တပ်စုတစ်ခုစီတိုင်းသည် သူတို့၏ ကြီးကြပ်ရေးမှူးကို အကြွင်းမဲ့နာခံရမည်။ သူတို့ မကျေနပ်လျှင်ပင် နာခံရမည်။ သူတို့သည် မသိချင်ယောင်ဆောင်၍ ပြဿနာကို ဖန်တီးကြပါလျှင် ထိုသူသည် လူတိုင်း၏ရှေ့တွင် အပြစ်ပေးခံရမည်။ ယခင်ကြီးကြပ်ရေးမှူးဟောင်းမီကဲ့သို့ပင် သူ၏ ပြဿနာက ကြီးလွန်းသောကြောင့် မိုးတိမ်မဟာမိတ်အဖွဲ့ကသာ သူ့ကို အပြစ်ပေးနိုင်မည်ဖြစ်သည်။

ထို့အပြင် မူလစည်းမျဉ်းများကလည်း ပြဌာန်းထားပြီး ဖြစ်သောကြောင့် ကျန်းကျိရင် နာနာခံခံဖြင့်ပင် သစ်သားကျောက်တုံးကို လွှဲပေးလိုက်ရသည်။ ထို့အပြင် စံနမူနာပြဌာန်းချက်အတိုင်း တိုက်ပွဲတွင် ပါဝင်သော တစ်စုံတစ်ယောက်အနေနှင့် သူ၊ အဖွဲ့သုံး၏ ကပ္ပတိန် နှင့် သူတို့၏ အဖွဲ့သားများက ပစ္စည်းများ ရလျှင် ဦးစားပေးစာရင်းထဲ ပါမည်ဖြစ်သည်။ ထို့ကြောင့် ‌ဤကျောက်တုံးကို သလင်းအမြုတေ အမြောက်အများနှင့် ပြန်လဲယူနိုင်ရန်လည်း ဖြစ်နိုင်သည်။

သို့သော် ရှန်းရှီ သစ်သားကျောက်တုံးကို သိမ်းပြိးသွားသည့်နောက်တွင် မည်သည့် သတိပေးချက်မှ ထွက်မလာခဲ့ပေ။ ကြီးကြပ်ရေးမှူးဟောင်းမီ၏ ဖြစ်ရပ်ကို ရှေးရှု၍ အဖွဲ့သုံး ကပ္ပတိန်၏ ပထမဆုံး တုံ့ပြန်ချက်မှာ

"ရှန်းရှီက အထက်ကို မတင်ပြဘဲ ဘုံးလိုက်ပီဲ"

သူနှင့် ကျန်းကျိရင် နှစ်ယောက်စလုံးက ထိုကျောက်တုံးကို လိုချင်နေသည်ကို သိထားသော ရှန်းရှိက သူတို့ကို လာဘ်ထိုးခိုင်းနေခြင်း ဖြစ်လောက်သည်ဟု ခန့်မှန်းလိုက်သည်။၊

လုံလောက်သော ရပ်တည်ချက်ပေးမည့် ကြီးကြပ်ရေးမှူးလို သရုပ်ပြပြီးနောက် သူနှင့် ကျန်းကျိရင်ကို လာဘ်ထိုးခိုင်းသည်။

'သူ့ကို ပိုပြီး ကျေနပ်စေတဲ့လူက ကျောက်တုံးရမယ်ပေါ့'

'လခွမ်း'

အဖွဲ့သုံးကပ္ပတိန်က ကျိန်ဆဲသည်။ သို့သော် ထိုသူပေးသော တာဝန်ကို အောင်မြင်ရန်အတွက် သူ့တွင် ရွေးချယ်စရာ မရှိတော့ပေ။ တစ်ဖက်လူအတွက် တန်ဖိုးရှိမည်ဟု ထင်ရသော item များကို ရွေးချယ်၍ ပို့ပေးလိုက်သည်။

ချောက်ချားဖွယ်ရာဘော့စ်ကြီးကို ၃၆၃ရက် ပွတ်သီးပွတ်သပ် လုပ်ပြီးနောက်...Where stories live. Discover now