^Second Face^ Part-27

Start from the beginning
                                        

မျက်ရည်များနဲ့ ဘယ်ဘက်ရင်အုံကို ဖိပြီးကျန်နေခဲ့တဲ့ Luhan မှာတော့ ပြတ်သွားတဲ့စကားလေးကို ပြန်ဆက်လိုက်တယ် ပြီးတော့ hyung ကောင်လေးကိုအရမ်းချစ်တယ် Hun ကတော့မကြားတော့ပေ

Sulli Hun နဲ့ Kris တို့ china အပြန်ကိုလိုက်ပို့ဖို့ Luhan နဲ့ Kai လေဆိပ်ကိုရောက်နေကြတယ်
ငါကြည့်ဖြေရှင်းလိုက်မယ် Luhan ဘာမှစိတိမပူနဲ့ ပြီးတော့ ဒီကိစ္စကို appa omma တို့မသိရင်ပိုကောင်းမယ် မပြောဘဲနေကြရအောင်

Sulli ဘယ်လိုပုံစံဖြေရှင်းမယ် မသိပေမယ့် Luhan ကတော့ ကျေးဇူးတင်မိတယ် Sulli ကို ယုံကြည်တယ် သူအဆင်ပြေအောင် လုပ်ပေးမှာပါ omma appa သူတို့ကို ဘယ်လိုပုံစံနဲ့သွားတွေ့ရမလဲ

appa က သူ့ဆန္ဒအတိုင်း လုပ်ချင်တာလုပ်ခဲ့ပေမယ့် ကျွန်တော့်ကိုကျွေးမွေးစောင့်ရှောက် ခဲ့တဲ့သူပဲလေ ကျွန်တော့်ကသာ မခံယူပေမယ့် appa လုပ်ခဲ့သမျှ ကျွန်တော်ကောင်းဖို့အတွက်ချည်းပဲ
omma ကိုတော့ပိုလွမ်းမိတာပေါ့

ဘာပြောရမှန်းမသိတော့ Luhan ခေါင်းလေးတစ်ချက်ညိမ့်ပြီး ပြုံးပြလိုက်တယ် Hun ကတော့ သက်ပြင်းတွေသာချနေတယ် Kris လည်းတော်တော်ပင်ပန်းနေပုံပဲ သူလည်းအရှုပ်ထဲဝင်မိသူလေ

Kai ကတော့ Hun ကို အားပေးတဲ့အနေနဲ့ ဖက်ပြီးနှုတ်ဆက် လိုက်တယ် Luhan်လည်း အဲ့လိုလေးနှုတ်ဆက်ချင်ပေမယ့် Kris ကိုသာဖက်လိုက်ရတယ်

Kris!!
ရုတ်တရက်အော်သံကြောင့် အားလုံးအော်သံလာရာ ကြည့်လိုက်ကြတယ် ဘယ်သူလဲဆိုတော့ Dr.Suho ပေါ့ဗျာ အော်ခေါ်တဲ့နာမည်က Kris တဲ့ ဘာကြောင့်ရောက်လာလဲဆိုတာက တော့ .......

နှစ်ယောက်သားဖက်နေကြပြီ မျက်ရည်လေးတွေဝဲလို့ Kris ဘေးမှာရပ်နေတဲ့ Luhan ကတော့ တွန်းထုတ်ခံလိုက်ရတယ် Kai ကတော့ ပြုံးစိစိနဲ့ ကျန်သူတွေကတော့ ကြောင်ကြည့်နေတယ် နောက်မှ Luhan လည်းရိပ်မိသလိုလို ရှိလာပြီးလိုက်ပြုံးမိတယ်

aww.. Kris ရယ် မင်းရင်ခုန်ရမယ့်သူ ရှိပြီပေါ့
ကျွန်တော်က အရူးကြီးကျလို့ ပြောသာပြောနေတာ သူတို့နှစ်ယောက် က နှုတ်ဆက်လို့မပြီးသေး ဟူးးးး အရှုပ်ဖူးစာပေါ့

