Liquor 5

3.1K 355 50
                                    

"Sean ရော့ ဒါ ဝတ်ထားဦး"

Fred က ဒူးကာနဲ့ တံတောင်ကာတွေကို လှမ်းပေးသည်။ ရှောင်းကျန့်က မယူဘဲ လက်အိတ်ကိုပဲ ယူစွပ်လိုက်သည်။

"ကျစ် Sean ပေါ့တီးပေါ့ဆမလုပ်စမ်းပါနဲ့။ ဝတ်ထားစမ်းပါကွ။ အန္တရာယ်ဆိုတာ ကြိုမြင်ရတာမဟုတ်ဘူး"

"ပေး ပေး ငါဝတ်ပေးလိုက်မယ်။"

Will က Fred လက်ထဲက ဒူးကာ တံတောင်ကာတွေကို ဆွဲယူပြီး ရှောင်းကျန့်ကို ကိုယ်တိုင်လာဝတ်ပေးနေသည်။ သူကိုယ်တိုင်လည်း သူ့အတွက် အကာအကွယ်တွေ စုံနေအောင် ဝတ်လိုက်သည်။ ကားမောင်းမယ့် ရှောင်းကျန့်ထက်တောင် သူက protector စုံနေအောင် ဆင်မြန်းထားသည်။

"Will ငါ လိုက်သွားရမလား။ မင်းအဆင်ပြေလား"

သူတို့ အဖွဲ့ထဲမှာ Will က အစိုးရိမ်ကြီးတတ်၊ ကြောက်တတ်သူဖြစ်တာကြောင့် Victor က မေးလိုက်သည်။ Will က ခေါင်းညိမ့်ပြရင်း လက်ညှိုးနဲ့လက်မကို ဝိုင်းပြလိုက်ပြီး OK ဟု တိုးတိုးဖြေသည်။

"ဖြေပုံကလည်း တုန်တုန်ရီရီနဲ့ ဟ ဟ"

ကင်မရာနဲ့ မှတ်တမ်းယူနေသည့် Hilton က စ နေတာကြောင့် အားလုံး ရယ်လိုက်ကြသည်။

"ကဲ အားလုံး"

ရှောင်းကျန့်ကပြောလိုက်တော့ သူတို့သူငယ်ချင်း ၅ ယောက် တစ်ယော က်ကိုယ်တစ်ယောက်ဖက်လိုက်ကြပြီး ခေါင်းချင်းဆိုင်လိုက်ကြသည်။ ထို့နောက် လက်သီးဆုပ်ချင်းတိုက်လိုက်ပြီး

"We are winners"

Hilton က ထိုစကားကို တစ်ဖက်က Tommy တို့တွေ ကြားအောင် တမင်ခပ်ကျယ်ကျယ်အော်လိုက်သည်။ ပြိုင်ပွဲဝင်ကြမည့်သူတွေက ရှောင်းကျန့်၊ Tommy နဲ့ Jack တို့ ၃ ယောက်ဖြစ်သည်။

ရှောင်းကျန့်က ဦးထုပ်စောင်းလိုက်ပြီး ကားမောင်းသူနေရာမှာဝင်ထိုင်လိုက်သည်။ Will ကလည်း တစ်ဖက်ဘေးမှာဝင်ထိုင်သည်။ တစ်ခြားသူတွေလည်း ကိုယ်စီကားတွေပေါ်မှာ နေရာယူပြီးနေကြလေပြီ။ Hilton က ကင်မရာနဲ့ တောက်လျှောက်မှတ်တမ်းယူနေသည်။ ကျန်တဲ့သူတွေလည်း ကိုယ်စီဖုန်းကင်မရာ၊ ဗွီဒီယိုကင်မရာစသည်ဖြင့် ရိုက်ယူနေကြသည်။

Liquor (ချစ်ဆိပ်ရည်)Where stories live. Discover now