အပိုင်း(၄၃) ဆံပင်များကို ချစ်မြတ်နိုးလျှင် စနောက်ရာတွင် limit မကျော်ရ၊

138 21 0
                                    

ဖျောက် ဖျောက် ဖျောက်
မနက်စောစောတွင် မိုးရေစက်များက အာကာပြင်ထက်ကနေ တစ်စတစ်စကျဆင်းနေလေသည်။ကောင်းကင်ကြီးကလည်းမည်းမှောင်နေလေသည်။ ယခုရက်ပိုင်းတွင် ကပ္ပလီပင်လယ်၌ မုန်တိုင်းငယ်တစ်ခုရှိတာကြောင့် မြစ်ဝကျွန်းပေါ်နှင့် နီးသော ရန်ကုန်တွင်လည်း မိုးများစွေနေလေသည်။ သာမန်ကျောင်းသားများသာဆိုရင် အခုလောက်ဆိုရင် စောင်ခြုံကွေးနေရမည်ဖြစ်သော်လည်း တက္ကသိုလ်ဝင်တန်းကျောင်းများမှာ မနက်စောစောထကာ အားမန်အပြည့်ဖြင့် စာအံလေ့လာနေကြသည်။ အထက (၁) ကျောင်း၏ မြန်မာစာချိန်မှာတော့ ကျောင်းသားများက စာကို သင်အံလေ့လာနေကြလေသည်၊

မြတ်သျှင်မောင်၊ ရန်ပိုင်နှင့် မြတ်သာဦးတို့သည် ပြတင်းပေါက်ဘေးတွင် တန်းစီထိုင်ကာ မြန်မာစာကို အသံထွက်ကာ ဖတ်နေကြလေသည်။ မနေ့တုန်းက မြန်မာဆရာမသည် သူတို့အား တက်ကြွစေခြင်းအလို့ငှာ ကိုလိုနီခေတ်တွင် ဆရာကြီး သိပ္ပံမောင်ဝရေးသားခဲ့သော ရသစာတန်းငယ်တစ်ပုဒ်ဖြစ်သည့် နိဗ္ဗာန်ဆော်ကို အိမ်စာအဖြစ် ဖတ်ခိုင်းလေသည်။ ယနေ့မနက်တွင် ဆရာမ သူတို့အား နိဗ္ဗာန်ဆော်စကားပြေမှ ခက်ဆစ်များကို အလွတ်လာဆိုခိုင်းလေသည်။

မြန်မာစာအချိန်သည် နေ့လယ်စာစားချိန်မတိုင်ခင်ဖြစ်တာကြောင့် နောက်ကျလျှင် မုန်ဈေးတန်းသွားတာနောက်ကျနေမည်ဖြစ်တာကြောင့်မြတ်သျှင်မောင်တို့ အုပ်စုကတော့ ဆရာမနားကို စုပြုံတိုးကာ စာဆိုဖို့အရေး အလုအယက်တိုးနေကြလေသည်။ မြတ်သျှင်မောင်နဲ့ ရန်ပိုင် မြတ်သာဦးတို့ ၃ ယောက်က အတန်းသားအချင်းချင်း အနိုင်ကျင့်ကာ ဆရာမဆီကို အလှည့်ကျော်ကာ ဝင်တိုးလေသည်။ ထိုထဲက မြတ်သျှင်မောင်က ရှေ့ဆုံးနေရာသို့ ရောက်သွားလေသည်။ ထို့ကြောင့် မြတ်သျှင်မောင်က အရင်ဆိုရလေသည်။

" နိဗ္ဗာန်ဆော် = ကောင်းမှုကုသိုလ်ပြုလုပ်ရန် ဆော်ဩသူ။
ပယောဂ= အားထုတ်မှု၊ လှုံ့ဆော်မှု။
ကလက်တက် = တီးခေါက်အချက်ပေးရန် သုံးသော အုန်းမောင်း "

" မှားနေတယ် ပြန်ဆို " မြန်မာဆရာမက ပြောလိုက်သည်။

" တီးခေါက်အချက်ပေးရန် သုံးသော သုံးသော သုံးသော......" မြတ်သျှင်မောင်က ထိုနေရာကိုသာ ထပ်တလဲလဲဆိုလျက် ထစ်နေလေသည်။ ထိုအခါတွင် နောက်၌ ဆိုရန် တန်းစီနေသော ရန်ပိုင်က ခပ်တိုးတိုးဖြင့် " အခေါင်းထွင်း သစ်လုံး " ဟု ပြောလိုက်သည်။

《ပွင့်ဖူးသဇင် ပင်ထိပ်တင် ပန်းတော်ဝင်မို့ ထူးလှတယ် 》Where stories live. Discover now