ဟော်ရှင်း အဲ့တော့မှ ခေါင်းတဆတ်ဆတ် ညိတ်ရင်း သဘောပေါက် သွားခဲ့သည်။

~~~~~~~~~~

ပေကျင်း လေဆိပ်တွင်တော့ ခပ်ချောချော ကောင်မလေး နှစ်ယောက် မျက်မှန် အမဲတပ်ပြီး အရှေ့ကနေ ကော့လန်ပြန်အောင် လျှောက်သွားနေကြပြီး ...

အနောက်မှာတော့ ချောချောလေးပေမယ့် ကယ်ရီ သမားပုံစံ ပေါက်နေရတာတော့ ရေသူထီးလေး ရှောင်းကျန့်ပါပဲ။ သူ့မှာ မျက်ရည်တွေ ညစ်ထုတ်ပြီး ရလာတဲ့ ပုလဲလုံးလေးတွေနဲ့ ခပ်မိုက်မိုက် ဖြစ်အောင် ပြင်ဆင်ထားပေမယ့် အရှေ့က သွားနေတဲ့ နှစ်ယောက်ရဲ့ အဝတ်သေတ္တာကို သယ်ပေးနေရတယ်။ ဘယ်လိုပဲ လက်ကနေပဲ ဆွဲသွားရတယ်ဆိုပေမယ့် အခု သူ ဝတ်စားထားတဲ့ ပုံစံနဲ့ မကိုက်ပဲ ရှိုး တော့ ပဲ့ နေရတာပါပဲ။

ရှဲန့်မု သူ့ဘေးကနေ ခေါင်းကို မော့ရင်း လျှောက်နေတဲ့ မုယွီ့ကျင်း နာမည်နဲ့ တစ်ယောက်ကို မျက်မှန် အမဲအောက်ကနေ ကြည့်လိုက်ပြီး ...

' နင်က ဘာလို့ ငါ လုပ်သလို ရှောင်း ကို နင့် ပစ္စည်းပါ သယ်ခိုင်းနေတာလဲ။ ငါက သူ့ထက် ရာထူးကြီးမို့ သူ သယ်ပေးနေတာ သဘာဝ ကျတယ်။ နင်က ဘာမို့လို့လဲ ...။'

ယွီ့ကျင်း သူ့ရဲ့ မျက်မှန်ကို လက်ခလယ်နဲ့ အနည်းငယ် အောက်ချပြီး မျက်လုံးကိုလည်း စွေကြည့်ရင်း ...

' ငါက နင်တို့ အကြောင်း သိတဲ့ လူလေ ...။ ဘာလဲ ... ဒီမှာတင် အော် လိုက်ရမလား ... ရေသူထီး နဲ့ ရေသူမ ကို ဘယ်သူ ကြည့်ချင်လဲ ဆိုပြီး ...။'

ရှဲန့်ကုန်း ကြားလိုက်ရတဲ့ တုန့်ပြန်စကားကြောင့် နှုတ်ခမ်း ကို ကိုက်ပစ်လိုက်သည်။

ထိုစဉ် သူတို့ အနား ကို ရှောင်းကျန့် ရောက်လာတယ်။

' ဘာတွေ ဖြစ်နေပြန်ပြီလဲ ...။ နှစ်ယောက်လုံး ဘာမှလည်း မသယ်ရပဲ ဘာတွေ မကျေမနပ်တွေ ဖြစ်ရပြန်တာလဲ ...။'

ယွီ့ကျင်း ရှောင်း ရဲ့ အမေးကို ဘေးက မင်းသမီး ကို မေးဆတ်ပြပြီး ...

' နင့်ရဲ့ မင်းသမီးလေ ...။ အားတိုင်း ပြဿနာ ရှာချင်နေတာ။ အခုလည်း နင် ငါ့ပစ္စည်းပါ သယ်ပေးလို့ သူက နင့်အစား ငါ့ကို မကျေမနပ် ဖြစ်ပေးနေတာ။'

What's wrong? ( Completed )Where stories live. Discover now