"ညစာအတွက် ငါးပေါင်းဆိုရင်ကော" လင်းဖန်က နောက်လှည့်ကာ ပြုံးလိုက်ပါသည်။

ငါးပေါင်းဆိုသည့် အသံကိုကြားသောအခါ ရှားဝမ်ချွေ့ ချက်ချင်း ပျော်ရွှင်လာပါသည်။

"မြောင် မြောင်~" ရှားဝမ်ချွေ့က ချစ်ဖို့ကောင်းသော လက်ဟန်အနေအထားလေးနှင့် မျက်နှာထားလေး လင်းဖန်ကို လုပ်ပြလိုက်ပါသည်။

"လင်းဖန် ငါ ဝေ့ပေါ်မှာ ပို့စ်တင်လိုက်မယ်နော်။ မဟုတ်ရင် အင်တာနက်ပေါ်က ရေပန်းအစားဆုံး ရှာဖွေမှုတွေ တိုးလာလိမ့်မယ်" ရှားဝမ်ချွေ့က လင်းဖန်၏ သဘောထားကို မေးနေသည့် ပုံပင်။

"အင်း တင်လိုက်လေ။ ငါတို့က အတွဲတွေ မဟုတ်ဘူးလို့ ရှင်းလိုက်။ နင်က ငါ့ဝက်မလေးဆိုတာ ရှင်းနေတာပဲကို" လင်းဖန်က ပြုံးကာ ပြောလိုက်ပါသည်။

"ဟွန်း နင်ကမှ ငါမွေးထားတဲ့ ဝက်လေး။ ပြီးတော့ ငါ့ရဲ့ ပါဆင်နယ်စားဖိုမှူးပဲ" ရှားဝမ်ချွေ့က လင်းဖန်ကို ကြမ်းကြမ်းတမ်းတမ်း ကြည့်လိုက်ပါသည်။

"နင့်ကြမ်းတမ်းတဲ့ ပုံစံကလည်း နည်းနည်း ချစ်ဖို့ ကောင်းနေတယ်" လင်းဖန်က အတည်ပေါက် ပြောလိုက်ပါသည်။

"မြောင် မြောင်။ ချီးထုပ် လူဆိုးကောင် လင်းဖန်။ ငါနင့်ကို ကုတ်မှာ ကုတ်မှာ ~~~" ထိုစကားကို ကြားသောအခါ ရှားဝမ်ချွေ့ ပို၍ပင် စိတ်ဆိုးသွားခဲ့ပါသည်။

လင်းဖန် သူမအတွက် ညစာချက်ပေးနေတာကို ကြည့်ရင်း ရှားဝမ်ချွေ့ ချိုမြိန်စွာ ပြုံးလိုက်ပါသည်။ သူမဖုန်းကို ယူပြီး ဆယ်ဖီဆွဲလိုက်၏။ သူမ တကယ်ကြည့်ကောင်းပါသည်။

တစ်ချိန််တည်းမှာပြ ရှားဝမ်ချွေ့ ဝေ့ပေါ်ကိုဖွင့်လိုက်ပြီး ရိုးရိုးရှင်းရှင်း စကားလုံးတချို့ကို ရေးလိုက်ပါသည်။

[ကျွန်မတို့က ချစ်သူတွေ မဟုတ်သေးပါဘူး]

အမှားမရှိကြောင်း စစ်ဆေးပြီး တင်လိုက်ပါသည်။

ရှားဝမ်ချွေ့နှင့် လင်းဖန်တို့က စုံတွဲမဟုတ်သေးပါ။ အွန်လိုင်းပေါ်က ဗြောင်းဆန်မှုနဲ့ ရင်ဆိုင်ရပြီးနောက် ထိုစကားလုံးအချို့က အင်တာနက်အတွက် ရှားဝမ်ချွေ့၏ တုန့်ပြန်မှုဖြစ်ပါသည်။

သန်းကြွယ်ခြေလှမ်း (လင်းဖန်)Unde poveștirile trăiesc. Descoperă acum