အပိုင်း (၁၅.၁) ပြဿနာကို ဘယ်လိုဖြေရှင်းမလဲ

Почніть із самого початку
                                    

"ဆရာသခင်၊ စိတ်ချပါ။ ကျောက်စိမ်းတွေ ဘယ်လောက်ပဲ ကျန်နေပါစေ၊ ကျွန်တော် ဆရာ့ကို ပေးပါမယ်"

ဖက်တီးဝမ်၏ အမူအရာက တော်တော်‌လေး သက်သာသွားသည်ကို မြင်သောအခါ၊ ကျန်းဝူက ခါးသီးစွားဖြင့် ပြုံးလိုက်သည် :

"ကျွန်တော်က မကြာခင် ဒေဝါလီခံတော့မှာမို့လို့ ကျွန်တော် ရှာထားတဲ့ ပိုက်ဆံတွေကို အကုန် သုံးလိုက်ပါပြီ။ ဆရာတို့ကို ရိုးရိုးသားသားပြောရမယ်ဆိုရင် မနေ့က ကျွန်တော့်မိသားစုအတွက် စုဆောင်းနိုင်တဲ့ ငွေကြေးတွေ အားလုံးကို ကျွန်တော် ရွှေ့လိုက်တယ်။
ကျွန်တော် ဘဏ်နဲ့ စကားပြောခဲ့ပြီး ဇနီးနဲ့ မိဘတွေအတွက် အာမခံငွေ အမြောက်အမြားဝယ်ဖို့ စီစဉ်ထားပြီး၊ သမီးအတွက် စိတ်ချရတဲ့ ငွေ ကြေးကို စုဆောင်းထားတယ်လို့ သူတို့ကို ပြောခဲ့တယ်။ ဒါကြောင့် နောက်ပိုင်း ကျွန်တော် ဒေဝါလီခံရင်တောင်၊ ဘာမှ စိုးရိမ်စရာ မရှိ‌တော့ပါဘူး"

ဖက်တီးဝမ်က ကျန်းဝူကို လေးစားသွားခဲ့ပြီး သူ့ကို လက်မထောင်ပြလိုက်သည် :

"ခင်ဗျားက လွတ်လမ်း‌ ကယ်ပေါက်တွေကို အခွင့်ကောင်းယူခဲ့တာ... တကယ် တော်တာပဲ"

လင်းချင်းယင်သည် ကျောက်စိမ်းတုံးတစ်တုံးကို ကောက်ယူပြီး လိပ်ခွံလေးထဲသို့ ထည့်ကာ အားနည်းသော အမူအရာဖြင့် ပြောလိုက်သည် :

" လောကကြီးမှာ အခွင့်ကောင်းယူလို့ရတဲ့ အရာတွေအများကြီးရှိတယ်။ မင်းက များများဖြုန်းလေ၊ များများပြန်ပေးရလေပဲ။ မင်းကိုယ်တိုင် စဉ်းစားရမယ်"

"ကျွန်တော် စဉ်းစားမိခဲ့တယ်!" ကျန်းဝူက သူ၏နဖူးကိုထိကာ ပြုံးလိုက်၏ :

"ကျွန်တော်က ရိုင်းစိုင်း‌နေကျပါ။ ကျွန်တော် ချမ်းသာနေသရွေ့ တခြားအရာအားလုံးကို စတေးနိုင်မယ်လို့ ထင်ခဲ့ပေမဲ့ ကျွန်တော့်သားကို ဆုံးရှုံးလိုက်ရတဲ့အခါ၊ ကျွန်တော် မှားသွားမှန်း သိလာခဲ့တယ်။ ကျွန်တော် ဘာလို့ ဒီလောက် ပိုက်ဆံအများကြီး ရှာနေတာလဲ။ ကျွန်တော့် မိသားစုကို ကောင်းကောင်းမွန်မွန် နေထိုင်နိုင်ဖို့ပဲ မဟုတ်လား? ဆန့်ကျင်ဘက်အနေနဲ့ သူတို့ရဲ့ ကျန်းမာရေးနဲ့ ပျော်ရွှင်မှုတွေကို ကျွန်တော့် ပိုက်ဆံနဲ့ ဘယ်လို လဲလှယ်နိုင်ပါ့မလဲ"

ရှေးဖြစ်ဟော ဆရာသခင် (MM Translation)Where stories live. Discover now