Liquor 8

3.2K 340 34
                                    

အနီရောင်ပြိုင်ကားလေးက ဝါရှင်တန်မြို့ပြင်လမ်းမဘက်ဆီ ဦးတည်နေသည်။ ဘယ်ဆီကိုသွားနေလေသလဲ မသိပေမယ့် ရိပေါ်က မေးလည်းမမေးမိပေ။ ကားနောက်ခန်းမှာ ထားထားသည့် အဝါရောင်လီလီပန်းစည်းကို နောက်ကြည့်မှန်ကနေကြည့်ရင်း ရှောင်းကျန့်ကို အသာငဲ့ကြည့်လိုက်သည်။

ရှောင်းကျန့်က ကားကို ဂရုတစိုက်မောင်းနှင်နေသည်။ တစ်ခုခုတွေးတောနေဟန်ရှိတာကြောင့် မနှောင့်ယှက်ချင်တော့သည့် ရိပေါ်က ဖြတ်သန်းလာသည့် ပတ်ဝန်းကျင်ရှုခင်းတွေကိုသာ ငေးကြည့်နေမိသည်။ အုပ်အုပ်ဆိုင်းဆိုင်းရှိသည့် သစ်ပင်ကြီးများက တရိပ်ရိပ်ပြေးနေသည့် ကားနောက်မှာ ကျန်ရစ်ခဲ့ကြသည်။

ပြောင်းလဲလာသည့် မြင်ကွင်းတွေကို ငေးကြည့်နေရင်း ရိပေါ်က တစ်ခုခုကို ရိပ်မိလိုက်သည်။ ကားလေးက သစ်ပင်ကြီးအောက်မှာ ထိုးရပ်သွားပြီး ရှောင်းကျန့်က ကားပေါ်က ဆင်းလိုက်သည်။ ရိပေါ်လည်း တုန့်ဆိုင်းမနေဘဲ ကားပေါ်က အမြန်ဆင်းလိုက်သည်။

ရှောင်းကျန့်က ကားနောက်ခန်းခုံပေါ်မှာတင်ထားသည့် ပန်းစည်းကို လှမ်းယူပြီး သူ့ကို ကြည့်သည်။ တည်ငြိမ်နေသည့် ရှောင်းကျန့်ရဲ့မျက်နှာပေါ်က ဖုံးကွယ်ထားလိုသည့် ဝမ်းနည်းရိပ်ကို သူမြင်နေရသည်။ ရိပေါ်က ပြုံးပြလိုက်ပြီး ရှောင်းကျန့်ရဲ့ညာလက်ဖဝါးကို ဖွဖွဆုပ်ကိုင်လိုက်သည်။

ထိုပရဝုဏ်ထဲ ဝင်လိုက်သည်နှင့် အေးစိမ့်စိမ့်ကို ခံစားလိုက်ရသည်။ မိသားစုဝင်တစ်ချို့ ရောက်ရှိဂါရဝပြုနေသည့် အုတ်ဂူတစ်ချို့ကို ကျော်ဖြတ်လာပြီးနောက် ရှောင်းကျန့်က အဖြူရောင်စကျင်ကျောက်သားအုတ်ဂူရှေ့မှာ ရပ်လိုက်သည်။

Mary Xiao

1979-2017

ကွယ်လွန်ချိန်မှာ ၃၈ နှစ်သာရှိသေးသည်ပဲ။ ငယ်ရွယ်နုပျိုနေသေးသည့်အချိန်မှာ လောကကြီးထဲကနေ ထွက်ခွါသွားခဲ့ရရှာသည်။ သူမ ဖြစ်ချင်တာတွေ ဖြစ်သွားခဲ့ရဲ့လား။ သူမမှာအိပ်မက်တွေရှိခဲ့မှာပဲ။ အထူးသဖြင့် သားအရင်းတစ်ယောက်လိုချစ်ရသည့် ရှောင်းကျန့်အတွက် သူမ စိတ်ဖြောင့်ဖြောင့်နဲ့ သွားနိုင်ခဲ့ရဲ့လား။

Liquor (ချစ်ဆိပ်ရည်)Tempat cerita menjadi hidup. Temukan sekarang