၀ုန်းးး

နောက်ဆုံးမှာ ပြင်းထန်သော ထိတွေ့မှုကြီးဖြစ်ပွားပြီး လူတစ်ယောက် နောက်ကို လွင့်ထွက်လာခဲ့ရာ မီတာ
ဒါဇင်ပေါင်းများစွာကို ရောက်မှ အရှိန်သပ်နိုင်၏။

"ကုယင်ပဲဟ"

"သူ. နောက်ကို လွင့်သွားတယ်"

လွင့်စဉ် သွားသည့် ကုယင်ကိုမြင်သည်မို့ လူတိုင်းအထိတ်တလန့်နှင့်အော်ချိန်၌ သူက အရိုးဓားကို ကိုင်စွဲ
ကာ ကုယင်ထံ ပြေး၀င်သွားပြန်ချေပြီ။ယခု သူ့ပုံစံက နဂါးရိုင်း တစ်ကောင်နှင့်တူနေသည်။အရိုးဓားကို ကိုင်
စွဲကာ ကုယင်ကို ရက်ရက်စက်စက်ပိုင်းချလိုက်၏။ကုယင် လွင့်စဉ်သွားပြန်၏။

"ကုယင် ရှုံးတော့မယ် တစ်ကယ့် ခွန်အားအစစ်အမှန်ချင်းယှဉ်ရင် သူက လုံချန်ထက် အတော်အဆင့်နိမ့်တာ
ပဲ" ရယ်လို့ တစ်ယောက်က ပြောလာခဲ့သည်။

ကုယင်၏ အင်အားအရှိဆုံး တိုက်ခိုက်မှုမှာ သူ့ရဲ့ ပြင်ပခွန်အားပင်ဖြစ်သည်။ထိုပြင်ပ ခွန်အားမှာ မျိုးဆက်သွေး
ရဲ့ ထောက်ပံ့မှုကို ထပ်၍ ထည့်သွင်းလိုက်သော် သူ့ရဲ့ ခွန်အားဟာ ထန်၀မ်အာရဲ့ လေဓားများကို အလွယ်တကူ
ဖျက်ဆီးနိုင်လိုက်တာပဲဖြစ်လေ၏။ယင်းမှာ မည်မျှ ကြောက်မက်ဖွယ်ကောင်းသည်ကို သိသာထင်ရှားစေပါ၏။

ဒါပေမယ့် ထိုမျှ ကြောက်မက်ဖွယ်ကောင်းတဲ့ မဟာပါရမီ့ရှင်တစ်ဦးသည် လုံချန် နှင့်တိုက်ခိုက်ရာမှာမူ ရှုံး
နိမ့်နေခဲ့ရ၏။

"ဟမ့် ဒါ..ဘာ့ကြောင့်လည်းဆိုတော့ လုံချန်က သူ့ရဲ့လက်နက်အားကိုးနဲ့တိုက်ခိုက်တာကိုး...တစ်ကယ်လို့
လုံချန်သာ လက်ချည်းဗလာ တိုက်ခိုက်မယ်ဆိုရင် စီနီယာ ကုယင်က ဒီကောင့်ကို လက်သီးတစ်ချက်နဲ့တင်
ပြားသွားအောင် ထိုးပစ်လိုက်လို့ရတာပဲ" ကုယင်အဖွဲ့မှ တစ်ယောက်က ထိုသို့ အေးစက်စက် လေသံဖြင့်
ပြောလာခဲ့သည်။

သူတို့က တစ်ဖက်နှင့် တစ်ဖက် မတိုက်ခိုက်ကြတော့ပေမယ့် အချိန်မရွေးတိုက်ခိုက်နိုင်ရန် အသင့်ပြင်လျှက်
တစ်ဖက်ကို တစ်ဖက်ကြည့်ကာ ရပ်နေကြခြင်းဖြစ်သည်။

"ကျွတ် လက်နက်ဆိုတာ ခွန်အားတစ်မျိုးပဲ .. မင်းရဲ့ ယုတ္တိတရားက အီးပေါက်တာကျနေတာပဲ မင်းပြောသလို
ဆို ကုယင်လည်း သူ့ရဲ့ မျိုးဆက်သွေးကို သုံးပြီး မတိုက်ခိုက်နဲ့ပေါ့ဟ..ဒီလိုသာဆို စီနီယာ အကို လုံချန်က
လည်း ဒီကောင့်ရဲ့ ခေါင်းတုံးပြောင်ကြီးကို အုန်းသီးခွဲသလို ထက်ခြမ်းခွဲပစ်လိုက်မှာပဲ" မိုးမြေအဖွဲ့မှ
တပည့်တစ်ယောက်က အော်ကြီးဟစ်ကျယ်ဖြင့် ခွန်းတုံ့ပြန်ရာပထမဆုံးရန်စ စကား စပြောသူသည် ထောင်း
ကနဲ ဒေါသထွက်သွား၏။

ဆေးသိန္ဓိရှင် ( လုံချန် ) Book 1(ခွင့်ပြုချက်ရပြီး)Nơi câu chuyện tồn tại. Hãy khám phá bây giờ