Aaromဟာ သူ၏စိန်ခေါ်မှုအားစိတ်မဝင်စားသဖြင့် အဆုံးတွင် Aaromစိတ်ဝင်စားလာမည့် အကြောင်းတစ်ခုအားတွေးမိသွားတော့သည်။

အောင်သက်ပိုင်။
Aarom၏ အမျိုးသားဖြစ်သူ၊
စာရေးဆရာတစ်ယောက်ဖြစ်ပြီး
Aarom၏အားနည်းချက်။

အောင်သက်ပိုင်နှင့် Aaromအားမျှားခေါ်လိုက်လျှင် သေချာပေါက် Aaromကသူ့အားဂရုစိုက်လာမည်ဆိုတာ Robertသိသည်။

Aarom၏စိတ်အား ပုံမှန်နည်းဖြင့်
စိန်ခေါ်လိုစိတ်ပြင်းပြလာအောင်မလုပ်နိုင်ချေ၊
အောင်သက်ပိုင်ဆိုသော အမျိုးသားနှင့်မှသာ လှုံ့ဆောနိုင်လိမ့်မည်ပင်။

"အားနည်းချက်တွေကအကောင်းဆုံးပဲ"

Robert သူ့ကိုယ်သူရည်ရွတ်လိုက်ရင်း
သူ့အကြံအားအတော့်ပင်ကျေနပ်နေမိ၏။

"နောက်ဆုံးကျ မင်းလည်းငါ့ခြေထောက်ရောက်လာမှာပါပဲ Aaromရာ..ဟားဟားဟား"

ထိုသူ၏ သဘောတကျရယ်သံဟာ ရုံးခန်းလေးထဲ၌ ပဲ့တင်သံထပ်လို့နေတော့သည်။

*****

"ဆိုလိုတာက အဲ့ကောင်က အသက်အကြောင်းစုံစမ်းနေတယ်ပေါ့"

"ဟုတ်ပါတယ် Boss"

စိုင်း မျက်မှောင်ကျုံ့မိသွားသည်။
မပတ်သတ်ချင်လို့ ကင်းကင်းနေကာမှ ချစ်ရသူဘက်ကို မြားဦးကလှည့်လာပြန်သည်။

စိုင်း၏အိမ်မက်က ဒီတိုင်းအသက်နဲ့တစ်သက်လုံးအေးအေးချမ်းချမ်းနေသွားချင်တာဖြစ်၍ ထိုလောကနှင့်လုံးဝပင် ပတ်သတ်ချင်လိုစိတ်မရှိတော့ချေ။

စိုင်း စက်လင်းလျှံအား အမိန့်ပေးသောလေသံနှင့်

"သက်ပိုင်ကိုစောင့်ကြည့်ထား...
မသင်္ကါစရာလူကပ်လာရင် သတ်ပစ်လိုက်"

"ဟုတ်ကဲ့ Boss"

ထိုအချိန်တွင် အခန်းတံခါးခေါက်သံကိုကြားလိုက်ရ၍ သက်ပိုင်ကအခန်းထဲသို့ဝင်လာလေသည်။
ထို့နောက် စက်လင်းလျှံကိုတွေ့တော့ ခင်မင်စွာပြုံးလိုက်ရင်း

"ကိုစက်လင်းလျှံရောက်နေတာကိုး၊အခုကအလုပ်ကိစ္စပြောနေကြတာလား
ကျွန်တော်နှောင့်ယှက်မိသွားသလားဟင်"

In Love With An Old Mafia(Complete)Where stories live. Discover now