ဦး က စိုင်းကို မချစ်ဘူးဟု တွေးပြီး ကြိတ်ဝမ်းနည်းခဲ့ရသည့် အချိန်တွေဟာ ခုတော့ ဘာမှမဟုတ်တော့သလို ပြည့်စုံသွားတာ ကိုယ်တိုင်သာ
အသိဆုံး

" ထတော့...ကော်ဖီဆိုင်ကို ဦးလိုက်ပို့ပေးမယ် !
  သားလေးကိုလည်း တွေ့ရင်း "

" ဗျာ...ဟုတ် ဟုတ်ကဲ့ ဦး "

ကမ္ဘာ့ရင်ခွင်ထဲမှ တိုးထွက်ခါ ရေချိုးခန်းဆီ ပြေးသွားသော ကောင်ငယ်လေး၏ကျောပြင်ကိုငေးရင်း အပြုံးတွေဖြစ်တည်လာသည့် နှုတ်ခမ်းကို ကမ္ဘာ မရပ်တန့်မိတော့

ချစ်ခြင်းက ရိုက်ခတ်လာတဲ့အခါ နှလုံးသားဟာ
ဟန်ဆောင်ဖို့ မစွမ်းသာပါ

*******

ကော်ဖီဆိုင်ရောက်တော့ ဇွဲရန်အပြောအရ သားက ဖုန်းခေါ်လို့တောင်မရဘူးဆို၍ ကမ္ဘာရော စိုင်းပါ စိတ်အပူကြီးပူပြီး ဆိုင်ရှေ့ရောက်သွားပါသော်လည်း ပိတ်ထားသည့် တံခါးချပ်တွေကသာ ဆီးကြိုလျက်

ဖုန်းခေါ်ပါသော်လည်း စက်ပိတ်ထားသည်နှင့်သာ
တိုးပြီး ကမ္ဘာတို့မှာ ဘာလုပ်ရမှန်းမသိတော့

ထိုစဉ် ဆိုင်မန်နေဂျာ ရောက်လာ၍

" မချစ်စုခိုင်...ဆိုင်သော့အပိုရှိလား "

" ရှင်...ကိုစိုင်း ! ဆိုင်သော့အပိုလား ဟုတ် ရှိတယ်
  သူဌေး မလာတဲ့ရက်တွေဆို အဆင်ပြေအောင်
  သော့ပိုတစ်ချောင်းပေးထားတယ်လေ "

" အဲ့ဒါဆိုလည်း မြန်မြန်ဖွင့်ပါဗျာ ! ရစ်ကို ဖုန်းခေါ်
  တာ စက်ပိတ်ထားတယ်ပဲပြောနေလို့ "

" ရှင်...ခုက ဆိုင်အတွင်းက ခတ်ထားတာဆိုတော့
  ဘယ်လိုလုပ်ရပါ့ "

" ဟာ...ရူးချင်တာပဲကွာ ! ဦး ဘယ်လိုလုပ်မလဲ
  ရစ်က ဘယ်လိုမှ ခေါ်မရဘူးဗျာ "

စိုင်းက ငိုသံပါကြီးနဲ့ပြောပြီး ငိုတော့မယ့် အနေအထားဖြစ်နေသော်လည်း ကမ္ဘာ့မှာသာ အံကြိတ်ရုံကလွဲ မတတ်နိုင်ခဲ့

မိမိလည်း ရူးမတတ်သားလေးကို စိတ်ပူတာပေါ့

သို့သော် ဘယ်လို ငိုပြရမလဲ

" တစ်ခုခုတော့ လုပ်မှဖြစ်....သားလေး "

ကမ္ဘာ့ ခေါ်သံကြောင့် စိုင်း အားရဝမ်းသာ ဆိုင်အတွင်းဘက်ဆီလှမ်းကြည့်လို့ မှန်တံခါးချပ်တွေဆီ ပြေးကပ်မိတော့သည်။

💘ရင်ကိုခွင်းတဲ့သူ့အချစ်မြှား💘Where stories live. Discover now