Liquor 7

3.1K 353 30
                                    

ရိပေါ်က Social Science Dept. ရဲ့ Seminar Room ထဲကို အခန်းရဲ့အနောက်ဘက်တံခါးကနေ ဖွင့်ဝင်လိုက်သည်။ နောက်ဆုံးခုံနားမှာထိုင်နေသည့် Dr. Mick က သူ့ကို လက်လှမ်းပြတာကြောင့် သူ ဆရာကြီးအနားမှာ သွားထိုင်လိုက်သည်။

ရှေ့ဆုံးခုံတန်းတွေမှာတော့ စာတမ်းဖတ်မည့် ကျောင်းသားတွေ နေရာယူထားကြသည်။ ဘေးနားစားပွဲခုံတွေမှာ စာတမ်းရှင်တွေကို ဘာသာရပ်အလိုက် သဘာပတိလုပ်ပေးမည့် Moderator ဆရာတွေ ရှိသည်။

နောက်ဆုံးနှစ်ကျောင်းသားတွေရဲ့ တန်းဝက်စာတမ်းဖတ်ပွဲ (Midterm Presentation) ရာသီဖြစ်တာကြောင့် ဘာသာရပ်အစုံက ကျောင်းသားတွေအားလုံး သက်ဆိုင်ရာရက်အလိုက် ပါဝင်ဖတ်ကြားကြရသည်။ ဌာနအလိုက်ဆရာတွေကလည်း ကိုယ့်ဌာနတင်မဟုတ်ဘဲ တစ်ခြားဌာနတွေက ကျောင်းသားတွေရဲ့စာတမ်းတွေကိုပါ သွားရောက်နားထောင်လေ့ရှိသည်။

"ခုနက Genetic က ကျောင်းသူတစ်ယောက်ဖတ်သွားတဲ့ Color Blind အကြောင်း တော်တော်စိတ်ဝင်စားဖို့ကောင်းတယ် Dr. Wang"

"ဟုတ်လား ဆရာကြီး။ ကျွန်တော်လွတ်သွားတာပေါ့။ နောက်မှ Summary Handout တွေတောင်းပြီး ဖတ်ကြည့်ရမယ်"

"ဒါ ယူလိုက်"

Dr. Mick က သူရထားသည့် စာအုပ်ကို ရိပေါ်ဆီ လှမ်းပေးရင်း ကျောင်းသားရေးရာ (Student Section) က ဝန်ထမ်းအမျိုးသမီးဆီကနေ နောက်ထပ် handout တစ်အုပ်ကို လှမ်းတောင်းယူနေသည်။

"ကျေးဇူးပါပဲဆရာကြီး"

"အခုက Social Science ကျောင်းသားတွေအလှည့်ရောက်ပြီ။ Sean က စ မှာ"

ရိပေါ်က အခုရောက်နေသည့် အချိန်နဲ့ ဖတ်မယ့်စာတမ်းရှင်တွေကို လိုက်ကြည့်သည်။ Sean Xiao နာမည်နဲ့ ဖတ်မည့်ခေါင်းစဉ်က Gender Action Plan: Patriarchy Vs Feminism ဟု ရေးထားသည်။

"Interesting Topic" ဟု သူတို့ရှေ့မှာ ထိုင်နေသည့် Professor တွေဆီက တီးတိုးအသံထွက်လာသည်။ ရှောင်းကျန့်က Stand table ရှေ့နေရာယူရင်း Mac နဲ့ Projector ကိုချိတ်ဆက်နေသည်။ Presenter တစ်ယောက်မို့ အနက်ရောင်အနောက်တိုင်းဝတ်စုံကို formal ဆန်ဆန်ဝတ်ဆင်ထားတာကြောင့် ခါတိုင်းကြည့်ကောင်းတာထက် ပိုကြည့်ကောင်းနေသည်။

ရှောင်းကျန့်က Audience တွေကိုကြည့်လိုက်တဲ့အချိန် နောက်ဆုံးတန်းမှာ ထိုင်နေသည့် ရိပေါ်ကို မြင်သွားပြီး နှုတ်ခမ်းတွေက ပြုံးယောင်သမ်းသွားသည်။ ရိပေါ်ကတော့ ညတညအကြောင်းသတိရပြီး မျက်နှာကအမ်းတမ်းတမ်းဖြစ်နေသည်။

Liquor (ချစ်ဆိပ်ရည်)Where stories live. Discover now