အပိုင်း(၅)Unicode

251 38 3
                                    

အပိုင်း(၅)

ခဏကြာပြီးတဲ့နောက်မှာ ဖန်းလိက သူ့ရဲ့ အပြောင်မြောက်ဆုံးလက်ရာကို ငေးစိုက်ကြည့်လိုက်တယ်။ အလှလေးရဲ့မျက်လုံးက တင်းတင်းကြပ်ကြပ်ပိတ်ထားတယ်။ သူ့အဝတ်အစားတွေကလည်း ရှုပ်ပွနေတယ်။ သူ့ရဲ့လစ်ဟာနေတဲ့ လက်ကောက်ဝတ်နဲ့ လည်ပင်းကလည်း ဒဏ်ရာဒဏ်ချက်တွေနဲ့ ပြည့်နှက်နေတယ်။ သူ့ကို ဘယ်သူပဲကြည့်ပါစေ သူ့ပုံစံက လုံးဝကို မွှေနှောက်ဖျက်ဆီးခံထားရတဲ့လူနဲ့တူတယ်။

ဘာမှမဖြစ်ခဲ့ဘူးဆိုတာ ဘယ်သူကယုံမှာလဲ?

သူ(ဖန်းလိ)က စိတ်ကျေနပ်မှုအပြည့်နဲ့ ခေါင်းငြိမ့်လိုက်ပြီး နောက်လှည့်ကာ လှည့်ထွက်သွားတယ်။

တံခါးကို ညင်ညင်သာသာပိတ်လိုက်တယ်။

အဲ့အချိန်မှာပဲ ကုတင်ပေါ်က လူက သူ့မျက်လုံးကို ဖြည်းဖြည်းချင်းဖွင့်လိုက်တယ်။

အမွှေးနံ့သာခွက်ထဲက အငွေ့တွေ ခုထိ အုံ့ဆိုင်းနေတုန်းပဲ။ ရှဲ့ဟိုင်ရဲ့ မျက်လုံးက ကြည်လင်ပြီး အေးစက်နေတယ်။ အစကနေအဆုံးထိ သူနိုးနေခဲ့တယ်။

ဒီအမွှေးရနံ့ကဆိုရင် တကယ်ကို ထူးခြားတာပဲ။ ဒါပေမဲ့ ဖန်းလိ အမွှေခဲကို မီးရှို့လိုက်တဲ့အခါမှာ တစ်ခုခုမှားနေတယ်ဆိုတာကို ရှဲ့ဟိုင်သတိပြုမိခဲ့တယ်။ သူက တာအိုခန္ဓာကိုယ်နဲ့ မွေးဖွားလာပြီး ကျင့်ကြံခြင်းမှာ တစ်ဝက်လောက် အားစိုက်ထုတ်ရုံလောက်နဲ့ နှစ်ဆတိုးတက်တယ်ဆိုတာ လူတိုင်းသိကြတယ်။ ဒါပေမဲ့ သာမန်အဆိပ်ငွေ့က သူ့အပေါ်မသက်ရောက်ဘူးဆိုတာ ဘယ်သူကမှမသိကြဘူး။ ဒါကြောင့် ငါကအမွှေးရနံ့ကြောင့် ဆွဲ‌ေဆာင်ခံရမှာ မဟုတ်ဘူး။

ဒါပေမဲ့ သူက အိပ်ချင်ယောင်ဆောင်ပြီး ဖန်းလိကို ဂရုစိုက်ဟန်မပြဘဲ မိစ္ဆာကို တစ်ချက်ထဲထိုးသတ်မလို့ပဲ။

သူ့ရဲ့ကျင့်ကြံခြင်းအဆင့်က ဝိဥာဥ်ပိတ်လှောင်ခြင်းလက်သည်းနဲ့ ချိတ်ပိတ်ခံရပေမဲ့လည်း ဖြစ်နိုင်ချေအားလုံးထဲမှာမှ ရှဲ့ဟိုင်ခန့်မှန်းထားတာက ဒါက အဆိုးဆုံးမဟုတ်သေးဘူးပဲ။ အဆိုးဆုံးလုပ်ရပ်က သူ့ရဲ့အခြေခံအဆင့်ကို ဖျက်ဆီးပြီး သူ့အရိုးတွေကို ချိုးပစ်လိုက်ဖို့ပဲ။ ဒါပေမဲ့ ဖန်းလိက အဲ့လို မလုပ်ခဲ့ဘူး။

နတ်ဆိုးဘုရင်ကဇာတ်ညွှန်းအတိုင်းလိုက်လုပ်ချင်နေတယ်(mmtran)Where stories live. Discover now