အခန်း{၁}

540 39 5
                                    

*ဒိုင်း..ဒိုင်း.. ဒိုင်း*

သေနတ်ပစ်သံခပ်ကြမ်းကြမ်းနှင့်အတူ သေနတ်၏ပြောင်းအဝ၌မီးခိုးငွေ့ကလေးမသိမသာထွက်သွားသည်။

ထိုနောက်လက်ခုပ်သံခပ်ကျယ်ကျယ်ထွက်လာသည်။

"ဒါမှငါ့သမီးကွ ဟားဟား"

အဖေ၏ချီးကျူးသံကြောင့်နှုတ်ခမ်းတစ်ဖက်ကိုမသိမသာပြုံးယောင်လိုက်သည်။တည်ငြိမ်သူ၊အေးစက်သူ၊လုပ်ရဲကိုင်ရဲသူ၊သွေးမလန့်တတ်သူ၊ထိုသူဟာ ရှင်းခမောင်မောင်တည်း။အကြေဧရိယာကို အပိုင်စားအုပ်ချုပ်ခွင့်ရသူ ဦးဒင်း​မောင် ၏သမီးထွေးဖြစ်သည်။အမွှာအစ်ကိုတစ်ယောက်လည်းရှိသည်။သို့ပေမယ့်နှစ်ယောက်စလုံးဟာ ရုပ်ရည်ခပ်ဆင်ဆင်ပင်၊သေချာသိတဲ့သူဆိုရင်တော့ မတူကြပေ။ မိန်းကလေးနှင့်ယောက်ကျားလေးကွဲသွားတာပဲ့တူမည်။စိတ်ဓာတ်ကတော့ဆန့်ကျင်ဘက်။ရှင်းခမောင်မောင်မှာစိတ်ဓာတ်ရင့်၍ရဲရင့်သော်လည်း အမွှာအစ်ကိုမှာ နူးညံ့၍ အေးဆေးသည်။အဖေပြောသလို နေရာမှားတဲ့။

"မပစ်တာတောင်ကြာပြီကို လက်ရည်ကမကျသေးဘူး။ဘယ်လိုလဲမြန်မာပြည်ပြန်ရောက်တာနေသားကျပြီလား"

"ဒီလိုပါပဲ့အမိမြေကိုနင်းရတော့ကျုပ် ခံစားချက်ကသိပ့်ကောင်းသွားတာပဲ့အဖေ"

အကြောင်းမှာနိုင်ငံခြားမှဘွဲ့အထူးကိုရပြီး၍မြန်မာပြည်ကိုပြန်လာသည်ပင်၁ပတ်ခန့်မကြာသေးပေ။ဆံပင်ဂုတ်ကျော်အရွယ်ဟာ ရှင်းခမောင်မောင်နှင့်သိပ့်လိုက်ဖက်သည်။ယောက်ျားလေးလိုနေပုံထိုင်ပုံကရဲရင့်ဟန်ရှိ၍ ဖခင်၏သဘောမနောတွေ့ခံရသူတစ်ဦးလည်းဖြစ်သည်။အသက်ပြတ်သားသည့်အတွက်အဖေ့၏သဘောမနောတွေ့ခံရသူဖြစ်သည်။၂၅နှစ်အရွယ်အမျိုးသမီးဟာထိုမျှပင်တည်း။

"ဒါနဲ့ သမီးသတင်းတစ်ခုကြားမိသေးလား။အထက်ပြည်၊အောက်ပြည်တစ်ခွင်ကို လွှမ်းနေတဲ့သတင်း"

သေနတ်ဖြုတ်ကစားနေသော ရှင်းခမောင်မောင်၏လက်တို့သည်ရပ်တန့်သွားခဲ့သည်။

"ရှမ်းစော်ဘွားအကြီးအကဲရဲ့တစ်ဦးတည်းသော သမီးကိုပညာအဆင့်အဆင့်ယှဥ်ပြိုင်နိုင်သူနဲ့လက်ထပ်ပေးမယ်ဆိုတာလားအဖေ။သမီးကြားမိပါတယ်..။အခုထိရှေးရိုးစွဲတုန်းပဲ့။ဒါဖြင့် အဖေကဒီအကြောင်းပြောတာ မင်းခနဲ့ဆိုင်ချင်နေလို့လား"

ပန်းမကင်းWhere stories live. Discover now