🐚၂🐚

304 75 17
                                    

“စာအုပ်တွေအများကြီး
မသယ်ချင်လို့ ၂အုပ်ပဲယူမယ်”

“ဘောပင်ကတော့ တစ်ချောင်းဆိုလောက်မယ်ထင်တယ်။ လက်ကပဲ....ကိုင်သွားတော့မယ်။
အိတ်ထဲမထည့်တော့ဘူး။ အိတ်ထဲမှာက ခရုတွေ...”

Koreaမှသယ်လာသည့် ကျောပိုးအိတ်အဖြူလေးထဲစာအုပ်နှင့်ဘောပင်များ အကျအနထည့်နေသည့်
Austin....။

ဒီနေ့က ကျောင်းစတက်ရမည့်နေ့ဖြစ်သောကြောင့်
တက်ကြွနေသည်။ ညကလည်းအစောကြီးအိပ်ပြီး
မနက်ကိုလည်း ဘယ်သူမှမနိုးခင် ၅နာရီထဲမှအိပ်ယာထကာ ပြင်ဆင်နေခဲ့တာ.....၇နာရီအထိ။

“မနက်စာမစားဘဲ ကျောင်းသွားရင်ကောင်းမလား”

“ဟင့်အင်း.....မနက်စာ စားရမယ်
မနက်စာ စားမှ တစ်နေ့လုံး ဘာမှမစားဘဲနေနိုင်မှာ”

သူဟာ အမေး၊ သူဟာ အဖြေ။ ကိုယ့်ဟာကိုယ်အဖြေ
ပေးပြီး မှတ်ချက်ချပြီးတဲ့နောက် လွယ်အိတ်လေးကို
လွယ်လိုက်သည်။ မနေ့ကမှ တိုက်ချွတ်ထားသော
ဖိနပ်အမဲလေးကို ကျကျနနစီးကာ အိမ်အောက်ထပ်သို့ဆင်းလာခဲ့သည်။

အောက်ထပ်ကိုရောက်တော့ တစ်အိမ်လုံးတိတ်ဆိတ်
နေသည်မှာ အပ်ကျသံပင်မကြားရ။ မီးမှိတ်ထား
သော ဧည့်ခန်းကိုဖြတ်၍ မီးဖိုချောင်ထဲဝင်သွား
လိုက်သည်။ မနက်စာသည် ထင်ထားသလို ပြင်ဆင်
ထားခြင်းမရှိ။ ရေခဲသေတ္တာကိုဖွင့်ပြန်တော့လည်း
Grace အကြိုက် ဒိန်ချဉ်တွေပဲရှိသည်။

“ဘာမှလည်းမရှိဘူး”

မျက်နှာလေးသည် မဆိုသလောက် ရှုံ့တွသွားကာ
ဟိုရှာဒီရှာဖြင့် နည်းနည်းအလုပ်ရှုပ်စေလိုက်သည်။
ဒိန်ချဉ်တွေလည်း မသောက်ချင်၊ အစာအိမ်ရောဂါ
ရှိသူမို့ အပူအစပ်နဲ့အချဉ်တွေကို သိတတ်စအရွယ်ထဲက ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ရှောင်ရှားရသည်။

“ဘာလုပ်နေတာလဲ ဆူညံနေတာပဲ”

အိပ်ချင်မူးတူးဖြင့် မီးဖိုချောင်ထဲရောက်လာသည့်
Grace.....။ ရေဆာလို့ရောက်ချလာသလား။ အိပ်ယာ
နိုးလာသလားမသိပါ။ ရှာစရာရှိတာကို ဆက်ရှာကာမနက်စာအတွက် ခေါင်းစားနေလိုက်သည်။

“ဒိန်ချဉ်တွေက နင့်အတွက်မဟုတ်လို့ထိမယ်
မတွေးနဲ့။ မနေ့ညက ငါစားလို့ကျန်တဲ့ပေါင်မုန့်
ကြမ်းတွေတော့ရှိတယ် .....ရေနဲ့တို့စားပေါ့”

Austin 🐚Donde viven las historias. Descúbrelo ahora