ဟန်လျှမ်းပြောသလိုပါပဲ လမင်းကသာ မဖြစ်သင့်တာကို ပုံကြီးချဲ့ပြီး
ဝေးကွာစေဖို့ တစ်ဖက်သတ်ဆန်စွာ လုပ်မိနေတာ။

~~~~~~~~~

ခန့်စေ  လမင်း၏အခန်းပြတင်းပေါက်ကလေးကိုသာ ကြည့်နေမိသည်မှာ ကြာပြီ။ ခြံတံခါးကို သံကြိုးအထပ်ထပ်ဖြင့် ချည်ကာ သော့ခတ်ထားပြီး အိမ်တံခါးမကြီးဟာလည်း စေ့စေ့ ပိတ်လို့နေသည်မှာ ၃ရက်ရှိပြီ။ ထိုအစား  အခန်းပြတင်းလေးကသာ
ည ၈:၀၀အထိ ဖွင့်ထားတတ်တာကြောင့် ထို ပြတင်းပေါက်လေး ပိတ်သွားမှသာ သူ ပြန်နေကြ။  တဇွတ်ထိုးဆန်စွာ ခြံစည်းရိုး ကျော်ခွပြီး အခန်းပြတင်းကနေ ဝင်ပြီး ချစ်ရသူဆီ သွားရင် ဖြစ်ပါ၏။သို့သော် ခန့်စေ မသွားဖြစ်။

ပြဿနာကို ဒီလို တဇွတ်ထိုး ကျော်ခွပြီး ဝင်ဖြေရှင်းလို့ မရ။
သူ့ ချစ်ရသူလေးက စိတ်ဆိုးနေသည် မဟုတ်ပါလား။
သူ့ စိတ်ကိုသာ ဦးစားပေးဖြစ်ခဲ့ရင် ပိုဆိုးနိုင်တာမို့။ အရိပ်ကလေးပဲ မြင်နေရရင်တောင် လက်တလော ကျေနပ်နိုင်တာမို့ အဝေးကနေသာ ကြည့်နေရသည်။

*မောင့် လမင်းက အသည်းမာလိုက်တာ..
မောင့်ကိုဖြင့် တစ်ချက်လေးတောင် ‌စောင်း၍ ငဲ့ မကြည့်သွား။
မောင့်မှာဖြင့် နှလုံးသား တစ်ခုလုံး လွမ်းနာ လွမ်းဖျားကျလို့ *

မောင့်ကို စိတ်ဆိုးအမြန်ပြေ တန်ကောင်းပါရဲ့။

~~~~~~~~~~~~

ချစ်ရသူ ရှိနေမည့် အခန်းပြတင်းလေးကိုသာ ခန့်စေ မျှော်ကြည့်နေတုန်း အိမ်တံခါး ပွင့်လာသည်မို့ ဆိုင်ကယ်ပေါ် ထိုင်နေရာမှ ယောင်ယမ်းကာ မတ်တပ် ထရပ်လိုက်မိသည်။

လှေကားပေါ်မှ တစ်လှုပ်လှုပ်ဆင်းလာသည့် လမင်း။
တဖြည်းဖြည်းနီးကပ်လာပြီမို့ ပြေးကာ ထွေးပွေ့ချင်စိတ်ဟာ စိတ်ရခက်၏။

ခြံတံခါးကို ဖွင့်ကာ အတန်ကြာ ခန့်စေအား ရပ်ကြည့်နေပြီးမှ
တိုးညှင်းစွာ စကားဆိုလာ၏။

" မောင်~~~အိမ်ထဲဝင်ခဲ့လေ "

"ဟင်..! "

" အိမ်ထဲဝင်လို့ ..အပြင်မှာ အေးတယ် မောင်ရဲ့  "

ချစ်ချင်လို့ ချစ်တာ ( Complete)Where stories live. Discover now