' ဟဲ့ ... သခင်ကြီး ပြောတာက လူငယ်တွေကို မမေးပဲ သူတို့ လူကြီးချင်း စီစဉ် လိုက်ရတာအတွက် စိတ်မကောင်းဘူးလို့ ပြောတာ။'

ရှောင်းကျန့် အဲ့တော့မှ သခင်ကြီးကို အားနာတဲ့ အပြုံး ပြုံးပြလိုက်ပြီး ...

' ရ ... ရပါတယ်။ အခုလည်း ကျနော်တို့ကို ပြန်ပြီး လွတ်လပ်ခွင့် ပေးပြီပဲလေ။'

ရိပေါ် ပြန်တော့မှာကို သူ့ကိုတောင် တစ်ချက်မှ မကြည့်လာတဲ့ တစ်ယောက်သော သူကြောင့် မနေနိုင်တော့ပါ။

' မင်း ကိုယ့်ကို အဲ့လောက်ထိ လက်မထပ်ချင်တာလား ...။'

ရှောင်းကျန့် ဝမ် သခင်လေးက ခုလို အများရှေ့မှာ မေးလာတော့လည်း သူ လည်း ပြန်ပြောရတော့သည်။ ခဏ ခဏ ပြောထားတာတိုင်းလည်း အမှတ် မရှိဘူး။

' ကျနော် က ဝမ် သခင်လေးမှ မဟုတ်ပါဘူး။ အခုချိန်ဆိုရင် ဘယ်သူနဲ့မှကို လက်မထပ်ချင်တာပါ။'

သခင်ကြီး သူ့ မြေးရဲ့ စကားကြောင့်ရော ပြန်ဖြေလိုက်တဲ့ မင်းသမီး ရဲ့ စကားကြောင့်ရော ဘယ်သူမှ အနေမခက်အောင် ကြားထဲကနေ ဝင်ပြောလိုက်သည်။

' အခု ပြန်မှာကိုတော့ ရိပေါ် ကို လိုက်ပို့ခိုင်းမှ ရမယ် ထင်တယ်။ သမီးတို့ ကား မယူလာခဲ့ဘူး မလား။ ဒီကနေ ကား လမ်းမကြီးဆီ ရောက်ဖို့ တော်တော် ကြာမှာ။'

' ရတယ်။ ရတယ်။ လမ်းထိပ်မှာ အိမ်က ကား သမား ဦးလေး ရောက်နေပြီ။'

' အဲ့ဒါဆိုလည်း မင်းသမီး ကို ဒီထိပဲ လိုက်ပို့ကြတာပေါ့။ မင်းသမီး ကို ကြည့်ရတာ အရမ်းပြန်ချင်နေပြီ ထင်တယ်။'

' ဟုတ်တယ်။ အရမ်းကို ပြန်ချင်နေပြီ။ အသက် ဝ ဝ ရှူချင်လို့...။'

သခင်မကြီး သူ့ဘာသာ ပြောပြီး သူ့ကို ပြန်ခံပြောလာတော့လည်း သူပဲ ပြန်ပြီး မျက်နှာပျက်သွားရသည်။

ရိပေါ် ကတော့ သူ့ကို မမြင်ချင်တဲ့ သူ အတွက် ရှောင် ပေးဖို့ အိမ်ထဲကို ပြန်ဝင်လာလိုက်သည်။

ပြီးတော့ ဒီနေ့ ကုမ္မဏီ မသွားဖြစ်တော့မှာကို လက်ထောက်ကို ဖုန်း ဆက်ပြီး အိမ် အပေါ်ထပ်က သူ့အခန်းဆီကို ဆက်တက်လိုက်သည်။

What's wrong? ( Completed )Where stories live. Discover now