..............…

ကျိနင်သည် အိပ်ပျော်ရာမှ နိုးလာပြီး မျက်လုံးများကို မူးဝေစွာ ဖွင့်လိုက်သည်။
သူ၏မျက်လုံးထဲ ပထမဆုံး မြင်မိတာကတော့ ချင်ရူဝမ် ရဲ့ ဖျော့တော့နေသော မျက်နှာဖြစ်သည်။ . ခြေထောက်များကို ကွေးထားပြီး ဒူးပေါ်တွင် တင်ပျဉ်ခွေချိတ်ထိုင်ကာ သူ၏ နက်မှောင်သော သူငယ်အိမ်များသည် ကျိနင် ကိုကြည့်နေပြီး သူနိုးလာသည်ကို မြင်သည်နှင့် အသံနက်ကြီးဖြင့် "သခင်" ဟု ဆိုလေသည်။

ခုနက အိပ်မက်လေးတစ်ခုပဲ.......

ကျိနင် သည် အတိတ်က အဖြစ်အပျက်များ အားလုံးသည် အိပ်မက်ဖြစ်သည်ဟု သဘောပေါက်သွားသည်။
အခုသူတို့သည် ယခင်ကလို မဟုတ်ဘဲ တရှားအင်ပါယာနိုင်ငံ သည်လည်း သမိုင်းမြစ်ရှည်ကြီးတွင် လွန်ခဲ့သောနှစ်ပေါင်းများစွာတည်းက ပျက်သုဉ်းသွားခဲ့ပြီး မရှိတော့ချေ။

ကျိနင် သည် သူ မအိပ်မီကယင်ချင်းချွီ ၏ ကားထဲတွင် ရှိနေသည်ကို မှတ်မိနေသော်လည်း ယခု သူ မော့ကြည့်လိုက်သောအခါ သူသည်ဤပျံသန်းနေသော ကားထဲတွင် ရှိနေတုန်းဖြစ်သည်ကို တွေ့လိုက်ရသည်။

အဖြူရောင်ပိတ်ကျဲစဖြင့် ကန့်လန့်ကာတစ်ဖက်တွင် အပြင်ဘက်ရှိ ငွေရောင်ဆံပင်နှင့်နတ်ဆိုးကြီးသည် စားပွဲရှေ့တွင် ထိုင်ကာ တစ်စုံတစ်ခုကို ရေးနေသည်။

ချင်ရူဝမ် ၏အသံကိုကြားပြီးကျိနင် နိုးလာသောအခါတွင် သူ၏မျက်လုံးများကို မော့လိုက်ပြီး တချက်ကြည့်လိုက်ကာ သူနိုးလာချိန်တွင် သူ၏စုတ်တံများသည် ခဏရပ်သွားပြီးနောက် ထကာ ကျိနင်ဆီသို့ လျှောက်သွားလိုက်သည်။

မနေ့က သူသည်ယင်ချင်းချွီ နဲ့ အိပ်ခဲ့ပုံရတယ်။ ဒါပေမယ့် ကံကောင်းထောက်မစွာနဲ့ပဲဒီနှစ်ယောက်ကသူ အိပ်ပျော်နေချိန်တွင်းမှာ ရန်မဖြစ်ခဲ့ပေဘူး။

ကျိနင် သည် တိတ်တဆိတ် ဝမ်းမြောက်ပြီး အမြီးလေးကိုဆွဲကိုင်ကာ "ချင်းချွီ" ဟု အော်၍ မတ်တပ်ထရပ်လိုက်သော်လည်းသူ၏ ခန္ဓာကိုယ်သည် ကုတင်ပေါ်သို့ ပြန်လဲကျသွားခဲ့ပြီး ခေါင်းလည်း မူးနှောက်နေတယ်။

ဘာလို့အဲ့လောက်တောင်အဆင်မပြေဖြစ်နေရတာလဲ.........

သူ၏အမြီးလေးက ငိုက်စိုက်ကျသွားကာ ကုတင်ပေါ် ပြန်လှဲချလိုက်သည်။
သူ၏ နာမကျန်းဖြစ်နေသော အသွင်အပြင်ကို မြင်လိုက်ရတော့ ယင်ချင်းချွီ အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိသော်လည်း ထိုအချိန်တွင် ကားအပြင်ဘက်တွင် မိန်းကလေးတစ်ယောက်၏ နူးညံ့သောအသံသည် ရုတ်တရက်ထွက်ပေါ်လာသည်-

ကမ္ဘာဆယ်ခုကိုဖြတ်သန်းပြီးနောက်လွတ်မြောက်ဖို့ကျရှုံးခြင်း(ဘာသာပြန်)Where stories live. Discover now