Ch-157/158

719 39 4
                                    

လင်းဖန် 157+158

အခန်း(၁၅၇) လက်ကိုင်ခြင်း

အားလုံး၏ မျှော်လင့်တကြီး အကြည့်များကို ကြည့်လိုက်ပြီး လင်းဖန် ပြုံးသာ ပြုံးလိုက်ပါသည်။

"အားလုံးပဲ အခု လောလောဆယ်တော့ အဲ့လိုလုပ်ဖို့ လိုဦးမယ် မထင်ဘူး။"

"ဓားနှင့်နတ်သမီးဒဏ္ဍာရီရဲ့ ကြည့်ရှုသူ အဆင့်သတ်မှတ်ချက်က ကြယ်ဥယျာဥ်နဲ့ တကယ်ပဲ မယှဥ်နိုင်သေးဘူး။"

"ဒါပေမယ့် ဒါက အစပဲ ရှိသေးတယ်ဆိုတာကို မမေ့ကြပါနဲ့။"

"ဓားနှင့်နတ်သမီးဒဏ္ဍာရီရဲ့ ဇာတ်လမ်းက ဘယ်လောက် စိတ်ဝင်စားဖို့ ကောင်းသလဲဆိုတာ အားလုံး သိကြမယ်လို့ ယုံကြည်ပါတယ်။ အားလုံးလည်း ကျန်ဇာတ်လမ်းဇာတ်ကွက်တွေကို သိပြီးကြပြီ။"

"ကြယ်ဥယျာဥ်နဲ့ ကျွန်တော်တို့ တိုက်ရိုက် မယှဥ်ပြိုင်ချင်ဘူး။ သူတို့ကို ကြောက်လို့ မဟုတ်ဘူးနော်။"

"ကြည့်ရှုသူ အဆင့်သတ်မှတ်ချက်တွေကို ထုတ်ပြန်ရမယ်ဆိုတော့ ကျွန်တော်တို့ တစ်ခုခု လုပ်ဖို့ လိုအပ်လို့ပါ..."

"ကျွန်တော်တို့ ကမ္ဘာကြီးကို အလုံးအရင်းနဲ့ သိမ်းပိုက်ကြမယ်။"

လင်းဖန် စကားပြောပြီးသွားသောအခါ အားလုံးကို ကြည့်လိုက်ပါသည်။

လင်းဖန်၏ လေးနက်သော စကားလုံးများကို ကြားလိုက်ရသောအခါ အားလုံး သူ့အရှိန်အဝါကို  ခံစားလိုက်ရပါသည်။

ကြည့်ပါဦး။ ဒါကမှ ယွဲ့ဟွာရဲ့ ပါရီရှင် ဒါရိုက်တာတစ်ယောက်ရဲ့ ယုံကြည်ချက်ပဲ။

ဒါက လင်းဖန်ရဲ့ ယုံကြည်ချက် ဖြစ်သည်။

လင်းဖန်၏ စကားလုံးများက အလွန် အားတက်ဖို့ ကောင်းပါသည်။

ဝန်ထမ်းအားလုံး အတော်လေး တက်ကြွသွားကြ၏။

သူတို့က အောင်မြင်ပြီးသား ဖြစ်သည်။ ကြည့်ရှုသူ အဆင့်သတ်မှတ်ချက်က ကြယ်ဥယျာဥ်ကို မယှဥ်နိုင်သေးသဖြင့် ထုတ်ပြန်လျှင် ဘာအဓိပ္ပာယ်ရှိမှာလဲ။

လင်းဖန် ပြောတာ မှန်ပါသည်။ ဒါက ပထမဆုံးနေ့၏ ကိန်းဂဏန်းများသာ ရှိသေးသည်။

သန်းကြွယ်ခြေလှမ်း (လင်းဖန်)Where stories live. Discover now