အပိုင်း(၆) Unicode

Start from the beginning
                                    

မှတ်ဖို့လိုတာတစ်ခုက မော့ကျွင်းက ယုရီကျင်းရဲ့အခန်းထဲမှာ ညတိုင်း တရစ်ဝဲဝဲ‌နေပြီး ပြန်ဖို့ကို မေ့နေတယ်ဆိုတဲ့ ဝတ္ထုထဲက ရေးသားထားတဲ့ စာသားတွေပါပဲ။

ရှဲ့ဟိုင်နဲ့အတူနေရမဲ့အချိန်ရောက်လာတဲ့ပုံပဲ။ ဒါက ကြီးမားတဲ့ပြဿနာတော့မဟုတ်ပါဘူး။ သာမန်အခန်းဖော်တွေလိုပါပဲ။ ရှဲ့ဟိုင်ကလည်း စကားများကြီးပြောမဲ့ပုံမပေါ်ဘူး။ ငါသူ့ကိုရန်မစသရွေ့ ရှဲ့ဟိုင်လည်း ရန်လုပ်မှာ မဟုတ်ပါဘူး။

ဖန်းလိက ဒီလိုတိတ်ဆိတ်ပြီး ရန်မရှာတဲ့ ကျေနပ်စရာကောင်းတဲ့ အခန်းဖော်ကို တွေ့ရတာက ရှားပါးတာပဲ။

ဖန်းလိက ရှဲ့ဟိုင်အတွက် ဘေးခန်းမဆောင်ကို ရှင်းဖို့ပြောလိုက်တယ်။ ဒီအချိန်အတွင်း တစ်ညလုံး သူဒီမှာနေဖို့ လိုအပ်တဲ့ပုံပဲ။ ဘေးခန်းမဆောင်က ပရိဘောဂတွေအားလုံးက အကောင်းဆုံးတွေပဲ။ ဒါကြောင့် သူလိုချင်တာ ဘာမဆို သူလုပ်နိုင်တယ်။ တကယ်တော့ ဖန်းလိက သူ့ကိုယ်သူမှားယွင်းတယ်ဆိုတဲ့ ရည်ရွယ်ချက်မရှိရုံပဲ။

အားလုံးကအဆင်သင့်ဖြစ်နေပြီ။ တဖြည်းဖြည်းနဲ့လည်း မှောင်လာပြီဆိုတော့ ဖန်းလိက ထလိုက်ပြီး ထွက်သွားလိုက်တယ်။

Systemက သူမျက်နှာမှာ ချောင်းစီးသလို ဖြစ်တဲ့ထိ မျက်ရည်ကျနေတယ်။ သူက hostက သွားဖို့ ရည်ရွယ်ချက်မရှိဘူးလို့ တွေးမိလုနီးပါးဖြစ်သွားတယ်။ ဒါပေမဲ့ သူမမျှော်လင့်ထားတာက hostက ဇာတ်ကွက်ကို လိုက်နာဖို့ မမေ့ဘူးဆိုတာပဲ။

[ဖန်းလိက ရယ်လိုက်ပြီး–ငါ မသွားတော့ဘူးလို့ မင်းထင်လိုက်တယ်ပေါ့]

[Systemကလှောင်ပြုံးပြုံးလိုက်ပြီး–ငါမတွေးပါဘူး။ အဲ့ဒါက ဘာလို့လဲဆိုရင် မင်းက ဒီ့မတိုင်ခင်တုန်းက ဇာတ်ကွက်တွေကို အချိန်တော်တော်များများမှာ မလိုက်နာခဲ့ဘူးလေ။ ပြီးတော့ သူတို့က အမှန်တရားကိုပဲပြောကြတာလေ။ ငါ့မှာ စိတ်ပညာဆိုင်ရာ သိမြင်မှု ရှိတယ်။]

ဘယ်သူက systemတစ်ခုရဲ့ စိတ်ပညာအရ သိမြင်မှုကို ဂရုစိုက်တာကျလို့။

ဖန်းလိက ပြုံးပြီး ခေါင်းခါလိုက်တယ်။

သူကရှဲ့ဟိုင်နဲ့ နက်နက်ရှိုင်းရှိုင်း ပတ်သက်ဖို့ ရည်ရွယ်ချက်မရှိဘူး။ အဲ့ဒါက အတူတူနေတယ်ဆိုရုံပဲလေ။ ပြဿနာတော့မရှိပါဘူး။ ပြီးတော့ အခြားသူတွေသိအောင် သရုပ်ဆောင်ဖို့ လိုရုံပဲလေ။ ဒါကြောင့် ဒီအပိုင်းကို ဖြုတ်လိုက်ဖို့က ခက်တယ်လေ။

နတ်ဆိုးဘုရင်ကဇာတ်ညွှန်းအတိုင်းလိုက်လုပ်ချင်နေတယ်(mmtran)Where stories live. Discover now