(14) ချိုးရှောင်ဟိုင်

Comenzar desde el principio
                                    

လွန်ခဲ့တဲ့လအနည်းငယ်ကလည်း ဒီလူက သူ့ကို ဒီပုံစံအတိုင်းတစ်ထပ်တည်း ပြုံးပြခဲ့တာလေ။ အပြုံးတွေက ပိုပြီးတော့တောင် စစ်မှန်ပြီး ရင်းနှီးချင်လာအောင် တိုက်တွန်းနေခဲ့တာ......

ဒါတွေကြောင့်ပဲ အခု ခန်းကျန့်က အများကြီးစဉ်းစားနေရပြီ။ သူ့အပေါ်မှာ ခင်ခင်မင်မင်ရှိလှတဲ့ပိုင်လန်က ဘာကြောင့် ရုတ်တရက်အေးတိအေးစက်ဖြစ်သွားမှန်း ထပ်ကာထပ်ကာစဉ်းစားနေရတယ်။ ဒါက နာမည်ကြီးသွားတာကြောင့်လို့ ဝူရှန်အန်းက တထပ်ချပြောပေမယ့် ခန်းကျန့်ကတော့ မယုံရေးချမယုံဘူး။ သူတို့ရင်းနှီးခဲ့တဲ့ကာလတွေအရ ပိုင်လန်က ဘဝင်မြင့်တတ်တဲ့သူမဟုတ်မှန်း ခန်းကျန့်ရဲ့မသိစိတ်ထဲကကို ယုံကြည်တယ်။

ဒါပေမယ့်လည်း အဲဒိနေ့ကရိုက်ကွင်းပေါ်က မုန်းတီးနေသယောင်ဖြစ်နေတဲ့ သူ့မျက်ဝန်းတွေကလည်း အမှန်ပဲ။ အကြည့်တွေကလည်း အေးစက်ပြီးဟန်ဆောင်နေတာ မဟုတ်ဘူး။

... ဒါဆို... ပိုင်လန်များ သူ့ခံစားချက်တွေကို သိသွားလို့လား?

ရိုက်ကွင်းနေ့မတိုင်မီ သူတို့နှစ်ယောက်နောက်ဆုံးတွေ့ခဲ့ကြတဲ့တစ်ညကို ခန်းကျန့်က မှတ်မိသေးတယ်။ ဘီယာတစ်ဖာသယ်ပြီး ပိုင်လန်ရဲ့တိုက်ခန်းမှာ စကားစမြည်ပြောခဲ့ကြတာလေ။

အဲဒိညနေက ပိုင်လန့်ကို သူနဲ့အတူလိုက်သောက်ဖို့ ဆွယ်တရားဟောပေမယ့် ပိုင်လန်က ခေါင်းမာစွာနဲ့ ငြင်းခဲ့တယ်။ ပိုင်လန့်ကို မူးအောင်တိုက်မယ့် ခန်းကျန့်အတွေးတွေလည်း ပျက်ပြားသွားတာပေါ့။ ဒါကြောင့် သူ့ဖာသာသူပဲ အရက်မူးချင်ယောင်ဆောင်ပြီး ပိုင်လန့်ကို စလိုနောက်သလို တက်ဖိလိုက်ရတယ်။ နောက်တော့ ရုန်းရင်းဆန်ခတ်တွေဖြစ်ပြီး သူ့နှုတ်ခမ်းက ပိုင်လန့်ပါးနဲ့ မိတ်ဆက်သွားလေတယ်။ သူက ပိုင်လန့်ကို ပိုပိုပြီးတောင် သဘောကျလာခဲ့တာ။ ပိုင်လန့်ကိုတွေ့တိုင်းမှာ သူ့နှလုံးသားလေးက ယားယံလာလွန်းလို့ ထိန်းချုပ်နိုင်စွမ်းတွေ ပျောက်ကွယ်ခဲ့ရတာလေ။

ဒါပေမယ့် သူက သူငယ်ချင်းဆိုတဲ့စည်းကို ထိန်းသိမ်းနိုင်အောင် မနဲကြိုးစားခဲ့ပါတယ်။ နောက်နေ့မနက်မှာ သူက ပိုင်လန့်ကိုအလာပသလာပဖုန်းခေါ်ခဲ့ပြီး တစ်ဖက်လူအခြေအနေ မထူးခြားတာတွေ့မှ စိတ်အေးခဲ့ရတာ။

ငွေကြယ်ပွင့်လေး၏ခိုနားရာDonde viven las historias. Descúbrelo ahora