“အိပ်စက်ခြင်းနဲ့ နိုးကြားခြင်းကြားက
နေရာကိုသိလား။
အိမ်မက်မက်နေတာကို မှတ်မိနိုင်တဲ့နေရာ။
အဲ့နေရာမှာ ငါမင်းကိုအမြဲချစ်နေမှာ....”ပီတာပန်ဇာတ်လမ်းထဲမှ ဒိုင်ယာလော့အား
နူတ်ခမ်းမှတဖွဖွရွတ်ရင်း အခန်းထဲ၌
ခေါက်တုံ့ခေါက်ပြန်လျှောက်နေသည့်သူ။လက်နှစ်ဖက်ကိုနောက်ပစ်ကာ ရေတွေစိုရွှဲ
နေသောအ၀တ်အစားများဟာ အခုထိမလဲရ
သေး။ ဘာတွေလုပ်ခဲ့တာလဲ မေးရင် ကျောင်းကအပြန် ပင်လယ်ထဲသတ်သေပစ်
လိုက်ဖို့။မျှော်လင့်တဲ့အရာတွေ ဖြစ်မလာခဲ့တဲ့အခါ
Austin ပျော်နေတယ်လို့ ဘယ်ယူဆလို့
ဖြစ်မလဲ။ ကျောင်းကနေ အိမ်ကိုတည့်တည့်
မတ်မတ်ပြန်လာခဲ့တာပဲ။ လမ်းမှာမြင်နေရတဲ့ပင်လယ်ကြီးက ထူးဆန်းစွာဆွဲညို့နေတာ
တော့ မတတ်နိုင်ခဲ့ဘူးလေ။“ Austin ဆင်းလာအုံး!”
အိမ်အောက်ထပ်မှ ခေါ်သံ။ ဒါဟာတစ်ပတ်
ကျော်ကျော်အတွင်း သူ့နာမည်ကို ဒီအိမ်မှာ
ခေါ်သံပြန်ကြားရခြင်း။ ရေစိုနေသော
ကလေးလေးတစ်ယောက် အနည်းငယ်
ပျော်မိသွားသည်။အိမ်အောက်ထပ်ကိုပြေးဆင်းလာခဲ့သည်။
ရေစိုနေသည့်ဆံနွယ်ကောက်ကောက်တွေ
ဟာ ယိမ်းနွဲ့နေသလို၊ ခြေလှမ်းများဟာ
တက်ကြွနေခဲ့ပြီး ရေစိုနေသောအင်္ကျီထဲမှ
နှလုံးသားမှာလည်း နည်းနည်းတော့
နွေးထွေးသွားချင်သည်။သို့ပေမယ့်.......။
“ mommy နဲ့ tomနဲ့ အပြင်သွားမလို့
အိမ်မှာ Graceတို့နဲ့ကောင်းကောင်းနေနော်
သူ့ကောင်လေးက ညစာသေချာချက်ကျွေး
လိမ့်မယ်...ကြားလား Austin ”မိတ်ကပ်များ မှုန်နေအောင်ပြင်ဆင်ထားသည့်Mommyတစ်ယောက် ဘယ်ပွဲများ
သွားမလဲမသိ။ ခေါင်းအစခြေအဆုံးအပြင်
အဆင်များဟာ ရုတ်တရက် ဖြတ်ခနဲကြည့်
ရင်တောင် Mommy မဟုတ်သလို။
Mommy ဟာ ကိုရီးယားမှာရှိသလိုထက်
ပိုပြီးခမ်းနားနေခဲ့သည်။“ကြားလား”
Austin ခေါင်းဖွဖွလေးငြိမ့်ပြသည့်အခါ
Mommyက သူ့ကိုကျောပေး၍အိမ်ထဲမှ
Tomနဲ့တူတူထွက်သွားသည်။ Graceကတော့
ဆိုဖာပေါ်မှာ ဖုန်းကြည့်နေသည်။ ထွေထူး
မရှိတော့သည်မို့ အိမ်ပေါ်ပြန်တက်မည်
ပြင်တော့......။
![](https://img.wattpad.com/cover/339898111-288-k53281.jpg)
YOU ARE READING
Austin 🐚
Fanfiction"Austin ရှာတွေ့ခဲ့တာ ခရုခွံတွေမဟုတ်ဘဲ မျက်၀န်းညိုတွေ ဖြစ်နေခဲ့တယ်" Austin 🐚