26.2

7.5K 988 8
                                    

U••

ချန်းနင်နိုးလာသည့်အခါတွင်မူ ညနေ ၄ နာရီပင်ရှိနေချေပြီ။ အိပ်ယာဘေးကိုစမ်းကြည့်လိုက်သည့်အခါ၌ အေးစက်နေသည်ကိုသာတွေ့ရ၏။ ယွီရှန်းက အိပ်ယာထသွားတာကြာလောက်ပြီထင်သည်။

အခန်းထဲမှဆူညံသံများကို သတိထားမိတော့ ဝန်ထမ်းကအခန်းတံခါးကိုခေါက်ကာ အိမ်အကူများနှင့်အတူအခန်းထဲဝင်လာဖို့ ချန်းနင်ကိုခွင့်တောင်းသည်။ ၎င်းတို့က သူ့အားခပ်မြန်မြန်ပင်သန့်ရှင်းရေးလုပ်ဖို့ကူညီပေးကြ၏။

ယွီရှန်းကစာဖတ်ခန်းထဲ၌ အလုပ်လုပ်နေသည်ကိုသိသည်မို့ ချန်းနင်အဝတ်စားလဲကာ သူ့ခင်ပွန်းကိုရှာဖို့ထွက်လာခဲ့တော့သည်။

အလုပ်များနေသည့်ယွီရှန်းတစ်ယောက် သူ၏အားအင်ပြည့်ဝနေသောချစ်သူလေးကိုမြင်တော့ နှလုံးသားထဲ၌မကြည်နူးပဲမနေနိုင်ချေ။

"မင်းကောင်းကောင်းအိပ်ပျော်ရဲ့လား?"

"အွန်း ခင်ဗျားဘယ်တုန်းကထသွားတာလဲ? ဘာလို့နည်းနည်းလောက်ထပ်မအိပ်တာလဲ?"

"ကိုယ်နိုးတာမကြာသေးပါဘူး... လုပ်စရာအလုပ်တွေလည်းရှိသေးလို့"

"ဒီလောက်ကုမ္ပဏီတွေအများကြီးကို စီမံခန့်ခွဲရတာပင်ပန်းနေတော့မှာပဲ?"

"ရပါတယ် ကိုယ်နေသားကျနေပြီ"

ချန်းနင်မည်မျှစိတ်ပူနေသည်ကိုမြင်တော့ ယွီရှန်းသူ့ချစ်သူလေးကို ရင်ခွင်ထဲဆွဲထည့်ကာ...

"ချန်းနင်ကကိုယ့်ကိုစိတ်ပူနေတာလား?"

ချန်းနင်ထိုလူကြီးကိုတွန်းဖို့ကြိုးစားသော်လည်း မအောင်မြင်သည်မို့ အရှုံးပေးကာထိုရင်ခွင်ကျယ်ကြီးထဲ၌သာနေလိုက်တော့သည်။

"ဆုတောင်းလေ... ဘယ်သူကခင်ဗျားကိုစိတ်ပူနေလို့လဲ"

သူ၏အကြည့်များကတစ်ဖက်သို့ရှောင်လွှဲလျက်။

ယွီရှန်းချစ်ရသူလေးကိုတင်းကြပ်စွာဖက်လိုက်ရင်း မျက်နှာပေါ်၌အနမ်းများစွာခြွေချပစ်လိုက်လေသည်။

"ကျေးဇူး Babe"

ဒီဘိုးတော်ဘယ်တုန်းကတည်းက ခံစားရလွယ်သွားတာလဲ သူသိချင်ပါသေးသည်။

ကမ်းကုန်အောင်အလိုလိုက်ခံထားရသည့် အမျိုးသားဇနီးသည် [ဘာသာပြန်]Nơi câu chuyện tồn tại. Hãy khám phá bây giờ