11

9.7K 1.4K 20
                                    

U••

[ယင်မိသားစုဝင်တွေက သေဖို့ငြင်းဆန်နေတဲ့ ပိုးဟပ်ကလေးတွေပါပဲ]

တွေ့ဆုံမှုမှအကျိုးအမြတ်များများမရရှိခဲ့သော ယင်မိသားစုဝင်များက အစည်းအဝေးကိုခပ်မြန်မြန်သာအဆုံးသတ်လိုက်ကြသည်။

မဒမ်ရှန်က သူ့သား၊ ဇနီး၊ မြေးတို့နှင့်အတူ အကြီးအကဲယင်၏မိသားစုအားလိုက်ပါပို့ဆောင်ပေးခဲ့ပေသည်။ သူတို့ မိသားစုအိမ်ကိုပြန်ရောက်သည့်အခါတွင်တော့ ဧည့်ခန်းထဲ၌စုဝေး၍ထိုင်လိုက်ကြ၏။

ခုနက စားပွဲ၌ ပုံမှန်အားဖြင့်တစ်ချိန်လုံးတိတ်ဆိတ်နေခဲ့သော ချိုးဟွေလင်းတစ်ယောက် ယခုတွင်မူထိန်းမနိုင်သိမ်းမရဖြစ်နေချေပြီ။ သူမကမဒမ်ရှန်ကိုကြောက်သော်လည်း မေးချင်သည့်အရာများကရှိနေဆဲပင်။ ထို့ကြောင့် သူမကစကားလုံးများကိုသေချာရွေးချယ်လိုက်ရင်း...

"အမေ..ဒီနေ့ဘာလို့အရမ်းပျော်နေတာလဲ?"

ချွေးမဖြစ်သူဘာတွေးနေသည်ကိုသိသော မဒမ်ရှန်ကလည်း ကွေ့ဝိုက်မနေတော့ချေ။

"မင်းကငါချန်းနင်ကိုဘာလို့လက်ဖွဲ့တွေအများကြီးပေးခဲ့တာလဲဆိုတာကို သိချင်နေတာမလား?"

မဒမ်ရှန်နှင့်ဆုံတွေ့သည့်အခါတိုင်း ချိုးဟွေလင်းတစ်ယောက် ကြောက်ရွံ့မှုကိုအမြဲခံစားခဲ့ရပေသည်။ သူမဆီသို့ပို့လွှတ်လိုက်သော မဒမ်ရှန်၏အကြည့်တစ်ချက်ကပင် သူမနှလုံးခုန်သံများအားမြန်ဆန်သွားစေသည်။

"အဲ့လိုမဟုတ်ပါဘူး...ဒီတိုင်း... အမေကချန်းနင်ကိုတော်တော်လေးအာရုံစိုက်တဲ့ပုံပေါ်လို့"

"အင်း ငါအဲ့ကလေးချန်းနင်ကိုအတော်လေးသဘောကျတယ်.. သူကငယ်သေးတယ်ဆိုပေမဲ့ တော်တော်လေးတည်ငြိမ်ပြီး ပင်ကိုယ်စရိုက်ကောင်း၊ ရုပ်လည်းချောပြီး ဥာဏ်ကောင်းတယ်လေ... သူကယွီရှန်းနဲ့တော်တော်လိုက်ဖက်ညီတာ"

"ဒါပေမဲ့ သူကယောက်ျားတစ်ယောက်လေ"

"မင်းဆိုလိုတာက ချန်းနင်နဲ့ယွီရှန်းတို့နှစ်ယောက်လုံးကယောက်ျားလေးတွေမို့လို့ သူတို့လက်ထပ်ရင်တောင် ကြာကြာမခံနိုင်ဘူး... အဲ့တာကြောင့် ချန်းနင်ကိုပေးသမျှလက်ဆောင်တွေကအချည်းနှီးပဲလို့ပြောချင်တာမလား?"

ကမ်းကုန်အောင်အလိုလိုက်ခံထားရသည့် အမျိုးသားဇနီးသည် [ဘာသာပြန်]Where stories live. Discover now