အပိုင်း - ၁၃။

Начните с самого начала
                                    

တီချယ့်ကို မြင်တာနှင့် ရင်ထဲပျော်သွားတာဖြင့် အတူ ဘေးက တီချယ့်လက်ကို ချိတ်ထားတဲ့ လွန်းကိုတွေ့မိလိုက်တော့ ရင်ထဲ တစ်စတစ်စနာလာရသည်။ အကြင်နာဖြင့် စကားပြောနေတဲ့ သူငယ်ချင်းအဖွဲ့လိုက်ဟာလဲ တီချယ်ဝါ ရုံးခန်းက ထွက်လာတာနှင့် တီချယ့်အနားရောက်ရှိသွားကြတော့သည်။

အကြင်နာလဲ ထိုအရာတွေအား လျစ်လျူရှုကာ ကိုယ့်အခန်းကိုယ် ဝင်ဖို့အပေါ်တက်ရသည်။ လှေကားတစ်ထစ်ပြီး တစ်ထစ်တက်နေတဲ့ အကြင်နာခြေလှမ်းတွေကလဲ အသက်မပါ။ အတန်းထဲရောက်တာနှင့် လွယ်အိတ်ချကာ ထိုင်ခုံပေါ် ငြိမ်သက်ခြင်းများစွာနှင့် ထိုင်ကာ အတွေးများနေပါသည်။

" ဟိုညီလေးတို့...ဒီအခန်းထဲ အကြင်နာခွန်းရှိလား။ "

အခန်းပေါက်ဝကနေ ယောင်္ကျားလေးဘက်ကို မေးနေသည့် ရင်နှီးနေသော အသံကြောင့် အကြင်နာ အပေါက်ဝသို့ အလျင်အမြန်ကြည့်လိုက်သည်။ ယောင်္ကျားလေးတွေက ရှိတယ်ဟု အကြောင်းပြန်ပြီးတာနှင့် အကြင်နာထသွားလိုက်သည်။

" ဟင်...အကိုဟိန်းလွတ်လပ်!"

အကိုဟိန်းလွတ်လပ်။ ထိုအကိုသည်အရင်ကျောင်းကအသိအကို။ အကြင်နာနဲ့ စာမေးပွဲခန်း ဖြေဆိုရာ တစ်ခုံထဲ တူတူကျ၍ ရင်းနှီးသွားသည့်အကို။ ယခု ဒီကျောင်းကိုရောက်နေတာကြောင့် အံသြလျက်။

" surprise!! ဘယ်လိုလဲအကြင်နာ အံသြသွားတယ်ဟုတ်။ "

" ဘယ်လိုဒီကျောင်းကိုရောက်လာတာလဲ။ တကယ်ပြောတဲ့အတိုင်းလုပ်တာပဲ။ "

" ရောက်တာ နှစ်ပတ်တော့ရှိပြီ။ မအားသေးတာကော အချိန်မတိုက်တာကောမို့ မလာဖြစ်တာလေ။ "

နှစ်ယောက်ထဲစကားပြောနေရင် အခြားဆရာမတွေ တစ်မျိုးထင်မှာဆိုးလို့ နေရာပြောင်းဖို့လုပ်ရသည်။ လှေကားနား သွားကာ စကားပြောရသည်။ ထိုမှသာ အခြားဆရာမတွေ အထင်မလွဲတော့မှာလေ။

" အော်အကြင်နာ။ အကိုမေ့နေတာ။ ဒါပေးမို့လေရော့။ "

လက်ထဲထိုးပေးလာတဲ့ စာအုပ်။ ကြည့်လိုက်တော့ အကြင်နာ အကြိုက်ဆုံး တော်ဝင်သမိုင်းအကြောင်းတွေ ရေးသောစာအုပ်။ အကြင်နာမှာ အများအစား ထိုစာအုပ်တွေရှိပေမယ့် ဒီတစ်အုပ်တော့မရှိသေး။ စာအုပ်တွေကို မေမေက သိမ်းတာကြောင့်ရယ် ၊ စာအုပ်အသစ်ဝယ်ရင် ပြောမှာဆိုးသောကြောင့် အခုတစ်လော ငြိမ်နေတာ။

ချစ်မိသွားချိန်၌Место, где живут истории. Откройте их для себя