4

10.6K 1.4K 8
                                    

U••

[အမေချန်ခဲ့သည့်စာ]

ဟယ့်ချန်းနင်ကတော့ ဧည့်ခန်းထဲမှရန်ပွဲကိုဂရုမစိုက်ပေ။ ၎က အန်တီချင်ကိုနှစ်သိမ့်ပြီးနောက် သူ့အမေကိုယ့်ကိုကိုယ်အဆုံးမစီရင်ခင်ချန်ထားခဲ့သည့် စာအကြောင်းကို ပြန်လည်တွေးတောနေမိ၏။

ထိုစာအား သူ့အသက် ၁၂ နှစ်အရွယ်တွင် အန်တီချင်ထံမှ လက်ခံရရှိခဲ့လေသည်။ ကြားရသည်က ထိုစာအား အချိန်မတိုင်ခင်အထိ အန်တီချင်ကသိမ်းထားပေးခဲ့ခြင်းပင်။ စာထဲတွင်ရေးထားသည့်အဓိကအကြောင်းအရာကတော့ သူမကအမေတစ်ယောက်အနေဖြင့်မည်မျှမလုံလောက်ကြောင်းပင်။ သို့သော်လည်း သူမကအချိန်အနည်းငယ်သာနေနိုင်ခဲ့သည်မို့ သူမ၏သားအား ကောင်းမွန်သည့်ဘဝတွင်နေထိုင်၍ သူမမပိုင်ဆိုင်နိုင်တော့သည့် နွေးထွေးသောမိသားစုလေးပိုင်ဆိုင်ရစေရန် ဆုတောင်းခဲ့လေသည်။

ထိုစာထဲ၌ သူ့အဖေအကြောင်းသူမကများများစားစားအတွန့်တက်ထားခြင်းမရှိခဲ့။ ဖြစ်လာသမျှကိစ္စရပ်များအား ရင်ဆိုင်ဖြေရှင်းရန်သူမကသတ္တိကြောင်ခဲ့ပြီး အချစ်တစ်ခုတည်းဖြင့်အရာရာဖြေရှင်းနိုင်မည်ဟုယုံကြည်ခဲ့မိသော သူမ၏အပြစ်များအကြောင်းသာဖော်ပြထားသည်။ ထို့နောက်တွင်မူ သူမကဇနီးသည်တစ်ယောက်၏ဝတ္တရားကိုနားမလည်ခဲ့ကြောင်းနှင့် သူမ၏ယောက္ခမဖြစ်သူနှင့်ပြေလည်စွာဆက်ဆံဖို့မလုပ်နိုင်ခဲ့ကြောင်းများပင်။ သူမကသူမ၏သားကိုတော့ မတူညီသည့်လူတစ်ယောက်ဖြစ်စေချင်ခဲ့လေ၏။ သူမနှင့်မတူညီပါပဲ ၎င်းကသူ၏လက်တွဲဖော်အပေါ် ရိုးသားစြာဆက္ဆံ၍ ထိုလူကိုသူ့တစ်ဘဝလုံး၌ထည့်သွင်းကာ တမြတ်တနိုးချစ်သွားရန်ပင်ဖြစ်သည်။

သူ့အမေ၏စာတွင်ပါရှိသော စကားလုံးများကိုစဉ်းစားမိသည်နှင့် ဟယ့်ချန်းနင်ကြောက်ရွံ့မိလေသည်။ ထိုအချိန်ကာလများ၌ သူ့အမေတစ်ယောက်မည်သို့သောအခက်အခဲများနှင့် နာကျင်မှုများကိုသည်းခံခဲ့ရကြောင်းသူမသိနိုင်။ ထူးခြားသည့်တစ်စုံတစ်ယောက်နှင့်ကတိကဝတ်ပြုပြီးသည့်အခါ၌(တစ်ယောက်ယောက်နဲ့ချစ်မိပြီးရင်) ထိုသူ့အား မလိမ္မညာ၊ သစ္စာရှိရှိနှင့်ကတိစကားတည်ကာ ဘယ်တော့မှစိတ်မပျက်စေသင့်ကြောင်း သူမ၏သားကိုအဆက်မပြတ်သတိပေးနေခဲ့လေသည်။

ကမ်းကုန်အောင်အလိုလိုက်ခံထားရသည့် အမျိုးသားဇနီးသည် [ဘာသာပြန်]Where stories live. Discover now