေးကို ဘယ်သူမှ မထိခိုက်စေရဘူး... အဖွားက စိတ်ချပါ"

ဖုန်းချလိုက်ပြီးနောက် ရှန်ယွီရှန်း စဉ်းစားဟန်ပြုကာ ဒီအချိန်အတွင်း ဖြစ်ပျက်ခဲ့သည်များကို ချိတ်ဆက်လိုက်လေသည်။ ဗီလာ၏အစွန်အဖျားမှ ခိုးဝင်ချင်သူသောသူများခဏခဏရှိနေကာ ရှောင်ဝူနှင့်သူအမိန့်ပေးသော အစောင့်များထံမှ ထိုသို့သော အဖြစ်အပျက် သုံးခုကို အစီရင်ခံခဲ့သည်။  ဟယ်မိသားစု၏ မကြာသေးမီကလုပ်ရက်များကြောင့်၎င်းတို့အပေါ် ရှန်းယွီရှန်း၏ သဘောထားမှာ မကောင်းလှပေ။ ဒီလူတွေက ချန်းနင် ဒါမှမဟုတ် သူ့ဗိုက်ထဲက ကလေးတွေဆီကို လာနေခြင်းဖြစ်သည်။ ဒီအဖြစ်အပျက်တွေကတိုက်ဆိုင်လွန်းတာကြောင့် ၎င်းကိုသူမရိပ်မိဖို့ခက်ခဲလှ၏။

သူ့ကောင်လေးကို တစ်ရေးတစ်မောအိပ်ရန်ချော့မော့ပြီးနောက် ရှန်ယွီရှန်း အောက်ထပ်သို့ဆင်းလာခဲ့သည်။

"ရှောင်ဝူ"

ရှောင်ဝူ တံခါးမှတစ်ဆင့်ဝင်လာခဲ့သည်။

"ဆရာ"

"အရိပ်အဖွဲ့တွေရဲ့ ရှစ်၊ ကိုးနဲ့ ခေါင်းဆောင်ကိုအကြောင်းကြားလိုက်... ဗီလာထဲကိုခြင်တစ်ကောင်တောင် မဝင်လာစေနဲ့ တစ်ဆယ်နဲ့ဆယ့်တစ်ကိုလဲ သူတို့တာဝန်တွေမြန်မြန်ပြီးအောင်လုပ်ပြီး ရုံးချုပ်ကိုပြန်လာဖို့ပြောလိုက် ငါ့မှာသူတို့အတွက်ခိုင်းစရာတွေရှိတယ်... ပြီးတော့ သာ့ကျိုးကိုငါနဲ့တွေ့ဖို့ခေါ်ခဲ့"

[ရှစ်၊ ကိုး၊ တစ်ဆယ်၊ ဆယ့်တစ်ဆိုတာ လူနာမည်တွေပါ ရှောင်ဝူဆိုရင် ငါး လေ အဲ့လိုမျိုးပေါ့ etran ကအဲ့တိုင်းရေးထားလို့အဲ့တိုင်းပဲဘာသာပြန်လိုက်ပါတယ်]

ဌာနချုပ်၏ကိစ္စများမှလွဲ၍ သခင်လေးက အရိပ်အဖွဲ့များအား အသုံးပြုခဲလှသည်။ ယနေ့တွင်တော့ ထိုသို့စီစဉ်နေပုံအရ သခင်လေးထူးဆန်းနေသည်ဟုသူခံစားရလေသည်။ 

"သခင်လေး?"

ဤရိုးသားဖြောင့်မှန်သောလူငယ်လေးက တစ်ခုခုကိုရိပ်မိသွားကြောင်းနားလည်သည်မို့ ရှန်ယွီရှန်းကဆိုလာ၏။ 

You've reached the end of published parts.

⏰ Last updated: Dec 21, 2023 ⏰

Add this story to your Library to get notified about new parts!

ကမ်းကုန်အောင်အလိုလိုက်ခံထားရသည့် အမျိုးသားဇနီးသည် [ဘာသာပြန်]Where stories live. Discover now