အခန်း ၆၉၀ ဆေးလုံးဖွဲ့တည်ခြင်း

Bắt đầu từ đầu
                                    

“တွေ့လား အဲဒါ ငါတို့ အရိုးဖြူမြို့ရဲ့ ကာကွယ်စောင့်ရှောက်သူတွေထဲက တစ်ယောက်လေ” အရိုးဖြူမြို့၏ မြို့ခံဟောင်းတစ်ဦးက သူ့ဘေးနားက သူကို တအားတွေ ဂုဏ်ယူပြီး ကြွားနေသည်။ ကြွားလို့ ပြီးတာတောင်မှ သူ့နားက လူကို သူ့ဂုဏ်သတင်းကိုမျှဝေနေသလို ခေါင်းတောင်မှ စောင်းကြည့်လိုက်သေးသည်။

ထိုသူက တော့ “ခင်ဗျားပြောတာသာ မှန်ရင် ဒီလောက် တော်တဲ့ ပညာရှင်တွေက ဘာလို့ ခင်ဗျားတို့ကို ကာကွယ်ပေးနေမှာလဲ။ လေကြီးလေကျယ်တွေ”

 သူ လဲ ပြောအပြီးမှာပင် သူ့နားက ဖြတ်သွားသည့် သူများကတောင်မှ သူ့ကို စူးစူးဝါးဝါးကြီး စိုက်ကြည့်တော့သည်။ မြို့ခံလူမှာလဲ လုံဝးကို ကျေနပ်မနေတော့။ မြို့ခံလူတစ်စုမှာ အဲဒီလို အပြောခံရခြင်းကို ကျေနပ်ပုံ လုံးဝမရချေ။ လှောင်ပြောသည့်လေသံတွေနှင့် “လောကကြီးကို မမြင်ဘူး မသိဘူးတဲ့ လူမှန်း သိသာလိုက်တာ။ ငါတို့တွေကို သူတို့က မကာကွယ်ဘူးလို့ ဘယ်သူပြောလဲ။ အရိုးဖြူမြို့ကို လက်ရှိကျေထောက်နောက်ခံ လုပ်ပေးနေတာ ဘယ်သူမှန်းကော သိလို့လား။ သိသွားရင် လန့်ပြီတောင် ဖျားသွားဦးမယ်”

“ဘယ်သူမို့လို့လဲ”

“တစ္ဆေငိုကြွေးတောင်ကလပ်က ထျန်းကွေ့ကွ” မြို့ခံလူက ၀ံ့ကြွားစွာ ပြောချလိုက်သည်။

“ထျန်းကွေ့ကလို့ ပြောပေမယ့် ထျန်းကွေ့ကနဲ့လဲ မတူပါဘူး”

မြို့ခံလူက ဒေါသမထွက်ပေ ထိုသူကို သနားသလိုသာ ကြည့်ကာ “အဲဒါကြောင့်မို့ မင်းကို လောကကြီးကို မမြင်ဘူး မကြားဖူးတဲ့ သူလို့ ပြောတာလေ။ ထျန်းကွေ့က သခင်လေးက ထုံထျန်းဧကရာဇ်ကို အနိုင်တိုက်လိုက်တဲ့ သူရဲကောင်းကွ၊ သူ့မိန်းမက သွေးစွေးနီမျိုးနွယ်စုနဲ့ ပင့်ကူနက်ကို အပိုင်တိုက် နင်းချေနိုင်တဲ့ သာလွန်အဆင့်မှော်ဆရာ သခင်လေးယူကွာ။ မင်း သခင်လေးယူကိုရော ကြားဖူးရဲ့လား? မိုးကြိုးတိမ်တိုက်တွေကို ဆင့်ခေါ်တာ သူပေါ့။ မင်း အမြင်ကျဉ်းတယ်ဆိုတာ ယုံပြီလား ဟွန့်”

ယူမျိုးရိုးဟု ဆိုလိုက်လျှင် လူတွေ တော်တော်များများက သွေးစွေးနီမျိုးနွယ်ကို ပြေးမြင်ရမည့်အစား ထူးကဲသာလွန်ဆင့် မှော်ဆရာ ယူရှောင်းမို ကိုသာ ပြေးမြင်လေ့ရှိကြသည်။ ထို့ကြောင့်ပဲ မြို့ခံလူတွေက ဘယ် သခင်လေးယူဆိုတာကို အထူးအသားပေး ပြောမနေတော့ပေ။ ဦးနှောက်ရှိသူတိုင်း ဘယ်သူ့ကို ပြောမှန်း သိကြသည်။

The Legendary Master's Wife (MM 663 ~ 731)Nơi câu chuyện tồn tại. Hãy khám phá bây giờ