ကျောက်စ၊ကျောက်မှုန့်များကား လေထုထဲ၌ ပျံ့နှံ့နေသည်။မြေကြီးသည် ရေလှိုင်းများကဲ့သို့ တလိမ့်လိမ့်ထ
နေ၏။လွန်စွာဝေးကွာသည့် နေရာတစ်ခုသို့ရောက်မှသာ ထိုမြေလှိုင်းကြီးများ အားပျော့ ပျောက်ကွယ်သွား
ရသည်။

၀ုန်း..ဝုန်း...ဝုန်း...

လူအုပ်သည် သူတို့နှစ်ယောက်ကိုမြင်နိုင်စွမ်းမရှိတော့။ကျောက်တုံးအစအန များ လေပေါ်ပျံနေသည်ကို
သာသူတို့မြင်ကြရလေ၏။ပြင်းထန်သည့် ထိတွေ့မှုကြီးများ မှာ မကြာခဏ ဖြစ်ပွားလျှက် မြေပြင်ကား ကိုင်
၍ လှုပ်သကဲ့သို့ ဖြစ်နေပါ၏။

"ကြောက်ဖို့ကောင်းလိုက်တာ" ဆောင်မင်းယွမ်နှင့်အခြားသူများ တိုက်ခိုက်နေရာမှ ရပ်လိုက်ကြ၏။အကြောင်း
မှာ သူတို့၏ တိုက်ခိုက်မှုများသည် အဓိပ္ပါယ်မရှိ၊အဖြေသည် ထွက်နှင့်ပြီးဖြစ်သောကြောင့်ပင်ဖြစ်ပါသည်။
ကုယင် မည်မျှ စွမ်းအားကြီးသည် ဖြစ်စေ သူ၊ထန်၀မ်အာ နှင့် ယဲ့ထင်းချုံတို့သုံးယောက် ၏ ပူးပေါင်းတိုက်ခိုက်
မှုကို မည်သို့မျှ ခုခံနိုင်မည်မဟုတ်ပါချေ။

ယခုအခါတွင် သူတစ်ယောက်တည်း ကုယင်နှင့် တိုက်ခိုက်နေသည်မို့ အဖွဲ့လိုက်ယှဉ်ပြိုင်မှုများရဲ့ အဓိပ္ပါယ်ဟာ
ပျောက်ဆုံးနေခြင်းပါလေ။သူ...ကုယင်ကို အနိုင်ရဖို့ တိုက်ခိုက်နေသည်မှ မဟုတ်ပဲ။လက်စားချေရန်သက်သက်
သာဖြစ်သည်လေ။

လူတိုင်း ကွင်းပြင်၏ တစ်ဖက်သို့ ဆုတ်သွားကြ၏။ထိုနေရာမှဆိုလျှင် ကုယင်နှင့် သူ၏ တိုက်ခိုက်မှုကို
ကောင်းကောင်းမြင်နိုင်မည်။တိုက်ပွဲကား ပြင်းထန်လှပါ၏။မိုးမြေ အဖွဲ့မှ တပည့်များ တိုက်ပွဲကို စိတ်လှုပ်
ရှားမှု ဖြင့်ကြည့်နေကြလေ၏။သူ ပြန်ရောက်လာသည်မို့ မိုးမြေအဖွဲ့မှာ ထိပ်ဆုံးသို့ ပြန်ရောက်ဦးမည်ဟု
သူတို့သိကြသည်။သူ့ကို ဘယ်သူကများ ရပ်တန့်နိုင်မှာမို့လဲ။

သူတို့ မဟာမိတ်အဖွဲ့များအတွင်း မှာလည်း မျိုးဆက်အမှတ်အသား နိုးထလာသူ နှစ်ယောက်ရှိသည်သာ။ယခု
သူ၊တစ်နည်းအားဖြင့် မဟာပါရမီ့ရှင်များကို တစ်ယောက်ပြီးတစ်ယောက် အနိုင်ယူနေတဲ့ ပါရမီရှင် တစ်ပါး
လည်း ရှိပြီမို့ မိုးမြေအဖွဲ့ရဲ့ ကြီးစွာသော တိုးတက်မှုကို ဘယ်သူကမျှ တားဆီးနိုင်လိမ့်မည် မဟုတ်ပါ။

ဆေးသိန္ဓိရှင် ( လုံချန် ) Book 1(ခွင့်ပြုချက်ရပြီး)Tempat cerita menjadi hidup. Temukan sekarang