![]()
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
ရိပေါ်သည် မနက်စာ ကော်ဖီကိုသောက်ရင်း ပေါင်မုန့်အညိုတစ်ချပ်ကို ချိစ်ပြားညှပ်ပြီး စားလိုက်သည်။ ပန်းကန်ထဲက ကြက်ဥကြော်နဲ့ ကြက်အူချောင်းကြော်ကို ဆလတ်ရွက်နဲ့ညှပ်စားပြီး ကော်ဖီလက်ကျန်ကို မော့သောက်လိုက်တာနဲ့ သူ့ရဲ့မနက်စာစားခြင်း လုပ်ငန်းစဉ် ပြီးဆုံးသွားလေပြီဖြစ်သည်။ထို့နောက် အခန်းထဲပြန်ဝင်လိုက်ပြီး ချိတ်က ကုတ်အင်္ကျီခဲရင့်ရောင်ကို ဖြုတ်ယူဝတ်လိုက်သည်။ ကုတ်အင်္ကျီကြယ်သီးတပ်ရင်း နက်ခ်တိုင်ကို ပြန်ပြင်နေရင်းက သူ့မျက်လုံးအကြည့်တွေက အိပ်ယာနံဘေးစားပွဲပေါ်က ရှောင်းကျန့်ဓါတ်ပုံလေးဆီရောက်သွားသည်။ ဓါတ်ပုံထဲက ၅ နှစ်အရွယ်ကလေးလေးက သူ့ကို အပြစ်ကင်းစင်စွာ ပြုံးပြနေလေသည်။
ဓါတ်ပုံလေးကို အသာလှမ်းယူလိုက်ပြီး သက်ပြင်းတစ်ချက်ချလိုက်မိသည်။ ရှောင်းကျန့်နဲ့ နောက်ဆုံးအကြိမ်တွေ့စဉ်ကအကြောင်းကို စဉ်းစားမိတော့ သူ့မျက်နှာတစ်ခုလုံး ပူနွေးလာသည်။ ထိုအချိန်က သူ ဘာကြောင့် သတိလက်လွတ်ဖြစ်သွားခဲ့သလဲဆိုတာ သူ့ကိုယ်သူ နားမလည်နိုင်အောင် ဖြစ်ရသည်။
ငယ်ငယ်ကဆို ကျန့်ကို ချီပိုးပြီးတောင် ထိန်းခဲ့ဖူးတာပဲမဟုတ်လား။ အခုတော့ ထူးဆန်းတဲ့ခံစားချက်ဝေဒနာက သူ့ကို နှိပ်စက်နေသည်။ ရိပေါ်သည် ခေါင်းကို လေးတွဲ့စွာခါယမ်းလိုက်ပြီး ဓါတ်ပုံကို သူနေရာသူ ပြန်ထားလိုက်သည်။ ကျန့်ကို ကလေးတစ်ယောက်လိုပဲ သူစိတ်က ထင်မိနေလို့သာ ဖြစ်ရမည်ဟု တွေးလိုက်လေသည်။
"Good Morning Wang!"
"Morning Hannah!"
သူ ဓါတ်လှေခါးထဲကအထွက်မှာ တစ်ဖက်ဓါတ်လှေခါးကနေထွက်လာသည့် ဟန်နာနဲ့ဆုံသည်။ ပြုံးရယ်လို့ နှုတ်ဆက်နေသည့် ဟန်နာကို သူပြန်လည်ပြုံးပြနှုတ်ဆက်လိုက်သည်။
![](https://img.wattpad.com/cover/346277411-288-k507227.jpg)
YOU ARE READING
Liquor (ချစ်ဆိပ်ရည်)
Fanfictionအရက်ဆိုတာ သောက်မိရင် ဖြတ်ရခက်သလိုမျိုးပဲ အချစ်ဆိုတာကလည်း စ မိရင် နောက်ဆုတ်ဖို့မလွယ်တော့ဘူး။ သိပ်ချစ်မိသွားရင် သိပ်ပိုင်ဆိုင်ချင်လွန်းတော့ ချစ်ဆိပ်ရည်တွေထဲကူးခတ်ရင်း စုံးစုံးမြှုပ်သွားရတော့တာပါပဲ။ Start Date: 20230728 End Date: