ထိုအချက်ပေါ်တွင် တုဖုန်း များစွာစိတ်သောက ရောက်နေခဲ့ပါသည်။ရွှမ်ရှင်း မဟာအဓိပတိ ရွှေကျောင်းတော်
ကြီး၏ လက်အောက်၀ယ်ကျောင်းခွဲပေါင်း 108 ကျောင်းရှိသည်။နှစ်စဉ် ကျောင်းတော်များကြား ယှဉ်ပြိုင်မှု
များမှာ အလွန်တရာပြင်းထန်လှ၏။နှစ်စဉ် ကျောင်းတော်များ ယှဉ်ပြိုင်မှုတွင် ရရှိသော အဆင့်များအလိုက်
ရင်းမြစ်များကို ခွဲဝေပေးလေသည်။

ကျောင်းတော်များ၏ အဖွဲ့လိုက်ယှဉ်ပြိုင်မှုများသည်  ထိုအပေါ်တွင် လုံးလုံး အခြေခံထားခြင်းဖြစ်သည်။၎င်း
၎င်းသည် အသင့်လျှော်ဆုံးနည်းလမ်းဖြင့် ရှင်သန် ရပ်တည်ရေးလည်း ဖြစ်ပါ၏။စင်စစ်အားဖြင့် ရွှမ်ရှင်း
ကျောင်းတော် များကို အဆင့်အလိုက် အမည်များပေး၍ သတ်မှတ်ခြင်းဖြစ်သည့်အတိုင်း နံပါတ်တစ် ရွှမ်
ရှင်းကျောင်းတော်၊ နံပါတ်နှစ် ရွှမ်ရှင်းကျောင်းတော်... စသည်ဖြင့် လုံချန်ရောက်လာသည့် ရွှမ်ရှင်းကျောင်း
တော်ထိတိုင်ဖြစ်သည်။

သို့သော် လုံချန် ၀င်ရောက်ခဲ့သည့် ကျောင်းတော်မှာမူ အဆင့်တွင်နောက်ဆုံးရောက်နေသည်မို့ ကျောင်း
အာဏာပိုင်များအနေဖြင့် တပည့်များအား ပြောရန်မှာ လွန်စွာအဆင်မပြေဖြစ်နေခဲ့ရာ သူတို့ကျောင်းအား
ရွှမ်ရှင်းကျောင်းတော်ဟု ခေါ်ရန်သာ ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။

သို့မဟုတ်လျှင် သူတို့ကျောင်းအား နံပါတ် 108 ရွှမ်ရှင်းကျောင်းတော်ဟု ခေါ်ဆိုခဲ့သော် တပည့်များမှာ 108
ဆိုသည်မှာ မည်သည်ကို ဆိုလိုသနည်းဟု မေးလာနိုင်စရာများရှိလေသည်။သို့ဆိုလျှင် သူတို့အဖို့ လွန်စွာ
ဘေးနံကျပ် ဆိုက်မည်ပင်။အဆင့်တွင် နောက်ဆုံးရောက်နေသည့် ကျောင်းတော် တစ်ခုဖြစ်ကြောင်းကိုကား
သူတို့ တပည့်များကို မည်သို့မျှ ပြော၍ မဖြစ်နိုင်ပါချေ။

အချို့သော ကျောင်းတော်များသည် အောက်လမ်းသိုင်းသမားများကို လက်ဦးမှုရယူ၍ တိုက်ခိုက်နိုင်ကောင်း
တိုက်ခိုက်နိုင်လိမ့်မည်ဖြစ်သည့်တိုင် သူတို့ကျောင်းတော်သည် ထိုသို့တိုက်ခိုက်ရန် အဆင့်မြင့်သည့်
အခြေခံမျိုးရှိမနေခဲ့ပါချေ။

ဆေးသိန္ဓိရှင် ( လုံချန် ) Book 1(ခွင့်ပြုချက်ရပြီး)Where stories live. Discover now