အပိုင်း - ၁၇။

Start from the beginning
                                    

" ကဲအမတော်ပြော လာရင်းကိစ္စ။ "

" စိတ်ညစ်လို့လာတာ။ မေမေကကိုသုခထွန်းနဲ့ မစေ့စပ်ရင် သေခန်းပြတ်တဲ့လေ။ "

ရုပ်အတော်ပျက်နေသည့် ခက်ဝါပုံက တကယ်ကိုစိတ်ဖိစီးမှုတွေများနေမှန်း သိသာလှ၏။ ယမင်း မည်သို့ ပြောရမလဲမသိ။ ခက်ဝါအမေကလဲ တကယ်လက်လျှော့မှာမဟုတ်ဘူးပင်။

" ဒီအခေါက်တော့နင်လက်လျှော့မှထင်တယ်ခက်ဝါ.." 

ယမင်းပြောတော့ မျက်လုံးစွေပြီးကြည့်လာတဲ့ ခက်ဝါကြောင့် တစ်ချက်တွန့်သွားရသည်။

" နင်ကကော ဘာသဘောလဲ။ ကိုသုခထွန်းနဲ့ ငါ့ကိုလက်ထပ်ခိုင်းနေတာလား။ "

" မဟုတ်ဘူးလေခက်ဝါရဲ့...ငါလဲမပြောပြတက်တော့ဘူး။ အခုနင့်အမေစကားကို လိုက်နာယုံကလွဲလို့မရှိတော့ဘူး။ ကိုသုခထွန်းလဲ လူကောင်းပါပဲ။ နင့်ကိုငယ်ငယ်ထဲက လိုက်နေတာမဟုတ်လား။ သူလဲပဲလက်လျှော့မဲ့ပုံ မပေါ်ဘူးနော်..။ "

စကားအဆုံး ဘာအသံမှ ထွက်မလာတဲ့သူငယ်ချင်းဖြစ်သူ ခက်ဝါကြောင့် ယမင်း သက်ပြင်းချရသည်။ အခု ခက်ဝါလက်လျှော့မှပဲ ရမည်လေ။

***

" အကြင်နာရေ..!ခနလာဦး။ "

အောက်ထပ်က လီယိုနာခေါ်သံကြောင့် လုပ်လက်စ စာတွေကိုထားပစ်ခဲ့ကာ အောက်သို့ဆင်းလာသည်။ အောက်ရောက်တော့ ဆိုဖာပေါ်ထိုင်နေသော လီယိုနာ့ဘေးက ကောင်မလေးတစ်ယောက်။

" ခနလေးနင့်ကိုဘယ်လိုမိတ်ဆက်ပေးရပါ့မလိမ့်။ အော်... အေရီ သူကဟယ်လန်လေ။ ဟယ်လန် ဒါကအေရီ။ "

တစ်ခါတစ်လေ အကြင်နာ့ကို တစ်ယောက်ယောက်နဲ့ မိတ်ဆက်ပေးမည်ဆိုလျှင် တိုင်ပတ်နေသည့် လီယိုနာ။ မြန်မာနာမည်ပဲ မိတ်ဆက်ရမလိုလို ဟယ်လန်လို့ပဲ ပြောရမလိုလိုနဲ့။

ဘေးက အေရီဆိုသည့် လူအား ဟယ်လန်ပြုံးပြလိုက်ကာ လီယိုနာ့ဘေးဝင်ထိုင်လိုက်သည်။

" ဟယ်လန် အေရီကအရင်ကလဲအိမ်ကိုခနခနလာဖူးနေကျ။ ဒီရက်ပိုင်း သူကခရီးသွားနေတော့လေ။ နောက်လဲသူက အိမ်လာမှာမို့ နင်သိထားသင့်တယ်ထင်လို့။ "

အကြင်နာ့ရှေ့က မိန်းကလေး။ အကြင်နာ့ကိုခနခနကြည့်နေတာ လီယိုနာကတောင် သတိထားမိသည်ထင်တယ်။ ချောင်းတစ်ဟန့်ဟန့်လုပ်နေသည်။ ထိုမိန်းကလေးက သူ့ဟာဖြင့် သူတော့လှပါတယ်။

