သက်ပိုင် ချစ်စနိုးနှင့်ပြောလိုက်တော့ လေးလေးငယ်က မျက်လုံးအားမှိတ်ထားလျက်နှင့်ပြန်လည်ဖြေကြားလာ၏။

"မသိဘူး အခုချိန်လက်တချောင်းလေးတောင်လှုပ်ချင်တော့တာမဟုတ်ဘူး"

လေးလေးငယ်၏အသံမှာလေးပင်နေပြီး တကယ့်ပင် လက်ကလေးတချောင်းကိုတောင်လှုပ်ရန်စိတ်ကူးမရှိဟန်တူ၏။

သက်ပိုင် သူ့အပေါ်တွင် ကားယားကြီးမှောက်ကာအိပ်နေသော လေးလေးငယ်အား  သူ၏ကိုယ်ပေါ်မှ ဖယ်ကာအိပ်ရာနံဘေးသို့တွန်းကာဖယ်လိုက်တော့ လေးလေးငယ်က အလိုမကျစွာမျက်မှောင်ကျုံ့သွား၏။

"နေစမ်းပါဦး မင်းအခုငါ့ကိုဖယ်လိုက်တာလား သက်ပိုင်၊ ငါမင်းအပေါ်အိပ်တာအဲ့လောက်တောင်မကြိုက်ဘူးပေါ့"

လေးလေးငယ်က မျက်မှောင်အားခပ်တင်းတင်းကျုံ့ထားရင်း ကြည့်ကာ
အံကိုကြိတ်၍မေးလာတော့ သက်ပိုင်မှာ ရယ်မိသွားရပြန်သည်။

"xိ့မို့ရယ်နေတာလား"

သက်ပိုင် လေးလေးငယ်အား ပွေ့ချီလိုက်ရင်း ကုတင်ပေါ်၌ သေချာစွာ နေရာချပေးလိုက်သည်။

"ကျွန်တော်မလုပ်ရဲပါဘူးခင်ဗျာ"

ထို့နောက် လေးလေးငယ်၏ဘေးတွင် ဝင်ရောက်လှဲလိုက်ရင်း လေးလေးငယ်၏ ခေါင်းအောက်သို့ သူ၏လက်အားလျှိုသွင်းလိုက်ရင်း လေးလေးငယ်အတွက်ခေါင်းအုံးသဖွယ်လိုက်ပေးလိုက်သည်။

"ကျွန်တော်က လေးလေးငယ်မသက်မသာဖြစ်မှာစိုးလို့ပါ၊အခုလိုသေချာလေးအိပ်တာကပိုကောင်းတယ်လေနော်....ကျွန်တော်ကလေးလေးငယ် ကျွန်တော့်အပေါ်မှာအိပ်တာမကြိုက်လို့လုံးဝမဟုတ်ပါဘူး"

"ဟုတ်ရဲဟုတ်ကြည့်လေ
ခြံထဲမှာကျင်းတူးပြီးမြုပ်ပစ်လိုက်မယ်"

လေးလေးငယ်က ပြောပြောဆိုဆိုနှင့် သူ၏ရင်ခွင်ထဲသို့ တိုးဝှေ့လာရင်း သူ၏ခါးများပေါ်၍ လက်များအားရစ်ပတ်ထား၏။

ဘယ်လောက်မှပင်မကြာလိုက် သူ၏ရင်ခွင်ထဲရှိလေးလေးငယ်မှအသက်ရှူသံမှန်မှန်လေးအားကြားလိုက်ရ၍ အနည်းငုံ့ကာကြည့်လိုက်တော့ လေးလေးငယ်မှာ နှစ်ခြိုက်စွာအိပ်ပျော်နေပြီပင်။

In Love With An Old Mafia(Complete)Where stories live. Discover now