^Second Face^ Part-27

Start from the beginning
                                        

Hun ရဲ့ကျောပြင်လေးကို ပါးအပ်ကာ ငိုကြွေးနေမိပြီ တစ်ချက်တစ်ချက် ခေါင်းလေးနဲ့ဝှေ့ကာ့  မထိတထိနမ်းရှိုက်မိတယ် လွမ်းနေတာ လွမ်းလိုက်ရတာ အခုမှဒီလိုလေး နေရတော့တယ်

Luhan ရဲ့ နှာဖျားကရှုထုတ်တဲ့ လေလေးတွေရယ် နူးညံ့ဆဲ အထိအတွေ့တွေ ပါးပြင်လေးနဲ့ မရဲတရဲ အနမ်းလေးတွေ ကျွန်တော်လည်းလွမ်းတာပါပဲ

Hun လည်းကျောက်ရုပ်ပမာ မျက်လုံးစုံမှိတ်ရင်း ကျောပြင်က
တစ်ဆင့် ခံစားမှုတွေဖလှယ်မိတယ် ပါးပြင်ပေါ်မှာတော့ မျက်ရည်စီးကြောင်းတို့ ကျဆင်းလျက်

Hyung ကို ခွင့်လွှတ်တယ်မလား နှစ်မိနစ်လောက်ငြိမ်နေပြီးမှ Luhan စကားစပြောလိုက်တယ်
မသိဘူး ဘယ်လိုဖြေရမလဲ ဖြေခွင့်ရောရှိရဲ့လား ရူးနှမ်းစွာ စိတ်လိုက်မာန်ပါ လုပ်ခဲ့တဲ့လူတစ် ယောက်အနေနဲ့ ဖြေခွင့်ရှိရဲ့လား

ကောင်လေး ဖြေပါ ကောင်လေးရယ် တစ်ကယ်လို့မကျေနပ်ဘူးဆိုရင်လည်း ကြိုက်သလိုပြော ကြိုက်သလိုလုပ် ကြိုက်သလိုအပြစ်ပေးပါ ရှောင်ဖယ်ဖို့တော့ မကြိုးစားပါနဲ့ နော် ကောင်လေးး hyung

Hun Luhan လက်တွေကို ဖြုတ်ချလိုက်တယ် ရှိုက်သံတွေပါနေတဲ့ Luhan ရဲ့ စကားသံတွေကို ဆက်နားမထောင်နိုင်တော့
ကျွန်တော်တစ်ယောက်ထဲ နေချင်လို့ပါ ကျွန်တော့်ကိုလွှတ်ပေးလိုက်ပါ ကျေးဇူးပြု၍

Luhan ရဲ့ ဒုတိယအကြိမ် သိုင်းဖက်ဖို့ ကြိုးစားနေတဲ့ လက်လေးတွေ ငြိမ်သွားရတယ်
တောင်းပန်တယ်ဆိုတဲ့ စကားကလွဲပြီး ပြောစရာမရှိပါဘူး ကောင်လေးရယ် ဖြစ်နိုင်ရင်အရင်တုန်းက အချိန်တွေကို ပြန်သွားချင်တယ်

စိတ်ကူးယဉ်ပိုင်ခွင့်တောင် မရှိပေမယ့် မရဲတရဲမျှော်နေပါ့မယ် အမှတ်တရတွေ ဆက်ဖန်တီးချင်တယ် ကောင်လေးအနားမှာ ဆက်နေချင်တယ် ပြီးတော့

Hun ပြေးထွက်သွားပြီ ဟင့်အင်း ဆက်နားမထောင်နိုင်ဘူး တောင်းပန်တယ် ကျွန်တော့်ဘက်ကလည်း တောင်းပန်ပါတယ် ဒါပေမယ့် တည်ငြိမ်အောင်ကြိုးစားချင်သေးတယ် အခုကျွန်တော့်စိတ်တွေ အရမ်းလှုပ်ရှားပြီး ရှုပ်ထွေးနေလို့ပါ

^Second Face^ ( Completed ) Where stories live. Discover now