" လီယိုနာ ဘာမှပြောဖို့မလိုရင် ငါအပေါ်ပြန်တက်တော့မယ်။ စာလုပ်မို့။ "

လီယိုနာက ခေါင်းငြိမ့်ပြတာနဲ့ အပေါ်ပြန်တက်ခဲ့လိုက်တော့သည်။ အကြင်နာအဲ့နေရာမှာ ကြာကြာ မနေနိုင်တော့ပါ။ ရှေ့က ကြည့်နေတဲ့ နိုင်ငံခြားမလေးရဲ့ မျက်လုံးပြာပြာ အကြည့်တွေနဲ့ အနေရခက်တာကြောင့် ထလာခဲ့ခြင်း။

" အကြင်နာ! ...အကြင်နာ။ "

စာပြီးလို့ အေးဆေးနားမယ်ရှိသေး ထပ်ရောက်လာပြန်သော လီယိုနာ။ သူက ခပ်မြန်မြန်ပဲ အကြင်နာ့ဘေး ဝင်ထိုင်လိုက်ကာ တစ်ခုခုပြောဖို့လုပ်နေပုံ။

" ဘာဖြစ်လာပြန်တာလဲ။ "

" နင်..နင်လေကံကောင်းချက်။ ဘာတွေလုပ်ထားလို့ စော်ကြည်တာလဲ... အေရီလေ နင့်ကိုစိတ်ဝင်စားလို့တဲ့...ငါထင်တော့ ထင်တယ်။ အကြည့်တွေက။ "

" ဟာ..ငါစိတ်မဝင်စားဘူး။ "

" ဟမ်းး ဟုတ်ကောဟုတ်ရဲ့လား။ မျက်ဝန်းပြာလေးနဲ့ အေရီကလှပြီးရင်ခုန်ဖို့ကောင်းတယ် အကြင်နာရဲ့။ "

လီယိုနာ ပြောတာလဲ မမှားပဲ။ မျက်ဝန်းပြာလေးက တကယ်လှသည်။ သို့သော် အကြင်နာ့ရင်ထဲ တော်တော်ကြာစွဲနေခဲ့သော မျက်ဝန်းညိုလေးကို မမှီနိုင်ပါပေ။

***

" သမီး...သမီးသဘောတူပါတယ်။ လက်ထပ်ဖို့တွက်ကျတော့ အချိန်ပေးပါမေမေ!။ "

ခက်ဝါ ဘယ်လိုပဲခေါင်းမာခဲ့ နောက်ဆုံးအလျှော့ပေးလိုက်ရသွားတာပဲ။ မေမေက ခက်ဝါလက်ခံတာကြောင့် ပြုံးရွှင်သွားလေသည်။ မေမေက မစေ့စပ်လို့ ထမင်းလဲ သေချာမှန်အောင်မစားပဲ သူ့ကိုဂရုစိုက်မနေဖို့သာပြောသည်။ ဒီလိုလဲ ခက်ဝါပစ်ထားလို့မရဘူး။ မေမေ့အသက်လဲ ကြီးပြီကို။

" မှန်တယ်ခက်ဝါ။ မောင်သုခထွန်းကို စေ့စပ်တာ သမီးတွက်မှန်ပါတယ်ခက်ဝါရယ်။ " 

အတင်းအကျပ်စီစဥ်သော မေမေ့ကိုလဲစိတ်မဆိုးနိုင်ပါ။ မေမေ့စိတ်ကို နားလည်ပါသည်။ အနဲငယ် မေမေစိတ်ချမ်းသာအောင် ထားရမည်။ ထိုနေ့ကစ၍ အိမ်ကို ချောင်းပေါက်မတက် လာနေသော ကိုသုခထွန်းကို တကယ် ခက်ဝါကြည့်မရတော့ပင်။ယခင် ထဲက ကြည့်မရသောခက်ဝါအဖို့ ပိုလိုတောင် ကြည့်မရဖြစ်သွားခဲ့သည်။

***

ဒီအပိုင်းက တိုတယ်ဆိုတာသိပါတယ်နော်။ စာရေးဖို့ ဘယ်လိုမှ စိတ်မပါတာကြောင့်ပေါ့သွားနိုင်ပါတယ်:)

ချစ်မိသွားချိန်၌Where stories live. Discover now