🐚3🐚

295 69 8
                                    

တစ်ပတ်တိတိခန့် အခန်းအောင်းခဲ့ရသည်။
ဘယ်နေရာပဲကြည့်ကြည့် ခြောက်ခြားစရာ
ရယ်သံတွေပဲကြားနေရလို့
နားတွေအုပ်ထားမိတာလဲအကြိမ်ကြိမ်ပဲ။

ခက်တာက နားကိုအုပ်ထားရင်တောင်
အုပ်ထားတဲ့ လက်ချောင်းလေးတွေကြားထဲကနေ တိုးဝင်လာတာက လေပြည်တွေမဟုတ်ဘဲရယ်သံတွေပဲ ဖြစ်ဖြစ်နေလို့။

တစ်ပတ်လုံး ကျောင်းလည်းမတတ်သလို
အိမ်အောက်ထပ်လည်းမဆင်းဖြစ်။
တစ်ခါတစ်ရံ ထမင်းပန်းကန်နဲ့ Mommy ၀င်လာတတ်ခဲ့ပေမယ့် ဘာမှထွေထူးမမေးခဲ့ပါ။

တစ်အိမ်လုံးဟာ သူ့ကိုစိတ်ချရတဲ့အနေအထားမှာရှိနေတယ်လို့ထင်ကြပေမယ့် တကယ်ကမဟုတ်ဘူးလေ။ မဟုတ်ဘူး။ သူ့မှာဖွတ်ထားတဲ့စိတ်ဒဏ်ရာတွေက ညသန်းခေါင်တွေဆိုနံရံတွေဆီကလည်းပေါ်လာတယ်။ ပြတင်းပေါက်ဘောင်လေးတွေမှာလည်းရှိတတ်တယ်။

ကြောက်စိတ်တွေပိလာခဲ့ရင် အိပ်ယာခြေရင်းတောင်ဖြောင့်ဖြောင့်မကြည့်ရဲတဲ့ညတွေမှ အများကြီး။အသက်ရှူသံပြန်ကြားနေရတဲ့ ဒီအခန်းကျဉ်းထဲမှာပဲအသက်ရှူသံတွေကို ပြန်ကြောက်နေရတဲ့ကောင်လေးတစ်ယောက်ရှိတာကိုတော့သူတို့မသိခဲ့ဘူး။

တစ်ခါတစ်လေ အိမ်အောက်ထပ်က ရယ်သံတွေကိုကြားရတယ်။ ရယ်သံတွေဟာသူအကြောက်ဆုံး။ရယ်သံတွေ ပိုပီပြင်လာလေ.....အသက်ရှူလမ်းစဉ်တွေလွဲချော်ကာ မွန်းကြပ်လေ။

အခန်းတစ်ခုလုံးကိုအမှောင်ချ။
သီချင်းတွေတောင် အရင်လိုနားမထောင်နိုင်။
နံရံတွေဆီက တိုးထွက်လာတဲ့ ဒဏ်ရာတွေ။
ခပ်တိုးတိုးကြားနေရတဲ့ ရယ်သံတွေ။
လောကမှာ အကြောက်ဆုံးအရာတွေ။

🐚🐚🐚🐚

အသက်ရှူကြပ်ခဲ့ရတဲ့ရက်တွေ ကျော်လွန်ပြီးတဲ့အခါအနည်းငယ် လည်ပတ်ခဲ့တဲ့နေ့ရက်တွေဆီပြန်ရောက်လာခဲ့သည်။ မနက်အစောကြီးထကာကျောင်းတက်ဖို့ Austin ပြင်ဆင်နေသည်။ တစ်ပတ်လုံးလုံးကျောင်းမသွားခဲ့တဲ့အပေါ် စိုးရိမ်စိတ်လည်းမရှိ။
အကယ်၍ ကျောင်းဆက်တက်ခွင့်မရတော့ရင်လည်း ခပ်တည်တည်ပဲ လွယ်အိတ်လွယ်ပြီးပြန်လာခဲ့လိုက်မှာ။

တစ်ပတ်လုံးလုံး စိတ်ကြိုက်ဒဏ်ရာတွေခြစ်ခဲ့ပြီးပြီ။ ဆိုတော့ကား..... Austinလေး ပျော်ပျော်ရွှင်ရွှင်နဲ့ကျောင်းပြန်တက်ပါတော့မည်။

Austin 🐚Where stories live. Discover now