Suho ကိုယ်နဲ့လိုက်ခဲ့မလား
ဘယ်လိုလိုက်မလဲ ဒီမှာလူနာတွေနဲ့
ဟင်းးး စိတ်မချဘူးကွာ
Kris ကလည်း Kris ပြန်လာလေ စိတ်မချရင်
ကိုယ်ပြန်လာမှာပါ ဒါပေမယ့် ခဏတော့ခွဲရဦးမယ် ကိုယ့် Suho လေးနဲ့

အမယ်လေးလေး လေဆိပ်မှာ ရုပ်ရှင်လာရိုက်နေတယ်
ကဲ ကဲ ကျွန်တော်တစ်ယောက်လုံးရှိ တယ် စိတ်ချသာသွား Kris hyung ရေ Kai ကဝင်ပြောတော့ Suho က
စိတ်ချပါ Kris ရယ် ပြီးတော့ မြန်မြန်ပြန်လာပါတဲ့

နှစ်ယောက်သား နှုတ်ခမ်းချင်းတေ့ပြီး နှုတ်ဆက်လိုက်တော့ ဘေးနားမှာရှိတဲ့လူတွေ အကြည့်လွှဲလိုက်ရသေး တော်တော်ကဲနေတယ်ပေါ့လေ

ဒီလောက်အချိန်လေးမှာ ဒီလိုတိုးတက်သွားတယ်ပေါ့ Kris ကြီးကတော်သားပဲ Luhan တွေးရင်း Hun ကိုလှမ်းကြည့်လိုက်တယ် သူလည်း Luhan ကိုကြည့်နေတာပဲ

လေယာဉ်ထွက်ခွာချိန်နီးတော့ အားလုံးနှုတ်ဆက်ပြီး ထွက်သွားကြတယ် Sulli မသွားခင် Luhan ကိုဖက်ပြီးနှုတ်ဆက်လိုက်တယ် ပြီးတော့ မျက်လုံးကို သေချာစိုက်ကြည့်ရင်း

သမင်မျက်လုံးတွေ နဲ့ သဘောမနောကောင်းပြီး နူးညံ့တဲ့နင့်ကို နှမြောတော့နှမြောတယ် Luhan ရယ်တဲ့ Sulli ဘာကိုဆိုလိုမှန်း ဘယ်သူမှမသိခဲ့ စဉ်းစားနေချိန်မှာပဲ နင့်မျက်နှာကြီးကလည်း အဆင်မပြေလိုက်တာတဲ့

Sulli အပြောကြောင့် အားလုံးရယ်မိပြန် တယ် သေချာတွေးကြည့်ရင်တော့ ရယ်စရာကြီးပါ အရာအားလုံး ရှင်းလင်းသွားရင် အဆင်ပြေသွားရင် Luhan နဲ့ Sehun တို့ရဲ့ Second Face ဒုတိယမျက်နှာ ကိစ္စက ဟာသာအနေနဲ့ ကျန်ခဲ့မှာပဲ

ဒါပေမယ့် ရှင်းလင်းဖို့ အဆင်ပြေဖို့က လိုသေးတယ်လေ ကြိုးစားရမှာပေါ့ Hun လည်း အကောင်းဆုံးကို စဉ်စားပြီးဆုံးဖြတ်ရမယ် Luhan လည်း အချစ်တွေ ထုတ်ပြရမယ်

ဒါပေမယ့် ဒါပေမယ့် ဇာတ်သိမ်းက လှပပါ့မလား???

Waiting for vitamin votes and feedbacks.. saranghae.. gamsamitha.. 90° bow..

Krisho ဟဲ ဟဲ appa နဲ့ omma ကို တွဲပလိုက်တယ် ဒီတော့ ကျန်နေသူ Kai အတွက်တော့ ဒီမှာတစ်ယောက်လုံးရှိတယ် ဘာမှမပူနဲ့ :p ရှည်သွားပြန်တော့ နောက် part ပေါ့နော်

^Second Face^ ( Completed ) Where stories live. Discover now