Part 23

177 37 0
                                    


[Zawgyi]

အနောက်တိုင်းစိတ်ကူးယဉ်ဝတ္ထု ၏ အမျိုးသား ဇာတ်လိုက်ကဒီမှာ (အပိုင်း 4) 

အိမ်သုံး မိုက်ခရိုစက်ရုပ်သည် ကျိနင် မြေပြင်ပေါ် ပြုတ်ကျသွားသော သစ်သီးများကို တွေ့ရှိသွားပြီး အလိုအလျောက် လှိမ့်ကာ အသီးကို ကောက်ယူလိုက်သည်။
သူ၏ခြေထောက်ကို ပေါ့ပါးစွာထိလိုက်သောအခါ ကျိနင်သည်မှိန်းမောရာမှ ပြန်လည်သက်သာလာသော်လည်း ကြီးမားသောဖန်သားပြင်ကြီးရှိ ရွှေအိုရောင်ဆံပင်နှင့်ဧကရာဇ်၏မျက်နှာကိုကြည့်ရင်း အနည်းငယ်ငေးမောနေသေးကာ ပင်ကိုယ်စိတ်အရသူ့လက်ကမသိမသာ ကြွတက်လာခဲ့ပြီး သူ၏လက်မောင်းကို ထိသွားလေသည်။
Ozer ရဲ့ အသွင်အပြင်ကြောင့် သူ မအံ့သြမိပါဘူး။ ကမ္ဘာများတွင် ယောက်ျား ဇာတ်လိုက် တော်တော်များများကို တွေ့ဖူးပြီးသား ဖြစ်ပေမဲ့ Ozer ကတော့ တခြားသူတွေနဲ့ မတူပါဘူး။
သူ့ကို မြင်လိုက်ရတာနဲ့ ကျိနင်ကိုသူ့တစ်ကိုယ်လုံးနာကျင်နေတယ်လို့ ထင်ယောင်ထင်မှား ဖြစ်စေတယ်။ ဘာလို့လဲဆိုတော့ အရင်တုန်းက Ozer သည်သူ့ကို ကြာပွတ်နဲ့ ရိုက်ခဲ့သောကြောင့်ဖြစ်သည်။

Ozer သည် “မော်ရင်းအင်ပါယာ” ဟူသော ကြယ်ကမ္ဘာမှ ဆင်းသက်လာသည်။
Ozer ဟာ နူးညံ့သိမ်မွေ့ပြီး ပြောရဆိုရလွယ်ကူတဲ့ပုံပေါက်ပေမယ့် တကယ်တော့ သူက သွေးအေးကာ အုံ့မှိုင်းပြီး ကြမ်းတမ်းသောကြောင့် Ozer၏ကမ္ဘာသည်ကျိနင် အောင်နိုင်ဆုံးသောကမ္ဘာကြီးပါပဲ။
ကျိနင် သည် သူ၏မျက်နှာအစစ်မှန်ကိုသိပြီး အသက်ရှင်ကျန်ရစ်နေတဲ့ကံကောင်းသူတစ်ဦးဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် Ozer ၏ တော်ဝင်သွေးသည် စင်ကြယ်လွန်းသောကြောင့် သူ၏ခန္ဓာကိုယ်သည် အလွန်အားနည်းလွယ်သော်လည်း သူ၏စိတ်စွမ်းအားမှာ အလွန်မြင့်မားသောကြောင့်ဖြစ်သည်။
သူ့ရဲ့ စိတ်စွမ်းအားတွေ ရုန်းရင်းဆန်ခတ်ဖြစ်တဲ့အခါတိုင်း ပြင်းထန်စွာ နာကျင်ခံစားရလိမ့်မယ်။

သာမန်လူများအတွက် စိတ်ပိုင်းဆိုင်ရာ အဓိကရုဏ်းတစ်ခုသည် တစ်သက်တာ အိပ်မက်ဆိုးတစ်ခုဖြစ်လာရန် လုံလောက်သော်လည်း Ozer သည် ဤငရဲဆန်သော ညှဉ်းပန်းနှိပ်စက်မှုကို မကြာခဏ ခံရသော်လည်း သူသည် စိတ်အားထက်သန်သူဖြစ်ပြီး ၎င်းကြောင့် မိမိကိုယ်ကို သတ်သေခြင်း သို့မဟုတ် ရူးသွပ်သွားမည်မဟုတ်ပေ။

ကမ္ဘာဆယ်ခုကိုဖြတ်သန်းပြီးနောက်လွတ်မြောက်ဖို့ကျရှုံးခြင်း(ဘာသာပြန်)Where stories live. Discover now