အခုသူနိုးလာသောအခါတွင်လည်း
လက်များကအချည်ခံထားရသည့်အပြင် ခေါင်းများကလည်းနောက်ကျိနေသေးသည်။
သူပြန်ပေးအဆွဲခံခဲ့ရတာလား။

"နိုးပြီလား စာရေးဆရာကြီး"

သက်ပိုင်အသံလာရာသို့ကြည့်လိုက်တော့ ထိုင်ခုံပေါ်တွင်ခြေချိတ်ကာထိုင်နေသော လူတစ်ယောက်အား အထပ်ထပ်နှင့်မြင်လိုက်ရပြီး အရာအားလုံးဟာမှုန်ဝါးမှုများဖြင့်သာကြီးစိုးနေ၏။

သက်ပိုင်ခေါင်းအား အနည်းငယ်ခါလိုက်ရင်း အမြင်ကြည်သွားအောင်လုပ်လိုက်သော်လည်း မျက်လုံး၏မှုန်ဝါးမှုမှာလုံးဝမပျောက်သွားခဲ့ချေ။

ထိုအချိန်တွင် သူ၏မျက်နှာအကြမ်းပတမ်းမော့ပစ်၍ သောက်ရေများအား လောင်းထည့်လာသောကြောင့် သက်ပိုင်မှာ သီးပင်သီးသွားရ၏။
သို့သော် ထိုကျေးဇူးကြောင့်ခေါင်းကအနည်းငယ်ကြည်လင်သွားကာ သူ့အရှေ့မှလူအား သေချာစွာကြည့်ရှုလို့ရသွားသည်။

"နှိပ်စက်နေတဲ့အချိန်အသိစိတ်လွှတ်နေရင်ပျော်ဖို့မကောင်းဘူးလို့ မင်းမထင်ဘူးလား"

ထိုလူက မျက်လုံးအားမှေးကျင်းကာသိပ်ကိုသဘောတကျပုံစံနှင့်ပြုံးကာ သက်ပိုင် အားသားကောင်သဖွယ်ကြည့်နေ၍ ဤသည်ကိုသိပ်ကိုနှစ်ခြိုက်နေဟန်။

Psychopathလား။

"မင်းတွေးမှာပေါ့ ငါ့ဘာလို့မင်းကိုခေါ်လာရသလဲဆိုတာ"

"......"

"ရိုးရှင်းပါတယ် Aaromကိုမျှားခေါ်ချင်လို့ သူကမင်းနဲ့အကြောင်းမပြမချင်းငါ့ကိုလက်ခံမှာမဟုတ်ဘူးလေ။
ပြီးတော့သာမန်ပြန်ပေးဆွဲရုံနဲ့လည်း သူကဖြုံမှာမဟုတ်ဘူး ဒါကြောင့်မင်းကပဲ သည်းခံပေးလိုက်ပါ၊ စိန်ခေါ်မှုတွေကပျော်ရွှင်မှုပဲ ပြိုင်ဆိုင်မှုနဲ့အနိုင်ရရှိမှုတွေကငါ့ကို ပျော်ရွှင်စေတယ်။"

သက်ပိုင် အရှေ့မှလူအားမျက်မှောင်ကျုံ့ကာဖြင့် စူးစိုက်ကာကြည့်နေလိုက်သည်။
ထိုသူက လေးလေးငယ်ပြောပြဖူးသည့် Robertဆိုသည့်လူပဲ ဖြစ်ရမည်။

သက်ပိုင် အားယူလိုက်ပြီး စကားတစ်လုံးအား ပြောလိုက်သည်။

"သောက်ရူးကောင်"

In Love With An Old Mafia(Complete)Where stories live. Discover now