~~~~~~

ခန့်စေ   အလုပ်တွေ အပြီးသတ်ကာရန်ကုန်မှ   ပြန်ရောက်နေသည်မှာ  ၂ရက်ရှိပြီ။
လမင်းအတွက် surprise ဖြစ်စေချင်သော ကိစ္စကြောင့်
သူငယ်ချင်းတွေနှင့် ညှိကာ လမင်းသူငယ်ချင်း စိုင်းဟန်လျှမ်း၏ မိဘတွေကိုရော စိုင်းဟန်လျှမ်းကိုပါ အကောင်အထည်ဖော်မည့် ကိစ္စအား တိုင်ပင်ထားကာ အကုန်စီစဉ်ထားပြီ ဖြစ်သည်။
ချစ်ရသူကို လွမ်းပါသော်လည်း မြင်လျှင်တွေ့လျှင် မနေနိုင်ဘဲ
စိတ်အလိုလိုက်ကာ ဇွတ်လုပ်မိမည် ဆိုးတာကြောင့်၊
တိတ်တိတ်လေးသာ ချောင်းကြည့်နေရသည့် ဘဝ။
ကိုယ့် အသေးလေးက မျက်နှာမကောင်းပြန်တော့လည်း ရင်ထဲမှာနေလို့မကောင်းပြန်။

အလည်လေးက ကိုယ့်ဆိုင်ကယ်အသံကို မှတ်မိနေတာမို့ ကားနှင့် လာချောင်းကာ အလွမ်းဖြေနေရ၏။ သို့သော် သူလည်း ပြန်အိပ်မှ ရအုန်းမည်။မနက်စောစော အသေးလေးအတွက် surprise လုပ်ရအုန်းမည် မလား။

Ring!!! 📱...,

ဒက်ရှ်ဘုတ်ပေါ် တင်ထားသော ဖုန်းက မြည်လာသည်မို့ ချက်ချင်းကိုင်လိုက်တော့ .....

📱...." အေး! ..မအေဘေး ပြန်မလာသေးဘူးလား မင်းက ! "

ဝဏ္ဏဦး အသံက ပြဲလန်ကာ ထွက်လာတာမို့ ခန့်စေ နှာခေါင်းရှုံ့လိုက်မိ၏။  နွေခေါင်ခေါင် ပါးကြားအပ်တဲ့ လယ်ကွက်ထဲက ဖာပြုတ် အော်သံနဲ့။

" အခုပဲ ပြန်လာမို့ကွာ "

📱..." စောက်ပိုတွေ လုပ်ပြီး ထိုင်မနေနဲ့တော့ မနက် ၅နာရီ ကျရင်
         ၇ည မအိပ်ထားတဲ့လဒ မျက်ခွက်နဲ့ ကိုလမင်းအရှေ့
            $ရှက် ကွဲနေမယ်မနက်ကျရင်ပဲ တွေ့ရတော့မှာကို  "

(လင်းတ/လဒ)

" ငါ့ရူပါကို အထင်သေးမနေနဲ့ ပြန်လာပြီ ဒါပဲ "

ခန့်စေအိမ်တွင် အကုန်လုံး စုကာ အိပ်ကြခြင်းဖြစ်၏။ မနက်အတွက် ပြန်ခေါ်နေခြင်းဖြစ်တာမို့ ကားစက်နှိုးကာ အသာအယာ လှိမ့်ထွက်လာလိုက်၏။ 

ပိတ်သွားပြီ ဖြစ်သော ပြတင်းပေါက်လေးအား လှမ်းကြည့်ကာ ...

" မနက်ဖြန် မနက် တွေ့မယ် မောင့်လမင်း  ၊ မောင့်အချစ် အိမ်မက်တွေ လှပါစေ " ။

ချစ်ချင်လို့ ချစ်တာ ( Complete)Where stories live. Discover now