Ch-39/40

683 58 0
                                    

အခန်း(၃၉) ဟုတ်ပြီ

နောက်တစ်နေ့ လင်းဖန် နိုးလာသောအခါ Sign-in ဝင်လိုက်ပါသည်။

ဒင်... [စာရေးဆရာအဆင့်၊ မာစတာ အဆင့်] ကိုရရှိသွားတဲ့အတွက် ဂုဏ်ပြုပါတယ်။

ဒင်... [ဇာတ်ညွှန်းဆရာအဆင့်၊ မာစတာအဆင့်]ကို ရရှိသွားတဲ့အတွက် ဂုဏ်ပြုပါတယ်။

"သက်ဆိုင်ရာ အချက်အလက်တွေအားလုံး သခင်လေးရဲ့ စိတ်ထဲ အလိုအလျောက် ဝင်ရောက်သွားပြီး မှတ်ဉာဏ်ထဲ တွယ်ကပ်သွားပါပြီ။"

လင်းဖန်က ဇိမ်ခံကားတစ်စီး သို့မဟုတ် ကျောင်းခရိုင် အိမ်တစ်လုံး ထပ်ရလိမ့်ဦးမည်ဟု ထင်ထားသော်လည်း ဒီတစ်ခေါက် စကေးနှစ်ခု ရလိမ့်မည်ဟု မထင်ခဲ့ပါ။

တက္ကသိုလ်က ဘွဲ့ရပြီးနောက် ၃ နှစ်တာလောက် ရေးခဲ့သည့် လင်းဖန်၏ ဝတ္ထုအားလုံးမှာ ကျရှုံးခဲ့ရပါသည်။ ထို့နောက် စားသောက်ဆိုင်ငယ်လေး တစ်ဆိုင်ကို ဖွင့်ကာ အခုလို အဆင့် ရောက်လာဖို့ ဖြည်းဖြည်းချင်း လုပ်ဆောင်ခဲ့ရပါသည်။

ထိုစကေးနှစ်ခုကို တတ်မြောက်ပြီးသောအခါ သူ့စိတ်ထဲ ပရော်ဖက်ရှင်နယ်ဆန်သည့် ဗဟုသုတတချို့ အများကြီး ပိုတိုးလာသည်ဟု လင်းဖန် ခံစားလိုက်ရပါသည်။ စာအုပ်တစ်အုပ်၏ အားနည်းချက် အားသာချက်များကို နားလည်နိုင်သည်။ ဇာတ်ညွှန်းများကို နားလည်နိုင်စွမ်းတောင် တစ်ဆင့် မြင့်တက်သွားခဲ့ပါသည်။

သို့သော်လည်း ထိုစကေးများက အများကြီး အသုံးဝင်သည့်ပုံမပေါ်ပေ။ ယခု လင်းဖန်တွင် အိမ်တစ်လုံး ကားတစ်စီးနဲ့ ဖြစ်နေပြီဖြစ်သဖြင့် နေ့တိုင်း အိမ်လခ ကောက်ခံရင်းနဲ့သာ နေလိုတော့သည်။ လင်းဖန်တစ်ယောက် စိတ်အေးလက်အေးနှင့် ကျေနပ်နေပါသည်။ မကြာခဏ ကောင်မလေးများကို ဖွန်ကြောင်မည်။ သိပ်ပြီး မဆိုးလှပါဘူး။

ထိုအချိန်တွင် လင်းဖန်၏ ဖုန်းသံ မြည်လာခဲ့၏။

"မင်္ဂလာပါ မစ္စတာလင်း။ ကျွန်မက ဆရာရှုရဲ့ လက်ထောက်ပါ။ ယွဲ့ဟွာဖျော်ဖြေရေးကိုယ်စား ရှင်နဲ့ စာချုပ်တစ်ခု ဆွေးနွေးချင်လို့ ဖုန်းဆက်လိုက်တာပါ" အမျိုးသမီး အသံတစ်သံ ထွက်လာခဲ့ပါသည်။

သန်းကြွယ်ခြေလှမ်း (လင်းဖန်)Where stories live. Discover now