34.2

6.5K 923 11
                                    

U••

ရှန်ယွီရှန်းကချန်းနင်ကိုထွေးပွေ့၍ သူ့ကိုမှီထားစေရင်း လက်ထဲ၌ဆန်ပြုတ်ကိုကိုင်ကာ တစ်ဇွန်းချင်းစီခွံ့ကျွေးလေသည်။ မကြာခဏဆိုသလို အရံဟင်းပွဲများကိုလည်း၎င်းက ယူကျွေးသေး၏။ စားသောက်ပြီးသည့်နောက်တွင်တော့ ကလေးလေးကို ပျားရည်ပါသောနို့တစ်ခွက်သောက်ဖို့ချော့မြူရတော့သည်။

ဟယ့်ချန်းနင်က ရှန်ယွီရှန်းကိုပျင်းရိစွာမှီတွယ်ထားရင်း ခက်ဖဝါးအကြီးကြီးများဆီမှ နှိပ်နယ်ပေးမှုကိုဇိမ်ခံလျက်။ သူ၏ထုံကျင်နေသောခါးလေးက ထိုနှိပ်နယ်မှုကြောင့်အနည်းငယ် သက်သောင့်သက်သာရှိသွားကာ အေးမြသောဆေးကြောင့်အောက်ပိုင်းမှနာကျင်မှုလည်းအနည်းငယ်လျော့ပါးသွားလေ၏။ သူမျက်ဝန်းများကိုမှေးကျဉ်းရင်း သမ်းဝေလိုက်မိလေသည်။

"ကျွန်တော်အိပ်ချင်ပြီ"

"အင်း ကိုယ်မင်းကိုဖက်ထားပေးမယ် အိပ်တော့"

"ခင်ဗျားလက်မောင်းတွေကျဉ်ကုန်မှာပေါ့။ ကျွန်တော်ဒီတိုင်းပဲလှဲလိုက်မယ်"

"ရပါတယ် ကိုယ်အရင်ရက်ပိုင်းတွေမှာအလုပ်များနေခဲ့တာ။ မင်းကိုကောင်းကောင်းလည်းဂရုမစိုက်ရသေးဘူး။ ကိုယ်မင်းကိုအရမ်းလွမ်းတယ် အဲ့တာကြောင့်ဖက်ထားခွင့်ပေးနော်"

ဟယ့်ချန်းနင်ညှင်သာစွာပြုံးမိလေသည်။

"လုပ်ချင်တာသာလုပ်တော့ဗျာ"

သူက သက်သောင့်သက်သာဖြစ်မည့်အနေအထားကိုရှာရင်း အေးချမ်းစွာအိပ်ပျော်သွားတော့သည်။

ရှန်ယွီရှန်း ဟယ့်ချန်းနင်ကိုငေးကြည့်နေရင်း အချိန်အတန်ကြာမှအကြည့်လွှဲကာ ကလေးလေး၏ပခုံးလေးကို လက်တစ်ဖက်ဖြင့်မကြာခဏညှင်သာစွာပုတ်ပေးရင်းသူ့ရင်ခွင်ထဲမှလူငယ်လေး အေးအေးချမ်းချမ်းအိပ်ပျော်နိုင်အောင်ချော့သိပ်မိလေသည်။

နေ့လည်ရောက်ခါနီးမှ ဟယ့်ချန်းနင်နိုးလာတော့သည်။ သူ၏ဝေဝါးနေသောမျက်ဝန်းများကို ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်ရင်း နွေးထွေးသောရင်ခွင်ကျယ်ကြီးကို မသိလိုက်မသိဘာသာဖြင့်ပင်တိုးဝှေ့မိလေ၏။

ကမ်းကုန်အောင်အလိုလိုက်ခံထားရသည့် အမျိုးသားဇနီးသည် [ဘာသာပြန်]Where stories live. Discover now